စပါးစ်ကို ကိုင်တွယ်ခဲ့တဲ့ဖူးတဲ့ အသင်းများထဲတွင် မိမိနှင့် ဆက်နွယ်မှုမရှိတဲ့ တစ်သင်းတည်းသောအသင်းလို့ မော်ရင်ဟို ပြောကြားလာ

ဟိုဆေးမော်ရင်ဟိုကကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းများထဲတွင် စပါးစ်မှာ မိမိနှင့် ချိတ်ဆက်မှု မရှိတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ကြောင်း ပြောကြားလာပါတယ်။

ရိုးမားနည်းပြဟာ စပါးစ်ကို ၁၇ လကြာကိုင်တွယ်ပြီးနောက် ၂၀၂၁ ခုနှစ်၊ ဧပြီလတုန်းက ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

သူဟာ စပါးစ်အသင်းကို မကိုင်တွယ်မီ ပေါ်တို၊ ချဲလ်ဆီး၊ အင်တာမီလန်၊ ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်တို့ကို ကိုင်တွယ်ခဲ့ဖူးပါတယ်။

မော်ရင်ဟိုက “စပါးစ်ပရိသတ်တွေကို ကျွန်တော့်အပေါ် အမှားမမြင်ကြဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဒီကလပ်က ကျွန်တော့်နည်းပြဘဝမှာ ဘာနက်နဲမှုမှ ခံစားမရတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ကွင်းထဲမှာ ပရိသတ်တွေ မရှိလို့လည်း ဖြစ်နိုင်တယ်။ မစ္စတာလီဗိုင်း(စပါးစ်ဥက္ကဌ)ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥက္ကဌက ကျွနတော့်ကို ဗိုလ်လုပွဲပေးကိုင်ပြီး ဆုဖလားတစ်လုံးရအောင် လုပ်ခွင့်မပေးလို့လည်း ဖြစ်နိုင်ပါတယ်”လို့ ပြောကြားသွားပါတယ်။

မော်ရင်ဟိုဟာ စပါးစ်နည်းပြရာထူးကို ဖီယင်နုနည်းပြဆလော့က ငြင်းဆိုကြောင်း လူသိရှင်ကြား ပြောကြားလာပြီးနောက် အထက်ပါအတိုင်းပြောကြားလာတာ ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ စပါးစ်ကို ကိုင်တွယ်စဉ်တုန်းက ခါရာဘောင်ဖလားဗိုလ်လုပွဲသို့ ပို့ဆောင်နိုင်ခဲ့ပေမဲ့လည်း ဗိုလ်လုပွဲကစားရန် ရက်ပိုင်းမျှသာလိုတော့တဲ့အချိန်တွင် ထုတ်ပယ်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ မော်ရင်ဟိုဟာ ရိုးမားသို့ ရောက်လာချိန်တွင် ယူရိုပါကွန်ဖရင့်လိဂ်ရယူပေးထားသလို ယခုရာသီတွင်လည်း ယူရိုပါလိဂ်ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးထားပါတယ်။