စပါးစ်ကို ရောင်းချတော့မယ်လို့ သတင်းထွက်ပေါ်လာမှုကို စပါးစ်ပိုင်ရှင်တုံ့ပြန်လာ

စပါးစ်အသင်းပိုင်ရှင်တို့ကကလပ်ကိုရောင်းချရန်အစီအစဉ်မရှိဘဲနှစ်ရှည်အစီအစဉ်ဖြင့်ဦးဆောင်သွားရန်စီစဉ်ထားကြောင်းဆိုလာပါတယ်။

မနေ့တုန်းကဘီလျှံနာဂျမ်နာဂျာဖီဟာမြောက်လန်ဒန်ကလပ်ကိုပေါင်၃.၁ဘီလီယံဖြင့်ဝယ်ယူရန်စီစဉ်နေကြောင်းသတင်းထွက်ခဲ့ပါတယ်။

ဒါပေမဲ့အီရန်-အမေရိကန်ဘီလျှံနာဟာစပါးစ်ကိုဝယ်ယူရေးတရားဝင်ချဉ်းကပ်လာခြင်းမရှိသေးပါဘူး။

နာဂျာဖီဟာအားကစားရင်းနှီးမြှပ်နှံရေးကုမ္ပဏီ MSP Sports Capital ရဲ့ဥက္ကဌတစ်ဦးဖြစ်ပြီးစပါးစ်ကိုဝယ်ယူရန်စီစဉ်နေကြောင်းသတင်းထွက်နေပါတယ်။

သူဟာလွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်ခန့်တုန်းကစပါးစ်ပိုင်ရှင်ဂျိုးလူးဝစ်နှင့်ဥက္ကဌဒါနီရယ်လီဗိုင်းတို့အားဆက်သွယ်ခဲ့ကြောင်းလည်းသိရပါတယ်။

နာဂျာဖီဟာ NBA အသင်းPhoenix Suns ရဲ့ရှယ်ယာရှင်တစ်ဦးလည်းဖြစ်ပါတယ်။

ဒါပေမဲ့စပါးစ်ပိုင်ရှင်ဂျိုးလူးဝစ်ဟာစပါးစ်ကိုရောင်းချရန်အစီအစဉ်မရှိဘဲနှစ်ရှည်စီမံကိန်းရေးဆွဲကာဦးဆောင်သွားရန်စီစဉ်ထားပါတယ်။

၎င်းတို့ဟာပေါင်၁ဘီလီယံအကုန်အကျခံကာTottenham Hotspurကွင်းကိုလည်းတည်ဆောက်ထားပါတယ်။

ဒါပေမဲ့၎င်းတို့ဟာဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တုန်းကအသင်းတွင်ရင်းနှီးမြှပ်နှံမှုနည်းပါးမှုအတွက်ပရိသတ်များရဲ့ဆန္ဒပြမှုနှင့်ကြုံခဲ့ရပါတယ်။

ZawGyi

စပါးစ္ကို ေရာင္းခ်ေတာ့မယ္လို႔ သတင္းထြက္ေပၚလာမႈကို စပါးစ္ပိုင္ရွင္တုံ႔ျပန္လာ

စပါးစ္အသင္းပိုင္ရွင္တို႔ကကလပ္ကိုေရာင္းခ်ရန္အစီအစဥ္မရွိဘဲႏွစ္ရွည္အစီအစဥ္ျဖင့္ဦးေဆာင္သြားရန္စီစဥ္ထားေၾကာင္းဆိုလာပါတယ္။

မေန႔တုန္းကဘီလွ်ံနာဂ်မ္နာဂ်ာဖီဟာေျမာက္လန္ဒန္ကလပ္ကိုေပါင္၃.၁ဘီလီယံျဖင့္ဝယ္ယူရန္စီစဥ္ေနေၾကာင္းသတင္းထြက္ခဲ့ပါတယ္။

ဒါေပမဲ့အီရန္-အေမရိကန္ဘီလွ်ံနာဟာစပါးစ္ကိုဝယ္ယူေရးတရားဝင္ခ်ဥ္းကပ္လာျခင္းမရွိေသးပါဘူး။

နာဂ်ာဖီဟာအားကစားရင္းႏွီးျမႇပ္ႏွံေရးကုမၸဏီ MSP Sports Capital ရဲ႕ဥကၠဌတစ္ဦးျဖစ္ၿပီးစပါးစ္ကိုဝယ္ယူရန္စီစဥ္ေနေၾကာင္းသတင္းထြက္ေနပါတယ္။

သူဟာလြန္ခဲ့တဲ့ရက္သတၱပတ္အနည္းငယ္ခန႔္တုန္းကစပါးစ္ပိုင္ရွင္ဂ်ိဳးလူးဝစ္ႏွင့္ဥကၠဌဒါနီရယ္လီဗိုင္းတို႔အားဆက္သြယ္ခဲ့ေၾကာင္းလည္းသိရပါတယ္။

နာဂ်ာဖီဟာ NBA အသင္းPhoenix Suns ရဲ႕ရွယ္ယာရွင္တစ္ဦးလည္းျဖစ္ပါတယ္။

ဒါေပမဲ့စပါးစ္ပိုင္ရွင္ဂ်ိဳးလူးဝစ္ဟာစပါးစ္ကိုေရာင္းခ်ရန္အစီအစဥ္မရွိဘဲႏွစ္ရွည္စီမံကိန္းေရးဆြဲကာဦးေဆာင္သြားရန္စီစဥ္ထားပါတယ္။

၎တို႔ဟာေပါင္၁ဘီလီယံအကုန္အက်ခံကာTottenham Hotspurကြင္းကိုလည္းတည္ေဆာက္ထားပါတယ္။

ဒါေပမဲ့၎တို႔ဟာဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကအသင္းတြင္ရင္းႏွီးျမႇပ္ႏွံမႈနည္းပါးမႈအတြက္ပရိသတ္မ်ားရဲ႕ဆႏၵျပမႈႏွင့္ႀကဳံခဲ့ရပါတယ္။