စည်းမျဉ်းချိုးဖောက်မှုကြောင့် မန်စီးတီးဂိုးသမားအေရိုမူရစ်ကို ကိုဆိုဗိုအသင်း အိမ်ပြန်ပို့

မန်စီးတီးဂိုးသမားအေရိုမူရစ်ဟာအသင်းကသတ်မှတ်ထားတဲ့စည်းမျဉ်းကိုချိုးဖောက်မှုကြောင့်ကိုဆိုဗိုလက်ရွေးစင်အသင်းမှအိမ်သို့ပြန်ပို့ခြင်းခံခဲ့ရကြောင်းသိရပါတယ်။

အသက်၂၂နှစ်ရှိဂိုးသမားဟာကိုဆိုဗိုရဲ့ဆွီဒင်၊စပိန်တို့နှင့်ကစားရမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက်လူစာရင်းတွင်ရွေးချယ်ခြင်းခံထားရသူဖြစ်ပါတယ်။

ဒါပေမယ့်ကိုဆိုဗိုအသင်းနည်းပြဘားနတ်ချယ်လန်ဒက်စ်ဟာအသင်းရဲ့စည်းမျဉ်းစည်းကမ်းများကိုချိုးဖောက်မှုကြောင့်ဆွီဒင်ဖွားဂိုးသမားအားအိမ်ပြန်ပို့လိုက်ပြီဖြစ်ပါတယ်။

မူရစ်ဟာမန်စီးတီးမှဒတ်ချ်ကလပ် Willem ll သို့အငှားဖြင့်သွားရောက်ကစားနေသူဖြစ်ပါတယ်။သူဟာမန်စီးတီးကို၂၀၁၉ခုနှစ်လိဂ်ဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီခဲ့သူဖြစ်ပြီးနော်တင်ဟမ်ဖောရက်စ်၊ဂီရိုနာအသင်းများသို့အငှားဖြင့်သွားကစားခဲ့ဖူးပါတယ်။

ဒတ်ချ်မီဒီယာ AD ကဂိုးသမားမှာကစားဖော်အေဒွန်ဇီဂရိုဗာနှင့်ရန်ဖြစ်ခဲ့မှုကြောင့်အိမ်ပြန်ပို့ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ဒါပေမယ့်နည်းပြချယ်လန်ဒက်စ်ကတော့ယင်းသတင်းမှာသတင်းအလိမ်အညာမျှသာဖြစ်ကြောင်းငြင်းဆိုထားပါတယ်။

ZawGyi

စည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္ မန္စီးတီးဂိုးသမားေအ႐ိုမူရစ္ကို ကိုဆိုဗိုအသင္း အိမ္ျပန္ပို႔

မန္စီးတီးဂိုးသမားေအ႐ိုမူရစ္ဟာအသင္းကသတ္မွတ္ထားတဲ့စည္းမ်ဥ္းကိုခ်ိဳးေဖာက္မႈေၾကာင့္ကိုဆိုဗိုလက္ေ႐ြးစင္အသင္းမွအိမ္သို႔ျပန္ပို႔ျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

အသက္၂၂ႏွစ္ရွိဂိုးသမားဟာကိုဆိုဗိုရဲ႕ဆြီဒင္၊စပိန္တို႔ႏွင့္ကစားရမယ့္ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားအတြက္လူစာရင္းတြင္ေ႐ြးခ်ယ္ျခင္းခံထားရသူျဖစ္ပါတယ္။

ဒါေပမယ့္ကိုဆိုဗိုအသင္းနည္းျပဘားနတ္ခ်ယ္လန္ဒက္စ္ဟာအသင္းရဲ႕စည္းမ်ဥ္းစည္းကမ္းမ်ားကိုခ်ိဳးေဖာက္မႈေၾကာင့္ဆြီဒင္ဖြားဂိုးသမားအားအိမ္ျပန္ပို႔လိုက္ၿပီျဖစ္ပါတယ္။

မူရစ္ဟာမန္စီးတီးမွဒတ္ခ်္ကလပ္ Willem ll သို႔အငွားျဖင့္သြားေရာက္ကစားေနသူျဖစ္ပါတယ္။သူဟာမန္စီးတီးကို၂၀၁၉ခုႏွစ္လိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွကူညီခဲ့သူျဖစ္ၿပီးေနာ္တင္ဟမ္ေဖာရက္စ္၊ဂီ႐ိုနာအသင္းမ်ားသို႔အငွားျဖင့္သြားကစားခဲ့ဖူးပါတယ္။

ဒတ္ခ်္မီဒီယာ AD ကဂိုးသမားမွာကစားေဖာ္ေအဒြန္ဇီဂ႐ိုဗာႏွင့္ရန္ျဖစ္ခဲ့မႈေၾကာင့္အိမ္ျပန္ပို႔ျခင္းခံခဲ့ရျခင္းျဖစ္ေၾကာင္းေဖာ္ျပခဲ့ပါတယ္။ဒါေပမယ့္နည္းျပခ်ယ္လန္ဒက္စ္ကေတာ့ယင္းသတင္းမွာသတင္းအလိမ္အညာမွ်သာျဖစ္ေၾကာင္းျငင္းဆိုထားပါတယ္။