စတားကစားသမားများကို ကမ္ဘာ့ဖလားခြေစစ်ပွဲကစားခွင့် ပိတ်ပင်လိုက်တဲ့ လီဗာပူး

လီဗာပူးဟာလာမယ့်လမှာကစားမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲသို့ စတားကစားသမားများကိုစေလွှတ်ရန်ငြင်းဆိုပြီးဖီဖာနှင့်တိုက်ပွဲဆင်နွဲလာပါတယ်။

မာဆေးလ်ဆိုက်အခြေစိုက်ကလပ်ဟာဗြိတိန်ရဲ့ကိုဗစ်ကန့်သတ်ချက်ကြောင့်မိုဟာမက်ဆာလက်အားအီဂျစ်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲသို့သွားရောက်ကစားရန်ပိတ်ပင်လိုက်ပါတယ်။

လီဗာပူးဟာမိုဟာမက်ဆာလက်ကိုအီဂျစ်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲသို့စေလွှတ်ပါကပြန်ရောက်လာချိန်တွင်ကွာရန်တင်းဝင်ရမှာဖြစ်လို့ယင်းသို့ပိတ်ပင်လိုက်တာပါ။မိုဟာမက်ဆာလက်ဟာကွာရန်တင်းဝင်ရန်မှုနဲ့အတူကလပ်ပွဲသုံးပွဲကိုလွဲချော်ပါမယ်။

ဒါ့အပြင်လီဗာပူးဟာအလစ်ဆင်၊ဖာဘင်ဟိုနှင့်ဖာမီနိုတို့ကိုလည်းဘရာဇီးအသင်းအတွက်စေလွှတ်မှာမဟုတ်ကြောင်းဘရာဇီးဘောလုံးအဖွဲ့ချုပ်ထံသို့အကြောင်းကြားထားကြောင်းသိရပါတယ်။

တစ်ဖက်တွင်မန်စီးတီးမှာလည်းဘရာဇီးကစားသမားများဖြစ်ကြတဲ့အီဒါဆင်၊ဂါဘရီရယ်ဂျီးဆပ်စ်တို့အားဘရာဇီးအသင်းအတွက်စေလွှတ်သွားမှာမဟုတ်ပါဘူး။

စပါးစ်မှာလည်းအာဂျင်တီးနားစတားများဖြစ်ကြတဲ့ဂျီယိုဗန်နီလိုစယ်ဆိုနှင့်ခရစ္စတီယန်ရိုမဲရိုးတို့အားအာဂျင်တီးနားသို့စေလွှတ်မည်မဟုတ်ကြောင်းသိရပါတယ်။

လက်ရှိအချိန်တွင်ပရီးမီးယားလိဂ်မှတာဝန်ရှိသူများ၊အက်ဖ်အေမှတာဝန်ရှိသူများဟာနိုင်ငံတကာပွဲကစားမယ့်ကစားသမားများအတွက်ဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးမလဲဆိုတာအာဏာပိုင်များထံမေးမြန်းထားပါတယ်။

အီဂျစ်၊ဘရာဇီး၊အာဂျင်တီးနားတို့ဟာဗြိတိန်အစိုးရကကိုဗစ်ကန့်သတ်ချက်ထဲထည့်သွင်းထားတဲ့နိုင်ငံများဖြစ်ပြီးယင်းမှကစားသမားများဟာဗြိတိန်သို့ပြန်ရောက်လာချိန်တွင်ဟိုတယ်ကွာရန်တင်း၁၀ရက်ဝင်ရပါမယ်။

တစ်ဖက်တွင်နိုင်ငံအသင်းများကလည်းသူတို့ရဲ့အရေးပါတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်စတားကစားသမားများထည့်သွင်းနိုင်ရေးအတွက်ကွာရန်တင်းခွင့်ပြုချက်ပေးရေးလုပ်ဆောင်ပေးရန်ဖီဖာကိုတောင်းဆိုနေပါတယ်။

ZawGyi

စတားကစားသမားမ်ားကို ကမာၻ႔ဖလားေျခစစ္ပြဲကစားခြင့္ ပိတ္ပင္လိုက္တဲ့ လီဗာပူး

လီဗာပူးဟာလာမယ့္လမွာကစားမယ့္ကမာၻ႔ဖလားေျခစစ္ပြဲသို႔ စတားကစားသမားမ်ားကိုေစလႊတ္ရန္ျငင္းဆိုၿပီးဖီဖာႏွင့္တိုက္ပြဲဆင္ႏြဲလာပါတယ္။

မာေဆးလ္ဆိုက္အေျခစိုက္ကလပ္ဟာၿဗိတိန္ရဲ႕ကိုဗစ္ကန႔္သတ္ခ်က္ေၾကာင့္မိုဟာမက္ဆာလက္အားအီဂ်စ္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲသို႔သြားေရာက္ကစားရန္ပိတ္ပင္လိုက္ပါတယ္။

လီဗာပူးဟာမိုဟာမက္ဆာလက္ကိုအီဂ်စ္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲသို႔ေစလႊတ္ပါကျပန္ေရာက္လာခ်ိန္တြင္ကြာရန္တင္းဝင္ရမွာျဖစ္လို႔ယင္းသို႔ပိတ္ပင္လိုက္တာပါ။မိုဟာမက္ဆာလက္ဟာကြာရန္တင္းဝင္ရန္မႈနဲ႔အတူကလပ္ပြဲသုံးပြဲကိုလြဲေခ်ာ္ပါမယ္။

ဒါ့အျပင္လီဗာပူးဟာအလစ္ဆင္၊ဖာဘင္ဟိုႏွင့္ဖာမီႏိုတို႔ကိုလည္းဘရာဇီးအသင္းအတြက္ေစလႊတ္မွာမဟုတ္ေၾကာင္းဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္ထံသို႔အေၾကာင္းၾကားထားေၾကာင္းသိရပါတယ္။

တစ္ဖက္တြင္မန္စီးတီးမွာလည္းဘရာဇီးကစားသမားမ်ားျဖစ္ၾကတဲ့အီဒါဆင္၊ဂါဘရီရယ္ဂ်ီးဆပ္စ္တို႔အားဘရာဇီးအသင္းအတြက္ေစလႊတ္သြားမွာမဟုတ္ပါဘူး။

စပါးစ္မွာလည္းအာဂ်င္တီးနားစတားမ်ားျဖစ္ၾကတဲ့ဂ်ီယိုဗန္နီလိုစယ္ဆိုႏွင့္ခရစၥတီယန္႐ိုမဲ႐ိုးတို႔အားအာဂ်င္တီးနားသို႔ေစလႊတ္မည္မဟုတ္ေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္တြင္ပရီးမီးယားလိဂ္မွတာဝန္ရွိသူမ်ား၊အက္ဖ္ေအမွတာဝန္ရွိသူမ်ားဟာႏိုင္ငံတကာပြဲကစားမယ့္ကစားသမားမ်ားအတြက္ဘယ္လိုအေကာင္းဆုံးျဖစ္ေအာင္လုပ္ေပးမလဲဆိုတာအာဏာပိုင္မ်ားထံေမးျမန္းထားပါတယ္။

အီဂ်စ္၊ဘရာဇီး၊အာဂ်င္တီးနားတို႔ဟာၿဗိတိန္အစိုးရကကိုဗစ္ကန႔္သတ္ခ်က္ထဲထည့္သြင္းထားတဲ့ႏိုင္ငံမ်ားျဖစ္ၿပီးယင္းမွကစားသမားမ်ားဟာၿဗိတိန္သို႔ျပန္ေရာက္လာခ်ိန္တြင္ဟိုတယ္ကြာရန္တင္း၁၀ရက္ဝင္ရပါမယ္။

တစ္ဖက္တြင္ႏိုင္ငံအသင္းမ်ားကလည္းသူတို႔ရဲ႕အေရးပါတဲ့ကမာၻ႔ဖလားေျခစစ္ပြဲတြင္စတားကစားသမားမ်ားထည့္သြင္းႏိုင္ေရးအတြက္ကြာရန္တင္းခြင့္ျပဳခ်က္ေပးေရးလုပ္ေဆာင္ေပးရန္ဖီဖာကိုေတာင္းဆိုေနပါတယ္။