
မားကပ်စ်ရက်ဖို့ဒ်ဟာမနေ့ညတုန်းကဝုဗ်ကိုအဝေးကွင်းမှာအနိုင်ရရှိတဲ့ပွဲစဉ်မှာအရန်ခုံမှထလာကာယူနိုက်တက်အတွက်အဖိုးတန်အနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။
ရက်ဖို့ဒ်ဟာနော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင်အကောင်းဆုံးခြေစွမ်းဖြင့်ကစားနိုင်ခဲ့ပေမဲ့လည်းစည်းကမ်းဖောက်ဖျက်မှုကြောင့်ဝုဗ်နှင့်ပွဲတွင်အရန်ခုံမှာထိုင်နေခဲ့ရပါတယ်။
သူဟာအအိပ်လွန်ပြီးအသင်းရဲ့တွေ့ဆုံဆွေးနွေးပွဲသို့နောက်ကျပြီးမှရောက်လာမှုနဲ့အတူ ယူနိုက်တက်ရဲ့ပွဲထွက်လူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့သူဟာဒုတိယပိုင်းတွင်ဂါနာချိုအစားလူစားဝင်ရောက်လာပြီးနောက် ဘရူနိုဖာနန်ဒက်စ်နှင့်လှပစွာချိတ်ဆက်ကစားကာယူနိုက်တက်အတွက်အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
သူဟာဘယ်တောင်ပံတွင်ဘောလုံးရရှိပြီးနောက်ဝုဗ်ခံစစ်ကိုထိုးဖောက်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်နှင့်ဝမ်းတူးရိုက်ကာလှပစွာကန်သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။
ပွဲအပြီးတွင်မားကပ်စ်ရက်ဖို့ဒ်က “အသင်းရဲ့စည်းကမ်းတွေပါ။ဒါကလူတိုင်းမှားနိုင်တဲ့အမှားမျိုးပါ။ပွဲထွက်မကစားရလို့စိတ်ပျက်ရပေမဲ့ဆုံးဖြတ်ချက်ကိုနားလည်ပါတယ်။ကျွန်တော်အိပ်ပျော်သွားလို့အသင်းအစည်းအဝေးကိုနည်းနည်းနောက်ကျသွားတယ်။လူတိုင်းမှားတတ်တဲ့အမှားမျိုးပါ”လို့ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာမနေ့ညတုန်းကဝုဗ်ကိုအနိုင်ရရှိပြီးနောက်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၄နေရာကိုရယူလာနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဆင့်၅နေရာမှာကွန်တီရဲ့စပါးစ်ဟာယနေ့ညဗီလာနှင့်ပွဲတွင်နိုင်ပွဲရယူနိုင်ပါကအဆင့်၄နေရာကိုပြန်လည်ရယူလာပါမယ်။
ZawGyi
စည္းကမ္းေဖာက္မႈေၾကာင့္ အရန္ခုံသို႔ အပို႔ခံရၿပီးေနာက္ ယူႏိုက္တက္အတြက္ အႏိုင္ဂိုးသြင္းေပးခဲ့တဲ့ ရက္ဖို႔ဒ္
မားကပ္စ္ရက္ဖို႔ဒ္ဟာမေန႔ညတုန္းကဝုဗ္ကိုအေဝးကြင္းမွာအႏိုင္ရရွိတဲ့ပြဲစဥ္မွာအရန္ခုံမွထလာကာယူႏိုက္တက္အတြက္အဖိုးတန္အႏိုင္ဂိုးသြင္းေပးခဲ့ပါတယ္။
ရက္ဖို႔ဒ္ဟာေနာ္တင္ဟမ္ေဖာရက္စ္ႏွင့္ပြဲတြင္အေကာင္းဆုံးေျခစြမ္းျဖင့္ကစားႏိုင္ခဲ့ေပမဲ့လည္းစည္းကမ္းေဖာက္ဖ်က္မႈေၾကာင့္ဝုဗ္ႏွင့္ပြဲတြင္အရန္ခုံမွာထိုင္ေနခဲ့ရပါတယ္။
သူဟာအအိပ္လြန္ၿပီးအသင္းရဲ႕ေတြ႕ဆုံေဆြးေႏြးပြဲသို႔ေနာက္က်ၿပီးမွေရာက္လာမႈနဲ႔အတူ ယူႏိုက္တက္ရဲ႕ပြဲထြက္လူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။
ဒါေပမဲ့သူဟာဒုတိယပိုင္းတြင္ဂါနာခ်ိဳအစားလူစားဝင္ေရာက္လာၿပီးေနာက္ ဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္လွပစြာခ်ိတ္ဆက္ကစားကာယူႏိုက္တက္အတြက္အႏိုင္ဂိုးသြင္းယူေပးခဲ့ပါတယ္။
သူဟာဘယ္ေတာင္ပံတြင္ေဘာလုံးရရွိၿပီးေနာက္ဝုဗ္ခံစစ္ကိုထိုးေဖာက္ခဲ့ၿပီး ဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္ဝမ္းတူး႐ိုက္ကာလွပစြာကန္သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။
ပြဲအၿပီးတြင္မားကပ္စ္ရက္ဖို႔ဒ္က “အသင္းရဲ႕စည္းကမ္းေတြပါ။ဒါကလူတိုင္းမွားႏိုင္တဲ့အမွားမ်ိဳးပါ။ပြဲထြက္မကစားရလို႔စိတ္ပ်က္ရေပမဲ့ဆုံးျဖတ္ခ်က္ကိုနားလည္ပါတယ္။ကြၽန္ေတာ္အိပ္ေပ်ာ္သြားလို႔အသင္းအစည္းအေဝးကိုနည္းနည္းေနာက္က်သြားတယ္။လူတိုင္းမွားတတ္တဲ့အမွားမ်ိဳးပါ”လို႔ေျပာၾကားသြားပါတယ္။
ယူႏိုက္တက္ဟာမေန႔ညတုန္းကဝုဗ္ကိုအႏိုင္ရရွိၿပီးေနာက္ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၄ေနရာကိုရယူလာႏိုင္ခဲ့ပါတယ္။ဒါေပမဲ့အဆင့္၅ေနရာမွာကြန္တီရဲ႕စပါးစ္ဟာယေန႔ညဗီလာႏွင့္ပြဲတြင္ႏိုင္ပြဲရယူႏိုင္ပါကအဆင့္၄ေနရာကိုျပန္လည္ရယူလာပါမယ္။