စတာလင်းကို ဆက်လက်ရွေးချယ်နိုင်ရန် ကစားသမားရွေးချယ်မှုစည်းမျဉ်း ပြောင်းလဲသွားမယ့် အင်္ဂလန်

ဂါရတ်ဆောက်ဂိတ်ကအင်္ဂလန်လက်ရွေးစင်အသင်းတွက်ရာဟမ်းစတာလင်းကိုဆက်လက်ရွေးချယ်နိုင်ရန်အတွက်သူ့ရဲ့ကစားသမားရွေးချယ်ရေးပေါ်လစီစည်းမျဉ်းတစ်ခုကိုအပြောင်းအလဲပြုလုပ်သွားမှာဖြစ်ကြောင်းထုတ်ဖော်ပြောကြားလာပါတယ်။

စတာလင်းဟာပြီးခဲ့တဲ့နွေရာသီတုန်းကဂါရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းကိုယူရို၂၀၂၀ဗိုလ်လုပွဲသို့တက်ရောက်အောင်အဓိကနေရာမှကူညီခဲ့သူဖြစ်ပါတယ်။အင်္ဂလန်ဟာ၁၉၆၆ကမ္ဘာ့ဖလားချန်ပီယံဖြစ်ပြီးနောက်ပထမဆုံးအကြိမ်အဖြစ်နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုတွင်ဗိုလ်လုပွဲသို့တက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မန်စီးတီးစတားဟာယူရို၂၀၂၀ပြိုင်ပွဲတွင်သုံးဂိုးသွင်းခဲ့ပြီးအရေးပါတဲ့နိုင်ပွဲသုံးပွဲရအောင်ကူညီခဲ့သလိုဒိန်းမတ်နှင့်ဆီမီးဖိုင်နယ်ပွဲတွင်လည်းအငြင်းပွားဖွယ်ပင်နယ်တီရရှိအောင်လုပ်ဆောင်ပေးခဲ့ပါတယ်။

ဒါပေမယ့်သူဟာယခုရာသီတွင်မန်စီးတီးအသင်းတွင်နေရာရရှိရန်ရုန်းကန်နေရပြီးပရီးမီးယားလိဂ်ပွဲသုံးပွဲတည်းသာပွဲထွက်ခွင့်ရထားပါတယ်။

ယင်းသို့ကလပ်အသင်းတွင်ပွဲကစားခွင့်နည်းပါးပေမယ့်လည်းစတာလင်းဟာဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းတွင်ပုံမှန်ရွေးချယ်ခြင်းခံနေရပါတယ်။

ယခုအခါဆောက်ဂိတ်ကစတာလင်းအားအင်္ဂလန်အသင်းတွင်ဆက်လက်ရွေးချယ်နိုင်ရန်ကစားသမားရွေးချယ်ရေးပေါ်လစီတစ်ခုကိုအပြောင်းအလဲလုပ်သွားမယ်လို့ဆိုလာပါတယ်။

ဆောက်ဂိတ်က “ပုံမှန်ကစားခွင့်ရတဲ့သူ၊အကောင်းဆုံးပုံစံရနေတဲ့သူ၊အဆင်သင့်ဖြစ်နေတဲ့သူကိုပဲအဓိကထားကြည့်ပါတယ်။ဒါပေမယ့်ကြံ့ခိုင်မှုအကောင်းဆုံးပုံစံရှိပြီးဘောလုံးလည်းလုံလောက်တဲ့ကစားခွင့်ရတယ်၊ကျွန်တော်တို့ရဲ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့လည်းယူဆခံရသူကိုလည်းကြည့်ပါတယ်။အဲဒီလိုပုံမှန်ကစားခွင့်မရလို့ဆိုပြီးသူတို့ကိုချန်ထားလို့မရပါဘူး။ရာဟမ်းအပါအဝင်ဘယ်ကစားသမားမဆိုတစ်ခါတစ်လေတစ်ခါတစ်လေနေရာပျောက်တာရှိပါတယ်။ဒါကသူတို့ကောင်းကောင်းမကစားနိုင်လို့မဟုတ်ပါဘူး။တစ်ခါတစ်လေအသင်းရဲ့ဟန်ချက်အတွက်ရွေးချယ်ရတာရှိပါတယ်။ခြေစွမ်းလည်းကောင်းတယ်။ဘယ်လောက်အထိခြေစွမ်းကောင်းလဲ။ပွဲကြီးတွေမှာဘာလုပ်ခဲ့လဲ။သူတို့ဘာလုပ်နိုင်လဲကျွန်တော်တို့ဘယ်လောက်သိလဲဆိုတာကလည်းအရေးပါပါတယ်။ရာဟမ်းဆိုရင်သက်သေတွေအများကြီးပြလာသူပါ။ကျွန်တော်တို့အတွက်ဘယ်လောက်အရေးပါတယ်ဆိုတာအကြိမ်များစွာပြလာခဲ့သူပါ။သူ့အဆင့်ကမြင့်ပါတယ်။သူ့ကလပ်ကထိပ်တန်းကစားသမားတွေအများကြီးပါ။ပွဲကစားရဖို့အရမ်းခက်ပါတယ်။ဒါပေမယ့်သူဟာအသင်းမှာသူ့အလုပ်လုပ်ပါမယ်”လို့ပြောကြားခဲ့ပါတယ်။

စတာလင်းဟာမန်စီးတီးတွင်ပွဲကစားခွင့်ရုန်းကန်ရမှုနဲ့အတူလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်အသင်းပြောင်းမယ်လို့သတင်းထွက်နေပြီးသူ့ကိုဘာစီလိုနာကစိတ်ဝင်စားနေပါတယ်။

ZawGyi

စတာလင္းကို ဆက္လက္ေ႐ြးခ်ယ္ႏိုင္ရန္ ကစားသမားေ႐ြးခ်ယ္မႈစည္းမ်ဥ္း ေျပာင္းလဲသြားမယ့္ အဂၤလန္

ဂါရတ္ေဆာက္ဂိတ္ကအဂၤလန္လက္ေ႐ြးစင္အသင္းတြက္ရာဟမ္းစတာလင္းကိုဆက္လက္ေ႐ြးခ်ယ္ႏိုင္ရန္အတြက္သူ႔ရဲ႕ကစားသမားေ႐ြးခ်ယ္ေရးေပၚလစီစည္းမ်ဥ္းတစ္ခုကိုအေျပာင္းအလဲျပဳလုပ္သြားမွာျဖစ္ေၾကာင္းထုတ္ေဖာ္ေျပာၾကားလာပါတယ္။

စတာလင္းဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကဂါရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းကိုယူ႐ို၂၀၂၀ဗိုလ္လုပြဲသို႔တက္ေရာက္ေအာင္အဓိကေနရာမွကူညီခဲ့သူျဖစ္ပါတယ္။အဂၤလန္ဟာ၁၉၆၆ကမာၻ႔ဖလားခ်န္ပီယံျဖစ္ၿပီးေနာက္ပထမဆုံးအႀကိမ္အျဖစ္ႏိုင္ငံတကာၿပိဳင္ပြဲႀကီးတစ္ခုတြင္ဗိုလ္လုပြဲသို႔တက္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

မန္စီးတီးစတားဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္သုံးဂိုးသြင္းခဲ့ၿပီးအေရးပါတဲ့ႏိုင္ပြဲသုံးပြဲရေအာင္ကူညီခဲ့သလိုဒိန္းမတ္ႏွင့္ဆီမီးဖိုင္နယ္ပြဲတြင္လည္းအျငင္းပြားဖြယ္ပင္နယ္တီရရွိေအာင္လုပ္ေဆာင္ေပးခဲ့ပါတယ္။

ဒါေပမယ့္သူဟာယခုရာသီတြင္မန္စီးတီးအသင္းတြင္ေနရာရရွိရန္႐ုန္းကန္ေနရၿပီးပရီးမီးယားလိဂ္ပြဲသုံးပြဲတည္းသာပြဲထြက္ခြင့္ရထားပါတယ္။

ယင္းသို႔ကလပ္အသင္းတြင္ပြဲကစားခြင့္နည္းပါးေပမယ့္လည္းစတာလင္းဟာေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းတြင္ပုံမွန္ေ႐ြးခ်ယ္ျခင္းခံေနရပါတယ္။

ယခုအခါေဆာက္ဂိတ္ကစတာလင္းအားအဂၤလန္အသင္းတြင္ဆက္လက္ေ႐ြးခ်ယ္ႏိုင္ရန္ကစားသမားေ႐ြးခ်ယ္ေရးေပၚလစီတစ္ခုကိုအေျပာင္းအလဲလုပ္သြားမယ္လို႔ဆိုလာပါတယ္။

ေဆာက္ဂိတ္က “ပုံမွန္ကစားခြင့္ရတဲ့သူ၊အေကာင္းဆုံးပုံစံရေနတဲ့သူ၊အဆင္သင့္ျဖစ္ေနတဲ့သူကိုပဲအဓိကထားၾကည့္ပါတယ္။ဒါေပမယ့္ႀကံ့ခိုင္မႈအေကာင္းဆုံးပုံစံရွိၿပီးေဘာလုံးလည္းလုံေလာက္တဲ့ကစားခြင့္ရတယ္၊ကြၽန္ေတာ္တို႔ရဲ႕အေကာင္းဆုံးကစားသမားျဖစ္တယ္လို႔လည္းယူဆခံရသူကိုလည္းၾကည့္ပါတယ္။အဲဒီလိုပုံမွန္ကစားခြင့္မရလို႔ဆိုၿပီးသူတို႔ကိုခ်န္ထားလို႔မရပါဘူး။ရာဟမ္းအပါအဝင္ဘယ္ကစားသမားမဆိုတစ္ခါတစ္ေလတစ္ခါတစ္ေလေနရာေပ်ာက္တာရွိပါတယ္။ဒါကသူတို႔ေကာင္းေကာင္းမကစားႏိုင္လို႔မဟုတ္ပါဘူး။တစ္ခါတစ္ေလအသင္းရဲ႕ဟန္ခ်က္အတြက္ေ႐ြးခ်ယ္ရတာရွိပါတယ္။ေျခစြမ္းလည္းေကာင္းတယ္။ဘယ္ေလာက္အထိေျခစြမ္းေကာင္းလဲ။ပြဲႀကီးေတြမွာဘာလုပ္ခဲ့လဲ။သူတို႔ဘာလုပ္ႏိုင္လဲကြၽန္ေတာ္တို႔ဘယ္ေလာက္သိလဲဆိုတာကလည္းအေရးပါပါတယ္။ရာဟမ္းဆိုရင္သက္ေသေတြအမ်ားႀကီးျပလာသူပါ။ကြၽန္ေတာ္တို႔အတြက္ဘယ္ေလာက္အေရးပါတယ္ဆိုတာအႀကိမ္မ်ားစြာျပလာခဲ့သူပါ။သူ႔အဆင့္ကျမင့္ပါတယ္။သူ႔ကလပ္ကထိပ္တန္းကစားသမားေတြအမ်ားႀကီးပါ။ပြဲကစားရဖို႔အရမ္းခက္ပါတယ္။ဒါေပမယ့္သူဟာအသင္းမွာသူ႔အလုပ္လုပ္ပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

စတာလင္းဟာမန္စီးတီးတြင္ပြဲကစားခြင့္႐ုန္းကန္ရမႈနဲ႔အတူလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္အသင္းေျပာင္းမယ္လို႔သတင္းထြက္ေနၿပီးသူ႔ကိုဘာစီလိုနာကစိတ္ဝင္စားေနပါတယ္။