စတီဗင်ဂျရတ်ကို ခန့်အပ်နိုင်ရန် ပေါင်သန်းပေါင်းများစွာသုံးပြီးမှ ၁၁ လအကြာတွင် ထုတ်ပယ်ခဲ့တဲ့ ဗီလာ

အက်စတွန်ဗီလာရဲ့စတီဗင်ဂျရတ်အတွက်ကုန်ကျစရိတ်ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။လီဗာပူးဂန္ထဝင်ဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းကပရီးမီးယားလိဂ်ကလပ်ဗီလာနည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

အသက်၄၂နှစ်ရှိစတီဗင်ဂျရတ်ဟာအင်္ဂလန်လက်ရွေးစင်ဟောင်းဟာရိန်းဂျားအသင်းကိုဆယ်နှစ်အတွင်းပထမဆုံးစကော့တလန်ပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ခဲ့ပြီးနောက်ဗီလာသို့ရောက်လာတာဖြစ်ပါတယ်။

ဒါပေမဲ့သူဟာအက်စတွန်ဗီလာတွင်စိတ်ပျက်စရာနှင့်ကြုံခဲ့ရပြီးတစ်နှစ်မပြည့်ခင်မှာဘဲထုတ်ပယ်ခံခဲ့ရပါတယ်။

ဗီလာဟာပြီးခဲ့တဲ့လတုန်းကဖူလ်ဟမ်ကိုရှုံးနိမ့်ပြီးနောက်ဂျရတ်ကိုထုတ်ပယ်ခဲ့ပါတယ်။

သူဟာယခုရာသီတွင်ဗီလာကိုပရီးမီးယားလိဂ်ပွဲ၁၂ပွဲကိုင်တွယ်ခဲ့ရာမှာ၂ပွဲတည်းသာအနိုင်ရအောင်စွမ်းဆောင်ထားနိုင်ပါတယ်။ဒါ့အပြင်သူဟာဗီလာကိုပရီးမီးယားလိဂ်ပွဲ၃၁ပွဲကိုင်တွယ်ရာတွင်၈ပွဲသရေ၊၈ပွဲနိုင်ရလဒ်သာရယူနိုင်ခဲ့ပါတယ်။

ဗီလာဟာစတီဗင်ဂျရတ်ကို ခန့်အပ်နိုင်ရေးအတွက်ရိန်းဂျားကိုနစ်နာကြေးပေါင်၄.၂၅သန်းပေးခဲ့ရပါတယ်။ဒါ့အပြင်ဗီလာဟာစတီဗင်ဂျရတ်ရဲ့လက်ထောက်နည်းပြများဖြစ်ကြတဲ့ဂယ်ရီမက်အလစ်စတာ၊နေးလ်ခရစ်ချ်လေ၊တွမ်ကူလ်ဆော၊ဂျော်ဒန်မီလ်ဆမ်၊စကော့မေဆင်တို့ကိုခန့်အပ်နိုင်ရေးအတွက်လည်း ရိန်းဂျားကိုပေါင်၆.၁သန်းပေးခဲ့ရပါသေးတယ်။

ဒါပေမဲ့စတီဗင်ဂျရတ်နှင့်နည်းပြအဖွဲ့ဝင်တို့ဟာဗီလာကိုကိုင်တွယ်စဉ်အတွင်းမှာအနိုင်၂၅.၈ရာခိုင်နှုန်းသာရယူနိုင်ခဲ့ကြပါတယ်။

ဒါကြောင့်လည်းဗီလာဟာစတီဗင်ဂျရတ်ကိုခန့်အပ်စဉ်အတွင်းနိုင်ပွဲတစ်ပွဲအတွက်ပေါင်၃၂၆၀၀၀အထိအသုံးပြုခဲ့ပါတယ်။

ဗီလာဟာဂျရတ်နေရာတွင်အာဆင်နယ်နည်းပြဟောင်းအူနိုင်းအမ်မရီကိုခန့်အပ်ထားပါတယ်။အမ်မရီဟာဗီလာကိုပထမဆုံးကိုင်တွယ်တဲ့ပွဲတွင်ယူနိုက်တက်ကိုအနိုင်ရရှိထားပါတယ်။

ZawGyi

စတီဗင္ဂ်ရတ္ကို ခန႔္အပ္ႏိုင္ရန္ ေပါင္သန္းေပါင္းမ်ားစြာသုံးၿပီးမွ ၁၁ လအၾကာတြင္ ထုတ္ပယ္ခဲ့တဲ့ ဗီလာ

အက္စတြန္ဗီလာရဲ႕စတီဗင္ဂ်ရတ္အတြက္ကုန္က်စရိတ္ထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။လီဗာပူးဂႏၴဝင္ဟာၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ဘာလတုန္းကပရီးမီးယားလိဂ္ကလပ္ဗီလာနည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။

အသက္၄၂ႏွစ္ရွိစတီဗင္ဂ်ရတ္ဟာအဂၤလန္လက္ေ႐ြးစင္ေဟာင္းဟာရိန္းဂ်ားအသင္းကိုဆယ္ႏွစ္အတြင္းပထမဆုံးစေကာ့တလန္ပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ဗီလာသို႔ေရာက္လာတာျဖစ္ပါတယ္။

ဒါေပမဲ့သူဟာအက္စတြန္ဗီလာတြင္စိတ္ပ်က္စရာႏွင့္ႀကဳံခဲ့ရၿပီးတစ္ႏွစ္မျပည့္ခင္မွာဘဲထုတ္ပယ္ခံခဲ့ရပါတယ္။

ဗီလာဟာၿပီးခဲ့တဲ့လတုန္းကဖူလ္ဟမ္ကိုရႈံးနိမ့္ၿပီးေနာက္ဂ်ရတ္ကိုထုတ္ပယ္ခဲ့ပါတယ္။

သူဟာယခုရာသီတြင္ဗီလာကိုပရီးမီးယားလိဂ္ပြဲ၁၂ပြဲကိုင္တြယ္ခဲ့ရာမွာ၂ပြဲတည္းသာအႏိုင္ရေအာင္စြမ္းေဆာင္ထားႏိုင္ပါတယ္။ဒါ့အျပင္သူဟာဗီလာကိုပရီးမီးယားလိဂ္ပြဲ၃၁ပြဲကိုင္တြယ္ရာတြင္၈ပြဲသေရ၊၈ပြဲႏိုင္ရလဒ္သာရယူႏိုင္ခဲ့ပါတယ္။

ဗီလာဟာစတီဗင္ဂ်ရတ္ကို ခန႔္အပ္ႏိုင္ေရးအတြက္ရိန္းဂ်ားကိုနစ္နာေၾကးေပါင္၄.၂၅သန္းေပးခဲ့ရပါတယ္။ဒါ့အျပင္ဗီလာဟာစတီဗင္ဂ်ရတ္ရဲ႕လက္ေထာက္နည္းျပမ်ားျဖစ္ၾကတဲ့ဂယ္ရီမက္အလစ္စတာ၊ေနးလ္ခရစ္ခ်္ေလ၊တြမ္ကူလ္ေဆာ၊ေဂ်ာ္ဒန္မီလ္ဆမ္၊စေကာ့ေမဆင္တို႔ကိုခန႔္အပ္ႏိုင္ေရးအတြက္လည္း ရိန္းဂ်ားကိုေပါင္၆.၁သန္းေပးခဲ့ရပါေသးတယ္။

ဒါေပမဲ့စတီဗင္ဂ်ရတ္ႏွင့္နည္းျပအဖြဲ႕ဝင္တို႔ဟာဗီလာကိုကိုင္တြယ္စဥ္အတြင္းမွာအႏိုင္၂၅.၈ရာခိုင္ႏႈန္းသာရယူႏိုင္ခဲ့ၾကပါတယ္။

ဒါေၾကာင့္လည္းဗီလာဟာစတီဗင္ဂ်ရတ္ကိုခန႔္အပ္စဥ္အတြင္းႏိုင္ပြဲတစ္ပြဲအတြက္ေပါင္၃၂၆၀၀၀အထိအသုံးျပဳခဲ့ပါတယ္။

ဗီလာဟာဂ်ရတ္ေနရာတြင္အာဆင္နယ္နည္းျပေဟာင္းအူႏိုင္းအမ္မရီကိုခန႔္အပ္ထားပါတယ္။အမ္မရီဟာဗီလာကိုပထမဆုံးကိုင္တြယ္တဲ့ပြဲတြင္ယူႏိုက္တက္ကိုအႏိုင္ရရွိထားပါတယ္။