စပါးစ်ကစားသမားများနှင့် နည်းပြနိုနိုအကြား ဆက်ဆံရေး ဆိုးရွားသထက် ဆိုးရွားလာနေ

စပါးစ်နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုအားရာသီအစရလဒ်ကောင်းများရယူနိုင်ခဲ့သော်လည်းရလဒ်ဆိုးရွားလာပြီးနောက်ပိုင်းတွင်ကစားသမားများအား သူ့ညွှန်ကြားချက်အတိုင်းလိုက်နာအောင်လုပ်ဆောင်ရန်ရုန်းကန်လာရကြောင်းသိရပါတယ်။

ယင်းရဲ့အကျိုးအဆက်အဖြစ်နူနိုနှင့်စပါးစ်ကစားသမားများအကြားဆက်ဆံရေးအခြေအနေမှာဆိုးရွားသထက်ဆိုးရွားလာနေပါတယ်။ယင်းသို့အခြေအနေများကြောင့်ကလပ်အတွင်းဆက်ဆံရေးအခြေအနေမှာဆိုးဝါးလာနေပါတယ်။

စပါးစ်ကစားသမားများဟာနူနိုရဲ့နည်းပြစနစ်များအပေါ်နှစ်သက်သော်လည်းပေါ်တူဂီလူမျိုးနည်းပြကိုနှစ်သက်ကြခြင်းမရှိပါဘူး။

ရာသီအစတုန်းကပရီးမီးယားလိဂ်တွင်သုံးပွဲဆက်နိုင်ပွဲရယူထားနိုင်သော်လည်းစပါးစ်ကစားသမားများနှင့်နူနိုနှင့်ဆက်ဆံရေးမှာကောင်းမွန်ခဲ့ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကမြောက်လန်ဒန်ဒါဘီပွဲစဉ်တွင်အာဆင်နယ်အား၃-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမတိုင်မီတွင်မူနူနိုနှင့်စပါးစ်ကစားသမားများဆက်ဆံရေးမှာဆိုးသထက်ဆိုးနေပါတယ်။

အာဆင်နယ်နှင့်ပွဲမတိုင်မီတစ်ရက်အလိုတွင်နူနိုဟာနည်းစနစ်ပိုင်း၊ဗျူဟာပိုင်း၊ပွဲထွက်အခင်းအကျင်းပိုင်းကိုအပြောင်းအလဲလုပ်ခဲ့ပြီးကစားသမားများကသူညွှန်ကြားချက်အတိုင်းလိုက်နာရန်ငြင်းဆိုခဲ့ပါတယ်။

ဒါကြောင့်လည်းအာဆင်နယ်နှင့်ရှုံးပွဲအပြီးအင်တာဗျူးတွင်နူနိုကစပါးစ်ကစားသမားအချို့တို့မှာသူ့ညွှန်ကြားချက်အတိုင်းလိုက်နာကစားခြင်းမရှိကြောင်းလူသိရှင်ကြားဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။

ZawGyi

စပါးစ္ကစားသမားမ်ားႏွင့္ နည္းျပႏိုႏိုအၾကား ဆက္ဆံေရး ဆိုး႐ြားသထက္ ဆိုး႐ြားလာေန

စပါးစ္နည္းျပႏူႏိုအက္စ္ပီရီတိုဆန္တိုအားရာသီအစရလဒ္ေကာင္းမ်ားရယူႏိုင္ခဲ့ေသာ္လည္းရလဒ္ဆိုး႐ြားလာၿပီးေနာက္ပိုင္းတြင္ကစားသမားမ်ားအား သူ႔ၫႊန္ၾကားခ်က္အတိုင္းလိုက္နာေအာင္လုပ္ေဆာင္ရန္႐ုန္းကန္လာရေၾကာင္းသိရပါတယ္။

ယင္းရဲ႕အက်ိဳးအဆက္အျဖစ္ႏူႏိုႏွင့္စပါးစ္ကစားသမားမ်ားအၾကားဆက္ဆံေရးအေျခအေနမွာဆိုး႐ြားသထက္ဆိုး႐ြားလာေနပါတယ္။ယင္းသို႔အေျခအေနမ်ားေၾကာင့္ကလပ္အတြင္းဆက္ဆံေရးအေျခအေနမွာဆိုးဝါးလာေနပါတယ္။

စပါးစ္ကစားသမားမ်ားဟာႏူႏိုရဲ႕နည္းျပစနစ္မ်ားအေပၚႏွစ္သက္ေသာ္လည္းေပၚတူဂီလူမ်ိဳးနည္းျပကိုႏွစ္သက္ၾကျခင္းမရွိပါဘူး။

ရာသီအစတုန္းကပရီးမီးယားလိဂ္တြင္သုံးပြဲဆက္ႏိုင္ပြဲရယူထားႏိုင္ေသာ္လည္းစပါးစ္ကစားသမားမ်ားႏွင့္ႏူႏိုႏွင့္ဆက္ဆံေရးမွာေကာင္းမြန္ခဲ့ျခင္းမရွိပါဘူး။

ၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းကေျမာက္လန္ဒန္ဒါဘီပြဲစဥ္တြင္အာဆင္နယ္အား၃-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမတိုင္မီတြင္မူႏူႏိုႏွင့္စပါးစ္ကစားသမားမ်ားဆက္ဆံေရးမွာဆိုးသထက္ဆိုးေနပါတယ္။

အာဆင္နယ္ႏွင့္ပြဲမတိုင္မီတစ္ရက္အလိုတြင္ႏူႏိုဟာနည္းစနစ္ပိုင္း၊ဗ်ဴဟာပိုင္း၊ပြဲထြက္အခင္းအက်င္းပိုင္းကိုအေျပာင္းအလဲလုပ္ခဲ့ၿပီးကစားသမားမ်ားကသူၫႊန္ၾကားခ်က္အတိုင္းလိုက္နာရန္ျငင္းဆိုခဲ့ပါတယ္။

ဒါေၾကာင့္လည္းအာဆင္နယ္ႏွင့္ရႈံးပြဲအၿပီးအင္တာဗ်ဴးတြင္ႏူႏိုကစပါးစ္ကစားသမားအခ်ိဳ႕တို႔မွာသူ႔ၫႊန္ၾကားခ်က္အတိုင္းလိုက္နာကစားျခင္းမရွိေၾကာင္းလူသိရွင္ၾကားေဝဖန္မႈျပဳလုပ္ခဲ့ပါတယ္။