စတမ်းဖို့ဒ်ဘရစ်ချ်ရန်ပွဲအတွက် ချဲလ်ဆီးနှင့်လက်စတာ အရေးယူခံရမည်

မနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်တွင်ချဲလ်ဆီးနှင့်လက်စတာတို့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွင်နှစ်ဖက်အသင်းတို့ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။

အထက်ပါဖြစ်ရပ်ကြောင့်ချဲလ်ဆီးနှင့်လက်စတာတို့ဟာကစားသမားများအားထိန်းသိမ်းနိုင်ခြင်းမရှိမှုနဲ့အတူအက်ဖ်အေရဲ့ဒဏ်ရိုက်ခြင်းခံရဖို့သေချာနေကြပြီဖြစ်ပါတယ်။

ချဲလ်ဆီးဟာဂျော်ဂျင်ဟိုရဲ့ပင်နယ်တီအနိုင်ဂိုးကြောင့်လက်စတာကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီးအက်ဖ်အေဖလားရှုံးပွဲကိုကလဲ့စားချေနိုင်ခဲ့တဲ့အပြင်ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်လည်းရှိလာခဲ့ပါတယ်။

ယင်းပွဲတွင်နှစ်ဖက်ကစားသမားများ၊နည်းပြအဖွဲ့ဝင်များဟာတစ်ဦးနှင့်တစ်ဦးဆွဲပြီးညှစ်ခြင်းတို့ပြုလုပ်ကာခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။

အထက်ပါဖြစ်ရပ်မှာအန်တိုနီယိုရူဒီဂါကဘင်ချဲလ်ဝဲလ်ကိုကြမ်းတမ်းစွာဖျက်ထုတ်တဲ့ရီကာဒိုပီရဲရာကိုတွန်းရာမှာစတင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာလက်စတာကိုအနိုင်ရရှိမှုကြောင့်ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်လင်းလက်လာသော်လည်းပွဲချိန်၃၂မိနစ်တွင်ကွင်းလယ်ကစားသမားအန်ဂိုလိုကန်တီဒဏ်ရာရရှိမှုမှာထိုးနှက်ချက်ကြီးတစ်ခုဖြစ်နေပါတယ်။ကန်တီဟာမေလ၂၉ရက်နေ့တွင်ကစားရမယ့်မန်စီးတီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ပါဝင်ဖို့မရေမရာဖြစ်နေပြီဖြစ်ပါတယ်။

လက်စတာဟာရာသီသိမ်းပွဲအဖြစ်စပါးစ်ကိုအိမ်ကွင်းမှာဧည့်ခံကစားရပါမယ်။၎င်းတို့ဟာယနေ့ညမှာဘန်လေကိုလီဗာပူးကအဝေးကွင်းမှာအနိုင်ရရှိပါကထိပ်ဆုံးလေးသင်းစာရင်းမှဖယ်ပေးရပါမယ်။

ZawGyi

စတမ္းဖို႔ဒ္ဘရစ္ခ်္ရန္ပြဲအတြက္ ခ်ဲလ္ဆီးႏွင့္လက္စတာ အေရးယူခံရမည္

မေန႔ညတုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ခ်ဲလ္ဆီးႏွင့္လက္စတာတို႔ကစားခဲ့တဲ့ပရီးမီးယားလိဂ္ပြဲစဥ္တြင္ႏွစ္ဖက္အသင္းတို႔ခိုက္ရန္ျဖစ္ပြားခဲ့ၾကပါတယ္။

အထက္ပါျဖစ္ရပ္ေၾကာင့္ခ်ဲလ္ဆီးႏွင့္လက္စတာတို႔ဟာကစားသမားမ်ားအားထိန္းသိမ္းႏိုင္ျခင္းမရွိမႈနဲ႔အတူအက္ဖ္ေအရဲ႕ဒဏ္႐ိုက္ျခင္းခံရဖို႔ေသခ်ာေနၾကၿပီျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာေဂ်ာ္ဂ်င္ဟိုရဲ႕ပင္နယ္တီအႏိုင္ဂိုးေၾကာင့္လက္စတာကို၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ၿပီးအက္ဖ္ေအဖလားရႈံးပြဲကိုကလဲ့စားေခ်ႏိုင္ခဲ့တဲ့အျပင္ခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္လည္းရွိလာခဲ့ပါတယ္။

ယင္းပြဲတြင္ႏွစ္ဖက္ကစားသမားမ်ား၊နည္းျပအဖြဲ႕ဝင္မ်ားဟာတစ္ဦးႏွင့္တစ္ဦးဆြဲၿပီးညႇစ္ျခင္းတို႔ျပဳလုပ္ကာခိုက္ရန္ျဖစ္ပြားခဲ့ၾကပါတယ္။

အထက္ပါျဖစ္ရပ္မွာအန္တိုနီယို႐ူဒီဂါကဘင္ခ်ဲလ္ဝဲလ္ကိုၾကမ္းတမ္းစြာဖ်က္ထုတ္တဲ့ရီကာဒိုပီရဲရာကိုတြန္းရာမွာစတင္ခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာလက္စတာကိုအႏိုင္ရရွိမႈေၾကာင့္ခ်န္ပီယံလိဂ္ဝင္ခြင့္ေမွ်ာ္လင့္ခ်က္လင္းလက္လာေသာ္လည္းပြဲခ်ိန္၃၂မိနစ္တြင္ကြင္းလယ္ကစားသမားအန္ဂိုလိုကန္တီဒဏ္ရာရရွိမႈမွာထိုးႏွက္ခ်က္ႀကီးတစ္ခုျဖစ္ေနပါတယ္။ကန္တီဟာေမလ၂၉ရက္ေန႔တြင္ကစားရမယ့္မန္စီးတီးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ပါဝင္ဖို႔မေရမရာျဖစ္ေနၿပီျဖစ္ပါတယ္။

လက္စတာဟာရာသီသိမ္းပြဲအျဖစ္စပါးစ္ကိုအိမ္ကြင္းမွာဧည့္ခံကစားရပါမယ္။၎တို႔ဟာယေန႔ညမွာဘန္ေလကိုလီဗာပူးကအေဝးကြင္းမွာအႏိုင္ရရွိပါကထိပ္ဆုံးေလးသင္းစာရင္းမွဖယ္ေပးရပါမယ္။