စတားနောက်ခံလူရဲ့စာချုပ်ကို ဖျက်သိမ်းနိုင်မယ့်နည်းလမ်းကို ဘာကာနှင့် ဇာဗီးရှာဖွေနေ

ဘာစီလိုနာနှင့်နည်းပြဇာဗီးတို့ဟာနောက်ခံလူဆင်မြူရယ်အုမ်တီတီရဲ့စာချုပ်ကိုဖျက်သိမ်းနိုင်မယ့်နည်းလမ်းရှာဖွေနေကြောင်းသိရပါတယ်။ဘာစီလိုနာနည်းပြသစ်ဇာဗီးဟာအသင်းကိုပြုပြင်ပြောင်းလဲရေးများစတင်ပြုလုပ်နေပြီးယင်းအထဲတွင်အုမ်တီတီရဲ့စာချုပ်ကိုဖျက်သိမ်းရေးလည်းပါဝင်နေပါတယ်။

ပြင်သစ်လက်ရွေးစင်နောက်ခံလူဟာ၂၀၁၆ခုနှစ်တွင်လိုင်ယွန်မှရောက်လာပြီးနောက်ဘာစီလိုနာတွင်အဓိကနောက်ခံလူအဖြစ်ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာကြံ့ခိုင်မှုပြဿနာ၊ဒဏ်ရာပြဿနာများကြောင့်နေရာပျောက်ဆုံးလာခဲ့တာကြာမြင့်ပြီဖြစ်ပြီးယခုရာသီတွင်တစ်ပွဲမျှပွဲထွက်ခွင့်မရသေးပါဘူး။

ဒါကြောင့်လည်းဘာစီလိုနာဟာအုမ်တီတီရဲ့စာချုပ်ကိုဖျက်သိမ်းကာအသင်းရဲ့အသုံးစရိတ်လျှော့ချလိုနေပါတယ်။အုမ်တီတီဟာဘာစီလိုနာတွင်တစ်ပတ်လုပ်ခပေါင်၂၀၈၀၀၀ရရှိနေသူဖြစ်ပြီးကမ္ဘာ့လုပ်ခအများဆုံးရရှိတဲ့နောက်ခံလူများထဲမှတစ်ဦးဖြစ်ပါတယ်။

အသက်၂၈နှစ်ရှိဗဟိုနောက်ခံလူဟာလည်းဘာစီလိုနာတွင်နောင်တွင်လည်းအရေးပါတဲ့သူအဖြစ်ကစားခွင့်ရလာမှုမရှိတဲ့အခြေအနေအပေါ် စိတ်ပျက်နေသူဖြစ်ပါတယ်။

ZawGyi

စတားေနာက္ခံလူရဲ႕စာခ်ဳပ္ကို ဖ်က္သိမ္းႏိုင္မယ့္နည္းလမ္းကို ဘာကာႏွင့္ ဇာဗီးရွာေဖြေန

ဘာစီလိုနာႏွင့္နည္းျပဇာဗီးတို႔ဟာေနာက္ခံလူဆင္ျမဴရယ္အုမ္တီတီရဲ႕စာခ်ဳပ္ကိုဖ်က္သိမ္းႏိုင္မယ့္နည္းလမ္းရွာေဖြေနေၾကာင္းသိရပါတယ္။ဘာစီလိုနာနည္းျပသစ္ဇာဗီးဟာအသင္းကိုျပဳျပင္ေျပာင္းလဲေရးမ်ားစတင္ျပဳလုပ္ေနၿပီးယင္းအထဲတြင္အုမ္တီတီရဲ႕စာခ်ဳပ္ကိုဖ်က္သိမ္းေရးလည္းပါဝင္ေနပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ေနာက္ခံလူဟာ၂၀၁၆ခုႏွစ္တြင္လိုင္ယြန္မွေရာက္လာၿပီးေနာက္ဘာစီလိုနာတြင္အဓိကေနာက္ခံလူအျဖစ္ကစားခြင့္ရခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္သူဟာႀကံ့ခိုင္မႈျပႆနာ၊ဒဏ္ရာျပႆနာမ်ားေၾကာင့္ေနရာေပ်ာက္ဆုံးလာခဲ့တာၾကာျမင့္ၿပီျဖစ္ၿပီးယခုရာသီတြင္တစ္ပြဲမွ်ပြဲထြက္ခြင့္မရေသးပါဘူး။

ဒါေၾကာင့္လည္းဘာစီလိုနာဟာအုမ္တီတီရဲ႕စာခ်ဳပ္ကိုဖ်က္သိမ္းကာအသင္းရဲ႕အသုံးစရိတ္ေလွ်ာ့ခ်လိုေနပါတယ္။အုမ္တီတီဟာဘာစီလိုနာတြင္တစ္ပတ္လုပ္ခေပါင္၂၀၈၀၀၀ရရွိေနသူျဖစ္ၿပီးကမာၻ႔လုပ္ခအမ်ားဆုံးရရွိတဲ့ေနာက္ခံလူမ်ားထဲမွတစ္ဦးျဖစ္ပါတယ္။

အသက္၂၈ႏွစ္ရွိဗဟိုေနာက္ခံလူဟာလည္းဘာစီလိုနာတြင္ေနာင္တြင္လည္းအေရးပါတဲ့သူအျဖစ္ကစားခြင့္ရလာမႈမရွိတဲ့အေျခအေနအေပၚ စိတ္ပ်က္ေနသူျဖစ္ပါတယ္။