
လီယွန်နယ်မက်ဆီနှင့်ရော်နယ်ဒင်ဟိုတို့ဟာနာမည်ကျော်ကစားသမားအမြောက်အမြားပါဝင်လာမယ့်ရန်ပုံငွေပွဲတစ်ပွဲတွင်ပြန်လည်ဆုံစည်းလာကြတော့မှာဖြစ်ပါတယ်။
၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရန်ခြောက်ရက်အလိုနိုဝင်ဘာလ၁၄ရက်နေ့တွင် ရောမရှိ Stadio Olimpico ကွင်းတွင် Match For Peace ရန်ပုံငွေပွဲကိုကစားသွားပါမယ်။
အဆိုပါပွဲကို ပုပ်ရဟန်းမင်းကြီးဖရန်ဆစ်ရဲ့ဖောင်ဒေးရှင်း WePlayForPeaceကကြီးမှူးကျင်းပလာမှာဖြစ်ပြီးကွယ်လွန်သွားရှာပြီဖြစ်တဲ့ဒီယေဂိုမာရာဒိုနာအတွက်ရည်စူးပြီးရန်ပုံငွေကစားလာမှာလည်းဖြစ်ပါတယ်။
အဆိုပါပွဲစဉ်တွင်ပါဝင်ကစားရန်စူပါစတားကစားသမားအမြောက်အမြားတို့လက်မှတ်ရေးထိုးထားကြပြီးဖြစ်ပါတယ်။
လူးဝစ်ဆွာရက်ဇ်၊အိုင်ဗန်ရာကီတစ်၊ဒါနီအဲလ်ဗက်စ်၊အိန်ဂျယ်ဒီမာရီယာ၊မာဆီရိုဒရီဂွက်ဇ်၊ဂျီယန်လူဂီဘူဖွန်၊ပီပီရေနာတို့ပါဝင်ကစားလာကြပါမယ်။
ဒါ့အပြင်ရိုးမားနည်းပြဟိုဆေးမော်ရင်ဟိုလည်းအသင်းတစ်သင်းကိုကြီးကြပ်လာမှာဖြစ်ပါတယ်။ယင်းပွဲတွင်ရော်နယ်ဒင်ဟိုနှင့်စီရိုအမ်မိုဘိုင်းတို့ကတစ်သင်းစီကိုအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူလာကြပါမယ်။
ယခုအခါယင်းရန်ပုံငွေအတွက်ပိုပြီးတော့စိတ်လှုပ်ရှားစရာကောင်းလာတာကတော့ Ballon d’Or ဆုခုနှစ်ကြိမ်ရလီယွန်နယ်မက်ဆီလည်းပါဝင်ကစားလာမှာဖြစ်ပါတယ်။
မက်ဆီနှင့်ရော်နယ်ဒင်ဟိုတို့ဟာမကြာသေးမီတုန်းက Pepsi ရဲ့ကြော်ငြာတွင်ပေါလ်ပေါ့ဘာနှင့်အတူ ပါဝင်ခဲ့ကြပါတယ်။
ZawGyi
စတားမ်ားစြာပါဝင္လာမယ့္ မာရာဒိုနာရန္ပုံေငြပြဲတြင္ မက္ဆီႏွင့္ ေရာ္နယ္ဒင္ဟိုတို႔ ျပန္လည္ဆုံစည္းလာမည္
လီယြန္နယ္မက္ဆီႏွင့္ေရာ္နယ္ဒင္ဟိုတို႔ဟာနာမည္ေက်ာ္ကစားသမားအေျမာက္အျမားပါဝင္လာမယ့္ရန္ပုံေငြပြဲတစ္ပြဲတြင္ျပန္လည္ဆုံစည္းလာၾကေတာ့မွာျဖစ္ပါတယ္။
၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပရန္ေျခာက္ရက္အလိုႏိုဝင္ဘာလ၁၄ရက္ေန႔တြင္ ေရာမရွိ Stadio Olimpico ကြင္းတြင္ Match For Peace ရန္ပုံေငြပြဲကိုကစားသြားပါမယ္။
အဆိုပါပြဲကို ပုပ္ရဟန္းမင္းႀကီးဖရန္ဆစ္ရဲ႕ေဖာင္ေဒးရွင္း WePlayForPeaceကႀကီးမႉးက်င္းပလာမွာျဖစ္ၿပီးကြယ္လြန္သြားရွာၿပီျဖစ္တဲ့ဒီေယဂိုမာရာဒိုနာအတြက္ရည္စူးၿပီးရန္ပုံေငြကစားလာမွာလည္းျဖစ္ပါတယ္။
အဆိုပါပြဲစဥ္တြင္ပါဝင္ကစားရန္စူပါစတားကစားသမားအေျမာက္အျမားတို႔လက္မွတ္ေရးထိုးထားၾကၿပီးျဖစ္ပါတယ္။
လူးဝစ္ဆြာရက္ဇ္၊အိုင္ဗန္ရာကီတစ္၊ဒါနီအဲလ္ဗက္စ္၊အိန္ဂ်ယ္ဒီမာရီယာ၊မာဆီ႐ိုဒရီဂြက္ဇ္၊ဂ်ီယန္လူဂီဘူဖြန္၊ပီပီေရနာတို႔ပါဝင္ကစားလာၾကပါမယ္။
ဒါ့အျပင္႐ိုးမားနည္းျပဟိုေဆးေမာ္ရင္ဟိုလည္းအသင္းတစ္သင္းကိုႀကီးၾကပ္လာမွာျဖစ္ပါတယ္။ယင္းပြဲတြင္ေရာ္နယ္ဒင္ဟိုႏွင့္စီ႐ိုအမ္မိုဘိုင္းတို႔ကတစ္သင္းစီကိုအသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူလာၾကပါမယ္။
ယခုအခါယင္းရန္ပုံေငြအတြက္ပိုၿပီးေတာ့စိတ္လႈပ္ရွားစရာေကာင္းလာတာကေတာ့ Ballon d’Or ဆုခုႏွစ္ႀကိမ္ရလီယြန္နယ္မက္ဆီလည္းပါဝင္ကစားလာမွာျဖစ္ပါတယ္။
မက္ဆီႏွင့္ေရာ္နယ္ဒင္ဟိုတို႔ဟာမၾကာေသးမီတုန္းက Pepsi ရဲ႕ေၾကာ္ျငာတြင္ေပါလ္ေပါ့ဘာႏွင့္အတူ ပါဝင္ခဲ့ၾကပါတယ္။