စပါးစ်ကို ပရီးမီးယားလိဂ်ပွဲ ၁၀ ပွဲကိုင်တွယ်ခဲ့ရသေးတဲ့ နူနိုကို စပါးစ်ထုတ်ပယ်

စပါးစ်ဟာအသင်းကိုလေးလတည်းသာကိုင်တွယ်ရသေးတဲ့နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုအားရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။

စပါးစ်ဘုတ်အဖွဲ့ဟာစနေနေ့တုန်းကလန်ဒန်ကွင်းတွင်မန်ယူကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်အရေးပေါ်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကာဆန်တိုကိုထုတ်ပယ်လိုက်တာလည်းဖြစ်ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြဟာစပါးစ်ကိုပရီးမီးယားလိဂ်ပွဲ၁၀ပွဲတည်းသာကိုင်တွယ်ခဲ့ရပြီး၅ပွဲရှုံးနိမ့်ခဲ့ပါတယ်။နူနိုဟာလွန်ခဲ့တဲ့နာရီအနည်းငယ်တုန်းကစပါးစ်လေ့ကျင့်ရေးကွင်းသို့ရောက်လာပြီးနောက်ရာထူးမှထုတ်ပယ်ခြင်းခံလိုက်ရပြီဖြစ်ကြောင်းအသိပေးခံလိုက်ရပါတယ်။

စပါးစ်ဟာနူနိုနှင့်အတူသူ့ရဲ့နည်းပြအဖွဲ့ဝင်များအားလုံးကိုလည်းရာထူးမှထုတ်ပယ်မှုပြုလုပ်လိုက်ပါတယ်။

လက်ရှိအချိန်တွင်လစ်လပ်နေတဲ့စပါးစ်နည်းပြရာထူးအတွက်ထိပ်ဆုံးကရေပန်းစားနေတာကအီတလီနည်းပြဟောင်းအန်တိုနီယိုကွန်တီဖြစ်ပါတယ်။ကွန်တီဟာအစောပိုင်းတုန်းကမန်ယူနည်းပြရာထူးအတွက်ထိပ်ဆုံးမှသတင်းပြေးခဲ့ပေမယ့်ဆိုးလ်ရှားမှစပါးစ်ကိုအနိုင်ရရှိမှုနဲ့အတူဖိအားလျှော့သွားပြီဖြစ်ပါတယ်။

ကွန်တီပြီးလျှင်စပါးစ်နည်းပြရာထူးအတွက်ရေပန်းစားနေသူများကတော့ဂရေဟမ်ပေါ့တာ၊ပေါလ်လိုဖွန်ဆီကာ၊ရွိုင်ယန်မေဆင်၊ဘရန်ဒန်ရော်ဂျာနှင့်အက်ဒီဟိုဝီတို့ဖြစ်ပါတယ်။

ZawGyi

စပါးစ္ကို ပရီးမီးယားလိဂ္ပြဲ ၁၀ ပြဲကိုင္တြယ္ခဲ့ရေသးတဲ့ ႏူႏိုကို စပါးစ္ထုတ္ပယ္

စပါးစ္ဟာအသင္းကိုေလးလတည္းသာကိုင္တြယ္ရေသးတဲ့နည္းျပႏူႏိုအက္စ္ပီရီတိုဆန္တိုအားရာထူးမွထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္။

စပါးစ္ဘုတ္အဖြဲ႕ဟာစေနေန႔တုန္းကလန္ဒန္ကြင္းတြင္မန္ယူကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္အေရးေပၚေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ကာဆန္တိုကိုထုတ္ပယ္လိုက္တာလည္းျဖစ္ပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပဟာစပါးစ္ကိုပရီးမီးယားလိဂ္ပြဲ၁၀ပြဲတည္းသာကိုင္တြယ္ခဲ့ရၿပီး၅ပြဲရႈံးနိမ့္ခဲ့ပါတယ္။ႏူႏိုဟာလြန္ခဲ့တဲ့နာရီအနည္းငယ္တုန္းကစပါးစ္ေလ့က်င့္ေရးကြင္းသို႔ေရာက္လာၿပီးေနာက္ရာထူးမွထုတ္ပယ္ျခင္းခံလိုက္ရၿပီျဖစ္ေၾကာင္းအသိေပးခံလိုက္ရပါတယ္။

စပါးစ္ဟာႏူႏိုႏွင့္အတူသူ႔ရဲ႕နည္းျပအဖြဲ႕ဝင္မ်ားအားလုံးကိုလည္းရာထူးမွထုတ္ပယ္မႈျပဳလုပ္လိုက္ပါတယ္။

လက္ရွိအခ်ိန္တြင္လစ္လပ္ေနတဲ့စပါးစ္နည္းျပရာထူးအတြက္ထိပ္ဆုံးကေရပန္းစားေနတာကအီတလီနည္းျပေဟာင္းအန္တိုနီယိုကြန္တီျဖစ္ပါတယ္။ကြန္တီဟာအေစာပိုင္းတုန္းကမန္ယူနည္းျပရာထူးအတြက္ထိပ္ဆုံးမွသတင္းေျပးခဲ့ေပမယ့္ဆိုးလ္ရွားမွစပါးစ္ကိုအႏိုင္ရရွိမႈနဲ႔အတူဖိအားေလွ်ာ့သြားၿပီျဖစ္ပါတယ္။

ကြန္တီၿပီးလွ်င္စပါးစ္နည္းျပရာထူးအတြက္ေရပန္းစားေနသူမ်ားကေတာ့ဂေရဟမ္ေပါ့တာ၊ေပါလ္လိုဖြန္ဆီကာ၊႐ြိဳင္ယန္ေမဆင္၊ဘရန္ဒန္ေရာ္ဂ်ာႏွင့္အက္ဒီဟိုဝီတို႔ျဖစ္ပါတယ္။