စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကို ဖြိုချပြီး ကွင်းသစ်တည်ဆောက်ရန် ချဲလ်ဆီးပိုင်ရှင်တော့ဒ်ဘိုလေးစီစဉ်နေ
ချဲလ်ဆီးဟာစတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကိုဖြိုချပြီးယင်းနေရာတွင်ပင်ကွင်းသစ်ကြီးတည်ဆောက်ရန်စဉ်းစားနေပါတယ်။
တော့ဒ်ဘိုလေးနှင့်ပူးတွဲပိုင်ရှင်ဘီဒက်အက်ဂ်ဘာလီတို့ဟာစတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကိုဥရောပရဲ့အကောင်းဆုံးကွင်းများထဲမှတစ်ကွင်းဖြစ်လာအောင်စေချင်ပါတယ်။
ဒါကြောင့်လည်းချဲလ်ဆီးအသင်းတာဝန်ရှိသူများဟာကွင်းသစ်တည်ဆောက်ရေးစီမံကိန်းနှင့်ပတ်သက်ပြီးစတင်ဆွေးနွေးနေပါတယ်။
လက်ရှိအချိန်တွင်ချဲလ်ဆီးရဲ့ကွင်းသစ်စီမံကိန်းနှင့်ပတ်သက်ပြီးစတင်ဆွေးနွေးခါစအခြေအနေတွင်သာရှိသေးပြီး၂၀၃၀ခုနှစ်တွင်မှစီမံကိန်းစတင်ဖို့ရှိပါတယ်။
ချဲလ်ဆီးတို့ပြုလုပ်နိုင်ခြေအများဆုံးကတော့စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းတစ်လုံးကိုဖြိုချပြီးအနည်းဆုံးပရိသတ်၅၅၀၀၀ဆန့်ကွင်းသစ်တည်ဆောက်ရန်ဖြစ်ပါတယ်။ကွင်းသစ်တည်ဆောက်မှုကိုလည်းစတမ်းဖို့ဒ်ဘရစ်ချ်ကွင်းနေရာတွင်ပင်ပြုလုပ်မှာဖြစ်ပါတယ်။
လက်ရှိစတမ်းဖို့ဒ်ဘရစ်ချ်ကွင်းကပရိသတ်၄၀၀၀၀ဝန်းကျင်သာဆန့်ပြီးပရီးမီးယားလိဂ်ထိပ်ဆုံး ၆ သင်းထဲမှာပရိသတ်အနည်းဆံ့းဝင်ဆန့်တဲ့ကွင်းဖြစ်ပါတယ်။
ချဲလ်ဆီးဟာစတမ်းဖို့ဒ်ဘရစ်ချ်ကွင်းအနီးရှိမြေကိုပေါင်သန်း၅၀ဖြင့်ဝယ်ယူပြီးကွင်းသစ်တည်ဆောက်ချိန်မှာတိုးချဲ့တည်ဆောက်လာပါမယ်။ကွင်းဘေးနားရှိမြေကို အိမ်ခြံမြေလုပ်ငန်း Stoll ကပိုင်ဆိုင်ပါတယ်။
ZawGyi
စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းကို ဖြိုချပြီး ကွင်းသစ်တည်ဆောက်ရန် ချဲလ်ဆီးပိုင်ရှင်တော့ဒ်ဘိုလေးစီစဉ်နေ
ချဲလ်ဆီးဟာစတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းကိုဖြိုချပြီးယင်းနေရာတွင်ပင်ကွင်းသစ်ကြီးတည်ဆောက်ရန်စဉ်းစားနေပါတယ်။
တော့ဒ်ဘိုလေးနှင့်ပူးတွဲပိုင်ရှင်ဘီဒက်အက်ဂ်ဘာလီတို့ဟာစတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းကိုဥရောပရဲ့အကောင်းဆုံးကွင်းများထဲမှတစ်ကွင်းဖြစ်လာအောင်စေချင်ပါတယ်။
ချဲလ်ဆီးတို့ပြုလုပ်နိုင်ခြေအများဆုံးကတော့စတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းတစ်လုံးကိုဖြိုချပြီးအနည်းဆုံးပရိသတ်၅၅၀၀၀ဆန့်ကွင်းသစ်တည်ဆောက်ရန်ဖြစ်ပါတယ်။ကွင်းသစ်တည်ဆောက်မှုကိုလည်းစတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းနေရာတွင်ပင်ပြုလုပ်မှာဖြစ်ပါတယ်။
လက်ရှိစတမ်းဖို့ဒ်ဘရစ်ခ်ျကွင်းကပရိသတ်၄၀၀၀၀ဝန်းကျင်သာဆန့်ပြီးပရီးမီးယားလိဂ်ထိပ်ဆုံး ၆ သင်းထဲမှာပရိသတ်အနည်းဆံ့းဝင်ဆန့်တဲ့ကွင်းဖြစ်ပါတယ်။