စထရာဘော့နှင့်ပွဲမတိုင်မီ ပီအက်စ်ဂျီပရိသတ်များရဲ့လှောင်ပြောင်မှုနဲ့ရင်ဆိုင်ခဲ့ရတဲ့ ဘက်ပေး

ကိုင်လီယန်ဘက်ပေးဟာမနေ့ညတုန်းကစထရာဘော့နှင့်ပွဲမတိုင်မီပီအက်စ်ဂျီပရိသတ်များရဲ့လှောင်ပြောင်မှုများနှင့်ရင်ဆိုင်ခဲ့ရပါတယ်။

ပီအက်စ်ဂျီပရိသတ်များဟာစထရာဘော့နှင့်ပွဲအတွက်ပီအက်စ်ဂျီအသင်းလူစာရင်းကို ကြေညာချိန်တွင်ဘက်ပေးအမည်ကိုကြေညာချိန်မှာလှောင်ပြောင်မှုပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။

အသက်၂၂နှစ်ရှိပြင်သစ်စူပါစတားဟာပြီးခဲ့တဲ့အပတ်တုန်းကထရိုယက်စ်နှင့်လီဂူး၁အဖွင့်ပွဲတွင်အနိုင်ရရှိအောင်ကူညီခဲ့သလိုစထရာဘော့အား၄-၂ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာလည်းပီအက်စ်ဂျီအတွက်ဒုတိယဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ဘက်ပေးဟာယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ရီးရဲလ်မက်ဒရစ်အသင်းသို့ပြောင်းမယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပေါ်လာမှုနဲ့အတူပီအက်စ်ဂျီပရိသတ်များရဲ့လှောင်ပြောင်မှုနဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

ဘက်ပေးဟာပီအက်စ်ဂျီနှင့်တစ်နှစ်စာချုပ်သာကျန်တော့သူဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရန်ငြင်းဆိုထားသူဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာလီယွန်နယ်မက်ဆီအားခေါ်ယူထားသော်လည်းယခုရာသီတွင်ဘက်ပေးကိုထွက်ခွာခွင့်မပေးဘဲမက်ဆီ+ဘက်ပေး+နေမာတိုက်စစ်အတွဲကိုအသုံးပြုရန်ဆုံးဖြတ်ထားပါတယ်။

ပီအက်စ်ဂျီဟာစထရာဘော့နှင့်ပွဲစဉ်မတိုင်ယခုနွေရာသီတွင်ခေါ်ယူထားတဲ့မက်ဆီ၊ရာမို့စ်၊ဝီနယ်ဒမ်၊ဒွန်နာရမ်မာ၊ဟာကီမီတို့ကိုသူရဲကောင်းသဖွယ်ပရိသတ်များနှင့်မိတ်ဆက်ခဲ့ပါသေးတယ်။

ZawGyi

စထရာေဘာ့ႏွင့္ပြဲမတိုင္မီ ပီအက္စ္ဂ်ီပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈနဲ႔ရင္ဆိုင္ခဲ့ရတဲ့ ဘက္ေပး

ကိုင္လီယန္ဘက္ေပးဟာမေန႔ညတုန္းကစထရာေဘာ့ႏွင့္ပြဲမတိုင္မီပီအက္စ္ဂ်ီပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈမ်ားႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။

ပီအက္စ္ဂ်ီပရိသတ္မ်ားဟာစထရာေဘာ့ႏွင့္ပြဲအတြက္ပီအက္စ္ဂ်ီအသင္းလူစာရင္းကို ေၾကညာခ်ိန္တြင္ဘက္ေပးအမည္ကိုေၾကညာခ်ိန္မွာေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

အသက္၂၂ႏွစ္ရွိျပင္သစ္စူပါစတားဟာၿပီးခဲ့တဲ့အပတ္တုန္းကထ႐ိုယက္စ္ႏွင့္လီဂူး၁အဖြင့္ပြဲတြင္အႏိုင္ရရွိေအာင္ကူညီခဲ့သလိုစထရာေဘာ့အား၄-၂ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာလည္းပီအက္စ္ဂ်ီအတြက္ဒုတိယဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

ဘက္ေပးဟာယခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ရီးရဲလ္မက္ဒရစ္အသင္းသို႔ေျပာင္းမယ္လို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ေပၚလာမႈနဲ႔အတူပီအက္စ္ဂ်ီပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈနဲ႔ရင္ဆိုင္ေနရတာလည္းျဖစ္ပါတယ္။

ဘက္ေပးဟာပီအက္စ္ဂ်ီႏွင့္တစ္ႏွစ္စာခ်ဳပ္သာက်န္ေတာ့သူျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ျငင္းဆိုထားသူျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာလီယြန္နယ္မက္ဆီအားေခၚယူထားေသာ္လည္းယခုရာသီတြင္ဘက္ေပးကိုထြက္ခြာခြင့္မေပးဘဲမက္ဆီ+ဘက္ေပး+ေနမာတိုက္စစ္အတြဲကိုအသုံးျပဳရန္ဆုံးျဖတ္ထားပါတယ္။

ပီအက္စ္ဂ်ီဟာစထရာေဘာ့ႏွင့္ပြဲစဥ္မတိုင္ယခုေႏြရာသီတြင္ေခၚယူထားတဲ့မက္ဆီ၊ရာမို႔စ္၊ဝီနယ္ဒမ္၊ဒြန္နာရမ္မာ၊ဟာကီမီတို႔ကိုသူရဲေကာင္းသဖြယ္ပရိသတ္မ်ားႏွင့္မိတ္ဆက္ခဲ့ပါေသးတယ္။