စတာလင်းနှင့်ဟင်ဒါဆင်တို့ ဗြိတိန်ဘုရင်မမွေးနေ့ဂုဏ်ပြုမှုအဖြစ် MBE ဘွဲ့ချီးမြှင့်ခံရမည်

အင်္ဂလန်စတားများဖြစ်ကြတဲ့ရာဟမ်းစတာလင်းနှင့်ဂျော်ဒန်ဟင်ဒါဆင်တို့ဟာယခုအပတ်တွင်ပြုလုပ်မယ့်ဗြိတိန်ဘုရင်မမွေးနေ့ဂုဏ်ပြုမှုအထိမ်းအမှတ်အဖြစ် MBE ဘွဲ့များအသီးသီးချီးမြှင့်ခြင်းခံရမည်ဖြစ်ကြောင်းသိရပါတယ်။

အသက်၂၆နှစ်ရှိမန်စီးတီးစတားစတာလင်းဟာလူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးအတွက်ရှေ့တန်းမှလုပ်ဆောင်မှုအတွက် MBE ချီးမြှင့်ခြင်းခံရမှာဖြစ်ပြီးဟင်ဒါဆင်မှာလည်းကိုဗစ်ကာလအတွင်းတွင် NHS အတွက်ပေါင်သန်းများစွာရန်ပုံငွေရရှိရန်အကူအညီပေးမှုအတွက် MBE ချီးမြှင့်ခံရမှာဖြစ်ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်ဟာစတာလင်းနှင့်ဟင်ဒါဆင်တို့အား MBE ဘွဲ့များချီးမြှင့်ရန်လက်မှတ်ရေးထိုးသွားမှာလည်းဖြစ်ပါတယ်။

ယခုကဲ့သို့ယူရို၂၀၂၀ပြိုင်ပွဲကျင်းပခါနီးအချိန်တွင်စတာလင်းနှင့်ဟင်ဒါဆင်တို့အား MBE ဘွဲ့ချီးမြှင့်မှုမှာအင်္ဂလန်အသင်းရဲ့စိတ်ဓာတ်ကိုမြှင့်တင်ပေးရာလည်းရောက်မယ်လို့ယုံကြည်နေကြပါတယ်။

ZawGyi




