စတာလင်းနေအိမ်ကို အနုကြမ်းစီးခဲ့သူများထဲမှ နှစ်ဦးကို ရဲတပ်ဖွဲ့ဖမ်းဆီး

အင်္ဂလန်ရဲတပ်ဖွဲ့ဟာရာဟမ်းစတာလင်းနေအိမ်အနုကြမ်းစီးခံရမှုအားစုံစမ်းစစ်ဆေးနေပြီးယင်းအမှုတွင်ပါဝင်နေတယ်လို့ယူဆရသူနှစ်ဦးကိုဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်လာပါတယ်။

၎င်းတို့ဟာပြီးခဲ့တဲ့အပတ်စနေနေ့တုန်းကဆာရေးရှိအောက်စ်ရှော့ရှိစတာလင်းနေအိမ်ကိုစီးနင်းခိုးယူခဲ့ရာမှာပါဝင်ခဲ့ကြသူများလို့ယူဆရပါတယ်။

ရဲတပ်ဖွဲ့ဝင်များဟာဟယ်လီကော်ပတာနှင့်ခွေးများကိုအသုံးပြုကာသံသယရှိသူများကိုဖမ်းဆီးထိန်းသိမ်းမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ဖမ်းဆီးခံရသူနှစ်ဦးတို့ဟာစတာလင်းနေအိမ်ဖောက်ထွင်းခံရမှုနှင့်ဆက်စပ်မှုရှိ/မရှိကိုတော့အတိအကျမသိရသေးပါဘူး။

စတာလင်းဟာနေအိမ်ဖောက်ထွင်းခံရကြောင်းသိရပြီးနောက် ချက်ချင်းပင်အင်္ဂလန်အသင်းမှထွက်ခွာကာအင်္ဂလန်သို့ပြန်သွားခဲ့ပါတယ်။နေအိမ်ဖောက်ထွင်းခံရချိန်တွင်နေအိမ်အတွင်းမှာချစ်သူပိုင်ဂီနှင့်သားသမီးနှစ်ဦးတို့ရှိနေပါတယ်။

လက်ရှိအချိန်မှာတော့စတာလင်းဟာအင်္ဂလန်အသင်းနှင့်ပြန်လည်ပူပေါင်းရန်ကာတာသို့ပြန်လာနေပြီဖြစ်ပါတယ်။

သူဟာစနေနေ့တွင်ပြင်သစ်နှင့်ကစားရမယ့်ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာတော့အင်္ဂလန်အသင်းလူစာရင်းမှာပါဝင်လာဖို့ရှိနေပါတယ်။

ZawGyi

စတာလင္းေနအိမ္ကို အႏုၾကမ္းစီးခဲ့သူမ်ားထဲမွ ႏွစ္ဦးကို ရဲတပ္ဖြဲ႕ဖမ္းဆီး

အဂၤလန္ရဲတပ္ဖြဲ႕ဟာရာဟမ္းစတာလင္းေနအိမ္အႏုၾကမ္းစီးခံရမႈအားစုံစမ္းစစ္ေဆးေနၿပီးယင္းအမႈတြင္ပါဝင္ေနတယ္လို႔ယူဆရသူႏွစ္ဦးကိုဖမ္းဆီးထိန္းသိမ္းမႈျပဳလုပ္လာပါတယ္။

၎တို႔ဟာၿပီးခဲ့တဲ့အပတ္စေနေန႔တုန္းကဆာေရးရွိေအာက္စ္ေရွာ့ရွိစတာလင္းေနအိမ္ကိုစီးနင္းခိုးယူခဲ့ရာမွာပါဝင္ခဲ့ၾကသူမ်ားလို႔ယူဆရပါတယ္။

ရဲတပ္ဖြဲ႕ဝင္မ်ားဟာဟယ္လီေကာ္ပတာႏွင့္ေခြးမ်ားကိုအသုံးျပဳကာသံသယရွိသူမ်ားကိုဖမ္းဆီးထိန္းသိမ္းမႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ဖမ္းဆီးခံရသူႏွစ္ဦးတို႔ဟာစတာလင္းေနအိမ္ေဖာက္ထြင္းခံရမႈႏွင့္ဆက္စပ္မႈရွိ/မရွိကိုေတာ့အတိအက်မသိရေသးပါဘူး။

စတာလင္းဟာေနအိမ္ေဖာက္ထြင္းခံရေၾကာင္းသိရၿပီးေနာက္ ခ်က္ခ်င္းပင္အဂၤလန္အသင္းမွထြက္ခြာကာအဂၤလန္သို႔ျပန္သြားခဲ့ပါတယ္။ေနအိမ္ေဖာက္ထြင္းခံရခ်ိန္တြင္ေနအိမ္အတြင္းမွာခ်စ္သူပိုင္ဂီႏွင့္သားသမီးႏွစ္ဦးတို႔ရွိေနပါတယ္။

လက္ရွိအခ်ိန္မွာေတာ့စတာလင္းဟာအဂၤလန္အသင္းႏွင့္ျပန္လည္ပူေပါင္းရန္ကာတာသို႔ျပန္လာေနၿပီျဖစ္ပါတယ္။

သူဟာစေနေန႔တြင္ျပင္သစ္ႏွင့္ကစားရမယ့္ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္မွာေတာ့အဂၤလန္အသင္းလူစာရင္းမွာပါဝင္လာဖို႔ရွိေနပါတယ္။