စတုတ်နှင့်ခြေစမ်းပွဲတွင် ဂိုးသွင်းကာ ဂိုးဆက်တိုက်သွင်းနေတဲ့ မေဆင်ဂရင်းဝုဒ်

မေဆင်ဂရင်းဝုဒ်ဟာစတုတ်စီးတီးနှင့်ကစားတဲ့တံခါးပိတ်ခြေစမ်းပွဲတွင်လည်းဂိုးသွင်းကာသူ့ရဲ့ယခုရာသီဂိုးသွင်းခြေကိုဆက်လက်ပြသလာခဲ့ပါတယ်။

လက်ရှိအချိန်တွင်မန်ယူကစားသမားအမြောက်အမြားတို့ဟာနိုင်ငံတကာပွဲအတွက်လက်ရွေးစင်အသင်းနှင့်ပူးပေါင်းလျက်ရှိပါတယ်။

ဒါပေမယ့်မန်ယူဟာအိုးထရက်ဖို့ဒ်ကွင်းမှာစတုတ်စီးတီးနှင့်ခြေစမ်းပွဲကစားခဲ့ပါတယ်။ယင်းပွဲမှာမေဆင်ဂရင်းဝုဒ်ဟာဂိုးထပ်သွင်းနိုင်ခဲ့ပါတယ်။မေဆင်ဂရင်းဝုဒ်ဂိုးသွင်းနိုင်ခဲ့ပေမယ့်မန်ယူဟာစတုတ်စီးတီးကို၄-၃ဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

ဂရင်းဝုဒ်ဟာယခုရာသီမှာမန်ယူရဲ့ပရီးမီးယားလိဂ်သုံးပွဲဆက်တိုက်ဂိုးသွင်းထားနိုင်သူဖြစ်ပါတယ်။ဒါပေမယ့်သူဟာအင်္ဂလန်နည်းပြဆောက်ဂိတ်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက်လူစာရင်းမှာအံ့ဩသင့်ဖွယ်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

သူဟာယင်းသို့ဂိုးဆက်တိုက်သွင်းနိုင်မှုနဲ့အတူပရီးမီးယားလိဂ်ရဲ့ဩဂုတ်လအတွက်အကောင်းဆုံးကစားသမားဆုအတွက်ဆန်ကာတင်စာရင်းမှာရွေးချယ်ခြင်းခံထားရပါတယ်။

စတုတ်စီးတီးနှင့်ပွဲစဉ်ကိုမန်ယူနည်းပြဆိုးလ်ရှားကကိုင်တွယ်ကြီးကြပ်ခဲ့ခြင်းမရှိဘဲလက်ထောက်နည်းပြမိုက်ကယ်ကာရစ်ကကြီးကြပ်ခဲ့ပါတယ်။

ZawGyi

စတုတ္ႏွင့္ေျခစမ္းပြဲတြင္ ဂိုးသြင္းကာ ဂိုးဆက္တိုက္သြင္းေနတဲ့ ေမဆင္ဂရင္းဝုဒ္

ေမဆင္ဂရင္းဝုဒ္ဟာစတုတ္စီးတီးႏွင့္ကစားတဲ့တံခါးပိတ္ေျခစမ္းပြဲတြင္လည္းဂိုးသြင္းကာသူ႔ရဲ႕ယခုရာသီဂိုးသြင္းေျခကိုဆက္လက္ျပသလာခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္မန္ယူကစားသမားအေျမာက္အျမားတို႔ဟာႏိုင္ငံတကာပြဲအတြက္လက္ေ႐ြးစင္အသင္းႏွင့္ပူးေပါင္းလ်က္ရွိပါတယ္။

ဒါေပမယ့္မန္ယူဟာအိုးထရက္ဖို႔ဒ္ကြင္းမွာစတုတ္စီးတီးႏွင့္ေျခစမ္းပြဲကစားခဲ့ပါတယ္။ယင္းပြဲမွာေမဆင္ဂရင္းဝုဒ္ဟာဂိုးထပ္သြင္းႏိုင္ခဲ့ပါတယ္။ေမဆင္ဂရင္းဝုဒ္ဂိုးသြင္းႏိုင္ခဲ့ေပမယ့္မန္ယူဟာစတုတ္စီးတီးကို၄-၃ျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

ဂရင္းဝုဒ္ဟာယခုရာသီမွာမန္ယူရဲ႕ပရီးမီးယားလိဂ္သုံးပြဲဆက္တိုက္ဂိုးသြင္းထားႏိုင္သူျဖစ္ပါတယ္။ဒါေပမယ့္သူဟာအဂၤလန္နည္းျပေဆာက္ဂိတ္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲမ်ားအတြက္လူစာရင္းမွာအံ့ဩသင့္ဖြယ္ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

သူဟာယင္းသို႔ဂိုးဆက္တိုက္သြင္းႏိုင္မႈနဲ႔အတူပရီးမီးယားလိဂ္ရဲ႕ဩဂုတ္လအတြက္အေကာင္းဆုံးကစားသမားဆုအတြက္ဆန္ကာတင္စာရင္းမွာေ႐ြးခ်ယ္ျခင္းခံထားရပါတယ္။

စတုတ္စီးတီးႏွင့္ပြဲစဥ္ကိုမန္ယူနည္းျပဆိုးလ္ရွားကကိုင္တြယ္ႀကီးၾကပ္ခဲ့ျခင္းမရွိဘဲလက္ေထာက္နည္းျပမိုက္ကယ္ကာရစ္ကႀကီးၾကပ္ခဲ့ပါတယ္။