
လက်စတာပရိသတ်တစ်ဦးဟာစပါးစ်ကို၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်အတွင်းတွင်စပါးစ်အသင်းရဲ့ဆုဖလားလက်မဲ့ဖြစ်နေမှုအား ဆုဖလားမဲ့ဆုဖလားခန်းဓာတ်ပုံတစ်ပုံကိုပြသပြီးလှောင်ပြောင်မှုပြုလုပ်ခဲ့ပါတယ်။
ဘရန်ဒန်ရော်ဂျာရဲ့လက်စတာဟာအန်တိုနီယိုကွန်တီရဲ့စပါးစ်ကိုနောက်ကလိုက်ကစားခဲ့ရပေမဲ့လည်း၄-၁ဂိုးဖြင့်အပြတ်အသတ်အနိုင်ယူခဲ့ပါတယ်။
စပါးစ်ဟာလက်စတာကိုရှုံးနိမ့်ခဲ့ပေမဲ့ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၅နေရာမှာရပ်တည်နေတုန်းဖြစ်သလို အက်ဖ်အေဖလားနှင့်ချန်ပီယံလိဂ်တို့မှာလည်းရှိနေတုန်းဖြစ်ပါတယ်။
ဒါပေမဲ့စပါးစ်အသင်းဟာ၂၀၀၈ခုနှစ်တုန်းကခါရာဘောင်ဖလားဆွတ်ခူးပြီးနောက်ပိုင်းတွင်၁၅နှစ်တိုင်တိုင်ဆုဖလားလက်မဲ့ဖြစ်နေခဲ့တာဖြစ်ပါတယ်။
တဖက်တွင်လက်စတာကတော့ယင်းကာလအတွင်းတွင်ပရီးမီးယားလိဂ်ဖလားနှင့်အက်ဖ်အေဖလားတို့ဆွတ်ခူးထားနိုင်ပါတယ်။
ဒါကြောင့်လည်းအိမ်ရှင်လက်စတာပရိသတ်တစ်ဦးဟာဆုဖလားမဲ့ဆုဖလားခန်းတစ်ခုပုံကိုပြိုင်ဘက်စပါးစ်ပရိသတ်များကိုပြသပြီးလှောင်ပြောင်မှုပြုလုပ်ခဲ့ပါတယ်။
စပါးစ်ဟာယခုရာသီတွင်ဆက်တိုက်အကောင်းဆုံးပုံစံရရှိရန်ရုန်းကန်ရပေမဲ့လည်းအက်ဖ်အေဖလားနှင့်ချန်ပီယံလိဂ်ဖလားပြိုင်ပွဲတို့ဆက်ပြိုင်နေရသေးမှုနဲ့အတူ ဆုဖလားလက်မဲ့ဖြစ်မှုအဆုံးသတ်နိုင်ရန်မျှော်လင့်နေပါတယ်။
၎င်းတို့ဟာအက်ဖ်အေဖလားပဥ္စမအဆင့်ပွဲစဉ်အဖြစ်မတ်လ၁ရက်နေ့တွင် ချန်ပီယံရှစ်ကလပ်ရှက်ဖီးလ်ယူနိုက်တက်နှင့်ရင်ဆိုင်ကစားရပါမယ်။
၎င်းတို့ဟာလာမယ့်အင်္ဂါနေ့တွင်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်ပထမအကျော့ပွဲစဉ်အဖြစ်အိမ်ကွင်းမှာအေစီမီလန်ကိုဧည့်ခံကစားရပါမယ်။
ZawGyi
စပါးစ္ကို ဖလားမဲ့ ဆုဖလားခန္းဓာတ္ပုံျဖင့္ လက္စတာပရိသတ္ေလွာင္ေျပာင္
လက္စတာပရိသတ္တစ္ဦးဟာစပါးစ္ကို၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္အတြင္းတြင္စပါးစ္အသင္းရဲ႕ဆုဖလားလက္မဲ့ျဖစ္ေနမႈအား ဆုဖလားမဲ့ဆုဖလားခန္းဓာတ္ပုံတစ္ပုံကိုျပသၿပီးေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ပါတယ္။
ဘရန္ဒန္ေရာ္ဂ်ာရဲ႕လက္စတာဟာအန္တိုနီယိုကြန္တီရဲ႕စပါးစ္ကိုေနာက္ကလိုက္ကစားခဲ့ရေပမဲ့လည္း၄-၁ဂိုးျဖင့္အျပတ္အသတ္အႏိုင္ယူခဲ့ပါတယ္။
စပါးစ္ဟာလက္စတာကိုရႈံးနိမ့္ခဲ့ေပမဲ့ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၅ေနရာမွာရပ္တည္ေနတုန္းျဖစ္သလို အက္ဖ္ေအဖလားႏွင့္ခ်န္ပီယံလိဂ္တို႔မွာလည္းရွိေနတုန္းျဖစ္ပါတယ္။
ဒါေပမဲ့စပါးစ္အသင္းဟာ၂၀၀၈ခုႏွစ္တုန္းကခါရာေဘာင္ဖလားဆြတ္ခူးၿပီးေနာက္ပိုင္းတြင္၁၅ႏွစ္တိုင္တိုင္ဆုဖလားလက္မဲ့ျဖစ္ေနခဲ့တာျဖစ္ပါတယ္။
တဖက္တြင္လက္စတာကေတာ့ယင္းကာလအတြင္းတြင္ပရီးမီးယားလိဂ္ဖလားႏွင့္အက္ဖ္ေအဖလားတို႔ဆြတ္ခူးထားႏိုင္ပါတယ္။
ဒါေၾကာင့္လည္းအိမ္ရွင္လက္စတာပရိသတ္တစ္ဦးဟာဆုဖလားမဲ့ဆုဖလားခန္းတစ္ခုပုံကိုၿပိဳင္ဘက္စပါးစ္ပရိသတ္မ်ားကိုျပသၿပီးေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ပါတယ္။
စပါးစ္ဟာယခုရာသီတြင္ဆက္တိုက္အေကာင္းဆုံးပုံစံရရွိရန္႐ုန္းကန္ရေပမဲ့လည္းအက္ဖ္ေအဖလားႏွင့္ခ်န္ပီယံလိဂ္ဖလားၿပိဳင္ပြဲတို႔ဆက္ၿပိဳင္ေနရေသးမႈနဲ႔အတူ ဆုဖလားလက္မဲ့ျဖစ္မႈအဆုံးသတ္ႏိုင္ရန္ေမွ်ာ္လင့္ေနပါတယ္။
၎တို႔ဟာအက္ဖ္ေအဖလားပၪၥမအဆင့္ပြဲစဥ္အျဖစ္မတ္လ၁ရက္ေန႔တြင္ ခ်န္ပီယံရွစ္ကလပ္ရွက္ဖီးလ္ယူႏိုက္တက္ႏွင့္ရင္ဆိုင္ကစားရပါမယ္။
၎တို႔ဟာလာမယ့္အဂၤါေန႔တြင္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္ပထမအေက်ာ့ပြဲစဥ္အျဖစ္အိမ္ကြင္းမွာေအစီမီလန္ကိုဧည့္ခံကစားရပါမယ္။