စည်းကြပ်ဒိုင်ကို မမြင်ရကောင်းလားဆိုပြီး မျက်လုံးကို တံတွေးဖြင့်ထွေးခဲ့တဲ့ ဂျာမန်ဘောလုံးသမား ၇ လပွဲပယ်ခံရ

ဂျာမန်အလယ်တန်းကစားသမားကလီးမန့်ဖန်ဒရစ်ချ်ဟာစည်းကြပ်ဒိုင်ရဲ့မျက်လုံးကိုတံတွေးဖြင့်ထွေးခဲ့မှုအတွက်၇လကြာပွဲကစားခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

အသက်၃၀နှစ်ရှိဖရန်ဒရစ်ချ်ဟာဒုတိယတန်းကလပ် Erzgebirge Aue တွင်ကစားနေသူဖြစ်ပါတယ်။

ဒါပေမယ့်ယခုအခါဂျာမနီဘောလုံးအဖွဲ့ချုပ်ကစည်းကြပ်ဒိုင်ရိုမန်ပိုတမ်ကန်ကိုတံတွေးဖြင့်ထွေးခဲ့ကြောင်းစစ်ဆေးတွေ့ရှိရပြီးနောက်သူ့ကို၇လပွဲပယ်လိုက်မှုနဲ့အတူရာသီအကုန်အထိကစားနိုင်တော့မှာမဟုတ်ပါဘူး။

ဖန်ဒရစ်ချ်ဟာ Ingolstadt ကို၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာလက်ပစ်ဘောနှင့်ပတ်သက်ပြီးစည်းကြပ်ဒိုင်ရဲ့အချင်းများခဲ့ပြီး မမြင်ရကောင်းလားဆိုပြီး ညာဖက်မျက်လုံးကိုတံတွေးဖြင့်ထွေးခဲ့ပါတယ်။

ဒိုင်လူကြီးနီကိုလာဝင်းတားဟာစည်းကြပ်ဒိုင်ကသူ့ရဲ့ညာဖက်မျက်လုံးကိုတံတွေးဖြင့်ထွေးခဲ့ကြောင်းအကြောင်းကြားမှုရရှိပြီးနောက်ဖန်ဒရစ်ချ်ကိုအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။

လိုက်ဇစ်ကစားသမားဟောင်းဟာလာမယ့်နှစ်မေလ၂၂အထိပွဲကစားနိုင်မှာမဟုတ်ပါဘူး။

ZawGyi


ဂျာမန်အလယ်တန်းကစားသမားကလီးမန့်ဖန်ဒရစ်ခ်ျဟာစည်းကြပ်ဒိုင်ရဲ့မျက်လုံးကိုတံတွေးဖြင့်ထွေးခဲ့မှုအတွက်၇လကြာပွဲကစားခွင့်ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

အသက်၃၀နှစ်ရှိဖရန်ဒရစ်ခ်ျဟာဒုတိယတန်းကလပ် Erzgebirge Aue တွင်ကစားနေသူဖြစ်ပါတယ်။


ဖန်ဒရစ်ခ်ျဟာ Ingolstadt ကို၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာလက်ပစ်ဘောနှင့်ပတ်သက်ပြီးစည်းကြပ်ဒိုင်ရဲ့အချင်းများခဲ့ပြီး မမြင်ရကောင်းလားဆိုပြီး ညာဖက်မျက်လုံးကိုတံတွေးဖြင့်ထွေးခဲ့ပါတယ်။

ဒိုင်လူကြီးနီကိုလာဝင်းတားဟာစည်းကြပ်ဒိုင်ကသူ့ရဲ့ညာဖက်မျက်လုံးကိုတံတွေးဖြင့်ထွေးခဲ့ကြောင်းအကြောင်းကြားမှုရရှိပြီးနောက်ဖန်ဒရစ်ခ်ျကိုအနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။
