စတုဂတ်နှင့်ပွဲမှာ ၂၂ မိနစ်အတွင်း ဟက်ထရစ်သွင်းယူခဲ့တဲ့ ရောဘတ်လီဝန်ဒေါ့စကီး

ရောဘတ်လီဝန်ဒေါ့စကီးဟာမနေ့ညတုန်းကစတုဂတ်နှင့်ပွဲစဉ်မှာပြီးပြည့်စုံတဲ့ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ပိုလန်တိုက်စစ်မှူးဟာ၂၂မိနစ်အတွင်းမှာဘဲဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာစတုဂတ်နှင့်ပွဲစဉ်မှာအယ်လ်ဖွန်ဆိုဒါးဗီးစ်အနီကတ်ပြသခြင်းခံရပေမယ့်လည်း စတုဂတ်ကို၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဒေါ့မွန်တိုက်စစ်မှူးဟာပထမပိုင်းမှာသူ့ရဲ့ယခုရာသီ၃၃ဂိုး၊၃၄ဂိုးနှင့်၃၅ဂိုးမြောက်ဂိုးတို့ကိုသွင်းယူခဲ့တာ ဖြစ်ပါတယ်။

သူဟာပွဲချိန်၁၇မိနစ်မှာအနီးကပ်ပိတ်သွင်းပြီးပထမဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။ပွဲချိန်၂၃မိနစ်မှာခေါင်းတိုက်သွင်းယူခဲ့ပါတယ်။အသက်၃၂နှစ်ရှိတိုက်စစ်မှူးဟာဟက်ထရစ်ဂိုးကို၆မိနစ်အကြာမှာအနိမ့်ဘောကန်ပြီးသွင်းယူခဲ့ပါတယ်။ဘိုင်ယန်အတွက်နောက်တစ်ဂိုးကိုဂနာဘရီကဒီပွဲရဲ့ဒုတိယမြောက်ဂိုးအဖြစ်သွင်းယူခဲ့ပါတယ်။

လီဝန်ဒေါ့စကီးဟာယင်းဟက်ထရစ်ကြောင့်ယခုရာသီမှာဘိုင်ယန်မြူးနစ်အတွက်၃၆ပွဲကစားထားရာမှာ၄၂ဂိုးအထိသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။

ZawGyi

စတုဂတ္ႏွင့္ပြဲမွာ ၂၂ မိနစ္အတြင္း ဟက္ထရစ္သြင္းယူခဲ့တဲ့ ေရာဘတ္လီဝန္ေဒါ့စကီး

ေရာဘတ္လီဝန္ေဒါ့စကီးဟာမေန႔ညတုန္းကစတုဂတ္ႏွင့္ပြဲစဥ္မွာၿပီးျပည့္စုံတဲ့ဟက္ထရစ္သြင္းယူႏိုင္ခဲ့ပါတယ္။ပိုလန္တိုက္စစ္မႉးဟာ၂၂မိနစ္အတြင္းမွာဘဲဟက္ထရစ္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာစတုဂတ္ႏွင့္ပြဲစဥ္မွာအယ္လ္ဖြန္ဆိုဒါးဗီးစ္အနီကတ္ျပသျခင္းခံရေပမယ့္လည္း စတုဂတ္ကို၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ေဒါ့မြန္တိုက္စစ္မႉးဟာပထမပိုင္းမွာသူ႔ရဲ႕ယခုရာသီ၃၃ဂိုး၊၃၄ဂိုးႏွင့္၃၅ဂိုးေျမာက္ဂိုးတို႔ကိုသြင္းယူခဲ့တာ ျဖစ္ပါတယ္။

သူဟာပြဲခ်ိန္၁၇မိနစ္မွာအနီးကပ္ပိတ္သြင္းၿပီးပထမဂိုးကိုသြင္းယူခဲ့တာျဖစ္ပါတယ္။ပြဲခ်ိန္၂၃မိနစ္မွာေခါင္းတိုက္သြင္းယူခဲ့ပါတယ္။အသက္၃၂ႏွစ္ရွိတိုက္စစ္မႉးဟာဟက္ထရစ္ဂိုးကို၆မိနစ္အၾကာမွာအနိမ့္ေဘာကန္ၿပီးသြင္းယူခဲ့ပါတယ္။ဘိုင္ယန္အတြက္ေနာက္တစ္ဂိုးကိုဂနာဘရီကဒီပြဲရဲ႕ဒုတိယေျမာက္ဂိုးအျဖစ္သြင္းယူခဲ့ပါတယ္။

လီဝန္ေဒါ့စကီးဟာယင္းဟက္ထရစ္ေၾကာင့္ယခုရာသီမွာဘိုင္ယန္ျမဴးနစ္အတြက္၃၆ပြဲကစားထားရာမွာ၄၂ဂိုးအထိသြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။