စပါးစ်ကစားသမားနှစ်ဦး ကိုဗစ်ကူးစက်ခံရမှုကြောင့် နယူးကာဆယ်အပါအဝင် သုံးပွဲအထိလွဲမည်

စပါးစ်ဟာကစားသမားနှစ်ဦးကိုဗစ်ကူးစက်ခြင်းခံရမှုကြောင့်လာမယ့်ပွဲသုံးပွဲအထိလွဲချော်နိုင်တာကြောင့်အထိနာလျက်ရှိပါတယ်။

စပါးစ်နည်းပြနူနိုကတနင်္ဂနွေနေ့တွင်နယူးကာဆယ်အားစိန့်ဂျိမ်းစ်ပါ့ခ်သို့သွားရောက်ရမယ့်ပွဲမတိုင်မီအသင်းတွင်ကြီးမားတဲ့အခက်အခဲကြုံနေရကြောင်းဝန်ခံသွားခဲ့ပါတယ်။

ကိုဗစ်ကူးစက်ခြင်းခံရတဲ့စပါးစ်ကစားသမားနှစ်ဦးတို့ရဲ့အမည်ကိုနူနိုကအတည်ပြုပြောကြားခြင်းမရှိပေမယ့်၎င်းတို့နှစ်ဦးဟာ၁၀ရက်ကြာကွာရန်တင်းဝင်ရပါမယ်။

နူနိုက “နိုင်ငံတကာပွဲကစားပြီးတဲ့အချိန်မှာပြဿနာအကြီးကြီးတွေကအမြဲဖြစ်တတ်ပါတယ်။ကျွန်တော်တို့မှာလည်းပြဿနာတွေရှိပါတယ်။ပွဲမတိုင်ခင်တော့ပြောမှာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ကိုဗစ်ကူးစက်ခံရသူနှစ်ဦးဟာနယူးကာဆယ်၊ဝက်စ်ဟမ်းတို့နှင့်ပရီးမီးယားလိဂ်ပွဲများအပြင်ဗီတက်စ်ဆီနှင့်ရင်ဆိုင်ကစားရမယ့်ယူရိုပါကွန်ဖရင့်လိဂ်ပွဲစဉ်တို့ကိုလွဲပါမယ်။

စပါးစ်ဟာတောင်အမေရိကသို့ကမ္ဘာ့ဖလားခြေစစ်ပွဲသွားကစားကြတဲ့ခရစ္စတီယန်ရိုမဲရိုး၊ဂျီယိုဗန်နီလိုဆယ်ဆို၊ဒါဗီဆင်ဆန်းချက်ဇ်နှင့်အီမာဆင်ရွိုင်ရယ်တို့ကိုနယူးကာဆယ်နှင့်ပွဲတွင်အသုံးပြုရန်စဉ်းစားနေပါတယ်။

ZawGyi

စပါးစ္ကစားသမားႏွစ္ဦး ကိုဗစ္ကူးစက္ခံရမႈေၾကာင့္ နယူးကာဆယ္အပါအဝင္ သုံးပြဲအထိလြဲမည္

စပါးစ္ဟာကစားသမားႏွစ္ဦးကိုဗစ္ကူးစက္ျခင္းခံရမႈေၾကာင့္လာမယ့္ပြဲသုံးပြဲအထိလြဲေခ်ာ္ႏိုင္တာေၾကာင့္အထိနာလ်က္ရွိပါတယ္။

စပါးစ္နည္းျပႏူႏိုကတနဂၤေႏြေန႔တြင္နယူးကာဆယ္အားစိန႔္ဂ်ိမ္းစ္ပါ့ခ္သို႔သြားေရာက္ရမယ့္ပြဲမတိုင္မီအသင္းတြင္ႀကီးမားတဲ့အခက္အခဲႀကဳံေနရေၾကာင္းဝန္ခံသြားခဲ့ပါတယ္။

ကိုဗစ္ကူးစက္ျခင္းခံရတဲ့စပါးစ္ကစားသမားႏွစ္ဦးတို႔ရဲ႕အမည္ကိုႏူႏိုကအတည္ျပဳေျပာၾကားျခင္းမရွိေပမယ့္၎တို႔ႏွစ္ဦးဟာ၁၀ရက္ၾကာကြာရန္တင္းဝင္ရပါမယ္။

ႏူႏိုက “ႏိုင္ငံတကာပြဲကစားၿပီးတဲ့အခ်ိန္မွာျပႆနာအႀကီးႀကီးေတြကအၿမဲျဖစ္တတ္ပါတယ္။ကြၽန္ေတာ္တို႔မွာလည္းျပႆနာေတြရွိပါတယ္။ပြဲမတိုင္ခင္ေတာ့ေျပာမွာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ကိုဗစ္ကူးစက္ခံရသူႏွစ္ဦးဟာနယူးကာဆယ္၊ဝက္စ္ဟမ္းတို႔ႏွင့္ပရီးမီးယားလိဂ္ပြဲမ်ားအျပင္ဗီတက္စ္ဆီႏွင့္ရင္ဆိုင္ကစားရမယ့္ယူ႐ိုပါကြန္ဖရင့္လိဂ္ပြဲစဥ္တို႔ကိုလြဲပါမယ္။

စပါးစ္ဟာေတာင္အေမရိကသို႔ကမာၻ႔ဖလားေျခစစ္ပြဲသြားကစားၾကတဲ့ခရစၥတီယန္႐ိုမဲ႐ိုး၊ဂ်ီယိုဗန္နီလိုဆယ္ဆို၊ဒါဗီဆင္ဆန္းခ်က္ဇ္ႏွင့္အီမာဆင္႐ြိဳင္ရယ္တို႔ကိုနယူးကာဆယ္ႏွင့္ပြဲတြင္အသုံးျပဳရန္စဥ္းစားေနပါတယ္။