စတာလင်းထံမှ သင်ယူကာ မန်စီးတီးရဲ့ဂိုးသွင်းစက်ဖြစ်လာနိုင်တဲ့ ဂျက်ဂရဲလ်လစ်ရှ်

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာကဂျက်ဂရဲလ်လစ်ရှ်အားမန်စီးတီးရဲ့ဂိုးသွင်းစက်ဖြစ်လာအောင်ကြိုးပမ်းရန်တိုက်တွန်းလိုက်ပါတယ်။

ဗီလာမှပေါင်သန်း၁၀၀ဖြင့်ရောက်လာတဲ့ဂျက်ဂရဲလ်လစ်ရှ်ဟာမနေ့ညတုန်းကအီတီဟတ်ကွင်းမှာနော့ဝှစ်ချ်အား၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာမန်စီးတီးအတွက်ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ဂွါဒီယိုလာက “မကြာမီအချိန်အတွင်းမှာဂျက်ဟာဂိုးဖန်တီးဖို့ချည်းပဲသက်သက်မလုပ်တော့ဘဲဂိုးသွင်းဖို့ချည်းကြိုးစားလာနိုင်ပါတယ်။လွန်ခဲ့တဲ့လေးငါးနှစ်တုန်းကရာဟမ်းစတာလင်းရောက်လာတုန်းကလည်းသူဟာဂိုးသွင်းဖို့မစဉ်းစားခဲ့ပါဘူး။နောက်တော့စိတ်ပြောင်းသွားပါတယ်။ရာဟမ်းဟာကျောနံပါတ်၉ကစားသမားလိုတိုက်စစ်ဗဟိုနေရာသို့ရောက်လာပြီးဂိုးသွင်းခဲ့ပါတယ်။သူကအဲဒီမှာစက်တစ်လုံးလိုပါပဲ။သူဟာစိတ်ပြောင်းခဲ့တယ်။ဂိုးတွေသွင်းပြီးရင်းသွင်းချင်ခဲ့တယ်။တကယ်လို့ဂျက်မှာလည်းရာဟမ်းလိုစိတ်မျိုးရှိရင်လုပ်လာနိုင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

နော့ဝှစ်ချ်နဲ့ပွဲမှာတမ်ခရူးလ်ကကိုယ့်ဂိုးကိုယ်သွင်းမိမှုမှမန်စီးတီးတို့အဖွင့်ဂိုးရရှိခဲ့ပါတယ်။မန်စီးတီးအတွက်ဒုတိယဂိုးကိုဂျက်ဂရဲလ်လစ်ရှ်ကဂါဘရီရယ်ဂျီးဆပ်စ်ရဲ့ဖန်တီးမှုကနေသွင်းယူခဲ့ပါတယ်။ကျန်ဂိုးများကိုစတာလင်း၊မရာ့ဇ်နဲ့လာပေါ်တီတို့ကသွင်းယူခဲ့ကြပါတယ်။

ZawGyi

စတာလင္းထံမွ သင္ယူကာ မန္စီးတီးရဲ႕ဂိုးသြင္းစက္ျဖစ္လာႏိုင္တဲ့ ဂ်က္ဂရဲလ္လစ္ရွ္

မန္စီးတီးနည္းျပပက္ဂြါဒီယိုလာကဂ်က္ဂရဲလ္လစ္ရွ္အားမန္စီးတီးရဲ႕ဂိုးသြင္းစက္ျဖစ္လာေအာင္ႀကိဳးပမ္းရန္တိုက္တြန္းလိုက္ပါတယ္။

ဗီလာမွေပါင္သန္း၁၀၀ျဖင့္ေရာက္လာတဲ့ဂ်က္ဂရဲလ္လစ္ရွ္ဟာမေန႔ညတုန္းကအီတီဟတ္ကြင္းမွာေနာ့ဝွစ္ခ်္အား၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာမန္စီးတီးအတြက္ပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

ဂြါဒီယိုလာက “မၾကာမီအခ်ိန္အတြင္းမွာဂ်က္ဟာဂိုးဖန္တီးဖို႔ခ်ည္းပဲသက္သက္မလုပ္ေတာ့ဘဲဂိုးသြင္းဖို႔ခ်ည္းႀကိဳးစားလာႏိုင္ပါတယ္။လြန္ခဲ့တဲ့ေလးငါးႏွစ္တုန္းကရာဟမ္းစတာလင္းေရာက္လာတုန္းကလည္းသူဟာဂိုးသြင္းဖို႔မစဥ္းစားခဲ့ပါဘူး။ေနာက္ေတာ့စိတ္ေျပာင္းသြားပါတယ္။ရာဟမ္းဟာေက်ာနံပါတ္၉ကစားသမားလိုတိုက္စစ္ဗဟိုေနရာသို႔ေရာက္လာၿပီးဂိုးသြင္းခဲ့ပါတယ္။သူကအဲဒီမွာစက္တစ္လုံးလိုပါပဲ။သူဟာစိတ္ေျပာင္းခဲ့တယ္။ဂိုးေတြသြင္းၿပီးရင္းသြင္းခ်င္ခဲ့တယ္။တကယ္လို႔ဂ်က္မွာလည္းရာဟမ္းလိုစိတ္မ်ိဳးရွိရင္လုပ္လာႏိုင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ေနာ့ဝွစ္ခ်္နဲ႔ပြဲမွာတမ္ခ႐ူးလ္ကကိုယ့္ဂိုးကိုယ္သြင္းမိမႈမွမန္စီးတီးတို႔အဖြင့္ဂိုးရရွိခဲ့ပါတယ္။မန္စီးတီးအတြက္ဒုတိယဂိုးကိုဂ်က္ဂရဲလ္လစ္ရွ္ကဂါဘရီရယ္ဂ်ီးဆပ္စ္ရဲ႕ဖန္တီးမႈကေနသြင္းယူခဲ့ပါတယ္။က်န္ဂိုးမ်ားကိုစတာလင္း၊မရာ့ဇ္နဲ႔လာေပၚတီတို႔ကသြင္းယူခဲ့ၾကပါတယ္။