စပါးစ်ကစားသမားများနှင့်ပထမဆုံး တွေ့ဆုံမှုတွင် အန်တိုနီယိုကွန်တီ ဘာပြောခဲ့လဲ?

စပါးစ်သစ်နည်းပြအန်တိုနီယိုကွန်တီဟာစပါးစ်ကစားသမားများနှင့်ပထမဆုံးအကြိမ်တွေ့ဆုံမှုတွင်ကလပ်နှင့်ပရိသတ်တို့အတွက်တာဝန်ယူမှုတာဝန်ခံမှုပိုမိုပြသကြရန်ပြောကြားခဲ့ကြောင်း အသင်းခေါင်းဆောင်ဟူဂိုလိုရစ်ကဖွင့်ဟပြောကြားလာပါတယ်။

အသက်၅၂နှစ်ရှိကွန်တီဟာအင်္ဂါနေ့တုန်းကတစ်နှစ်ခွဲစာချုပ်ဖြင့်စပါးစ်နည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။

ချဲလ်ဆီးနည်းပြဟောင်းဟာနည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံရတဲ့နေ့တွင်ပင်စပါးစ်အသင်းကိုစတင်လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီးယနေ့ညဗီတက်စ်ဆီနှင့်ပွဲတွင်စပါးစ်အသင်းကိုစတင်ကြီးကြပ်မှုပြုလုပ်သွားပါမယ်။

အသက်၃၄နှစ်ရှိပြင်သစ်လက်ရွေးစင်ဂိုးသမားက “တကယ့်ရိုးရိုးလေးပါ။သူကရည်မှန်းချက်ကြီးတဲ့သူပါ။အဝတ်အစားလဲခန်းမှာရှိတဲ့လူတိုင်းကိုသူ့ဘက်ကအပြည့်အဝယုံကြည်မှုရှိတယ်။သူဟာအသင်းတိုးတက်လာဖို့အတွက်အကောင်းဆုံးလုပ်ပေးဖို့အသင့်ရှိနေတဲ့သူပါ။ကျွန်တော်တို့ဘက်ကလည်းကလပ်နဲ့ပရိသတ်တွေကိုပိုပြီးတော့တာဝန်ယူမှုတာဝန်ခံမှုပြသရပါမယ်။ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာအကောင်းဆုံးနည်းပြတွေထဲကတစ်ဦးလက်အောက်မှာအလုပ်လုပ်ခွင့်ရတာတကယ့်ကိုကြီးမားတဲ့အခွင့်အရေးပါ။အလုပ်လုပ်ရမယ့်အချိန်ရောက်လာပါပြီ။ကိုယ့်ကိုယ်ကိုအပေါ်မှာရောအသင်းအပေါ်မှာပါ ယုံကြည်မှုရှိရမယ့်အချိန်ရောက်လာပါပြီ။ကျွန်တော်တို့တစ်ဆင့်ပြီးတစ်ဆင့် ကြိုးစားလုပ်ဆောင်ပြီးပန်းတိုင်သို့ချီတက်ရပါမယ်”လို့ပြောကြားသွားပါတယ်။

ဟူဂိုလိုရစ်ဟာယခုရာသီအကုန်တွင်စပါးစ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်ပါတယ်။ဒါပေမယ့်သူဟာစပါးစ်အသင်းဘက်ကစာချုပ်သစ်နှင့်ပတ်သက်ပြီးတစ်စုံတစ်ရာကမ်းလှမ်းမှုမရရှိသေးတဲ့သူဖြစ်ပါတယ်။

ZawGyi

စပါးစ္ကစားသမားမ်ားႏွင့္ပထမဆုံး ေတြ႕ဆုံမႈတြင္ အန္တိုနီယိုကြန္တီ ဘာေျပာခဲ့လဲ?

စပါးစ္သစ္နည္းျပအန္တိုနီယိုကြန္တီဟာစပါးစ္ကစားသမားမ်ားႏွင့္ပထမဆုံးအႀကိမ္ေတြ႕ဆုံမႈတြင္ကလပ္ႏွင့္ပရိသတ္တို႔အတြက္တာဝန္ယူမႈတာဝန္ခံမႈပိုမိုျပသၾကရန္ေျပာၾကားခဲ့ေၾကာင္း အသင္းေခါင္းေဆာင္ဟူဂိုလိုရစ္ကဖြင့္ဟေျပာၾကားလာပါတယ္။

အသက္၅၂ႏွစ္ရွိကြန္တီဟာအဂၤါေန႔တုန္းကတစ္ႏွစ္ခြဲစာခ်ဳပ္ျဖင့္စပါးစ္နည္းျပအျဖစ္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။

ခ်ဲလ္ဆီးနည္းျပေဟာင္းဟာနည္းျပသစ္အျဖစ္ခန႔္အပ္ျခင္းခံရတဲ့ေန႔တြင္ပင္စပါးစ္အသင္းကိုစတင္ေလ့က်င့္မႈမ်ားျပဳလုပ္ခဲ့ၿပီးယေန႔ညဗီတက္စ္ဆီႏွင့္ပြဲတြင္စပါးစ္အသင္းကိုစတင္ႀကီးၾကပ္မႈျပဳလုပ္သြားပါမယ္။

အသက္၃၄ႏွစ္ရွိျပင္သစ္လက္ေ႐ြးစင္ဂိုးသမားက “တကယ့္႐ိုး႐ိုးေလးပါ။သူကရည္မွန္းခ်က္ႀကီးတဲ့သူပါ။အဝတ္အစားလဲခန္းမွာရွိတဲ့လူတိုင္းကိုသူ႔ဘက္ကအျပည့္အဝယုံၾကည္မႈရွိတယ္။သူဟာအသင္းတိုးတက္လာဖို႔အတြက္အေကာင္းဆုံးလုပ္ေပးဖို႔အသင့္ရွိေနတဲ့သူပါ။ကြၽန္ေတာ္တို႔ဘက္ကလည္းကလပ္နဲ႔ပရိသတ္ေတြကိုပိုၿပီးေတာ့တာဝန္ယူမႈတာဝန္ခံမႈျပသရပါမယ္။ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းမွာအေကာင္းဆုံးနည္းျပေတြထဲကတစ္ဦးလက္ေအာက္မွာအလုပ္လုပ္ခြင့္ရတာတကယ့္ကိုႀကီးမားတဲ့အခြင့္အေရးပါ။အလုပ္လုပ္ရမယ့္အခ်ိန္ေရာက္လာပါၿပီ။ကိုယ့္ကိုယ္ကိုအေပၚမွာေရာအသင္းအေပၚမွာပါ ယုံၾကည္မႈရွိရမယ့္အခ်ိန္ေရာက္လာပါၿပီ။ကြၽန္ေတာ္တို႔တစ္ဆင့္ၿပီးတစ္ဆင့္ ႀကိဳးစားလုပ္ေဆာင္ၿပီးပန္းတိုင္သို႔ခ်ီတက္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

ဟူဂိုလိုရစ္ဟာယခုရာသီအကုန္တြင္စပါးစ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္သူျဖစ္ပါတယ္။ဒါေပမယ့္သူဟာစပါးစ္အသင္းဘက္ကစာခ်ဳပ္သစ္ႏွင့္ပတ္သက္ၿပီးတစ္စုံတစ္ရာကမ္းလွမ္းမႈမရရွိေသးတဲ့သူျဖစ္ပါတယ္။