စပါးစ်ကို ရှုံးနိမ့်တဲ့ပွဲမှာ လမ်းပိတ်နေတဲ့ ဒိုင်လူကြီးမာရီနာကို တွန်းလှဲခဲ့တဲ့ လိဒ်စတားဖီးလစ်

လိဒ်ကစပါးစ်ကိုရှုံးနိမ့်တဲ့ပွဲမှာလိဒ်ကွင်းလယ်ကစားသမားကီဗင်ဖီးလစ်ဟာဒိုင်လူကြီးအင်ဒရေမာရီနာအားတွန်းလှဲပြီးကွင်းမြက်ခင်းမှာအနားပေးခဲ့တဲ့ရယ်စရာဖြစ်ပျက်ခဲ့ပါတယ်။

မြောက်လန်ဒန်မှာကစားတဲ့ယင်းပွဲမှာမာဆယ်လိုဘီရယ်ဆာရဲ့အသင်းဟာဒန်ဂျိမ်းစ်ရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးပွဲကအကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်အန်တိုနီယိုကွန်တီရဲ့စပါးစ်ဟာပီယာရီအီမီလီဟိုဘတ်၊ဆာဂျီယိုရီဂူလွန်တို့ရဲ့သွင်းဂိုးကိုလိဒ်ကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ကွန်တီဟာအင်္ဂလန်သို့တကျော့ပြန်ရောက်လာပြီးနောက်ပထမဆုံးပရီးမီးယားလိဂ်နိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါပွဲရဲ့ပထမပိုင်းမှာဂိုးမရှိသရေကျနေစဉ်လူပြောများခဲ့တဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။

ပထမပိုင်းမှာလိဒ်ဟာဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့်စပါးစ်ကိုဖိအားပေးမှုပြုလုပ်ခဲ့ပါတယ်။တစ်ကြိမ်တွင်စပါးစ်ဟာနောက်တန်းတွင်ဘောလုံးအပေးအယူလုပ်နေခဲ့ပြီးတန်ဂန်ဂါကအလယ်တန်းမှဟိုဘတ်ထံသို့ဘောလုံးပေးပို့လာပါတယ်။ဒိန်းမတ်ကွင်းလယ်ကစားသမားဟာရှေ့သို့ဆွဲပြေးရန်ကြိုးပမ်းခဲ့ပြီးအင်္ဂလန်ကွင်းလယ်ကစားသမားကီဗင်ဖီးလစ်ကလည်းဘောလုံးဖျက်နိုင်ဖို့ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့်ကွင်းလယ်ဒိုင်လူကြီးမာရီနာကသူ့လမ်းကြောင်းကိုပိတ်သလိုဖြစ်နေခဲ့ပါတယ်။ဖီးလစ်ဟာဒိုင်လူကြီးမာရီနာတွန်းလှဲပြီးဘောလုံးနောက်သို့လိုက်ခဲ့ပါတယ်။

ဒိုင်လူကြီးလဲကျသွားချိန်တွင်ပရိသတ်များအော်ဟစ်လက်ခုပ်တီးခဲ့ကြပါတယ်။ဒိုင်လူကြီးဟာချက်ချင်းထပြီးဘာမှမဖြစ်ခဲ့သလိုသူ့အလုပ်ဆက်လုပ်နေခဲ့တာတွေ့ရပါတယ်။

ZawGyi

စပါးစ္ကို ရႈံးနိမ့္တဲ့ပြဲမွာ လမ္းပိတ္ေနတဲ့ ဒိုင္လူႀကီးမာရီနာကို တြန္းလွဲခဲ့တဲ့ လိဒ္စတားဖီးလစ္

လိဒ္ကစပါးစ္ကိုရႈံးနိမ့္တဲ့ပြဲမွာလိဒ္ကြင္းလယ္ကစားသမားကီဗင္ဖီးလစ္ဟာဒိုင္လူႀကီးအင္ဒေရမာရီနာအားတြန္းလွဲၿပီးကြင္းျမက္ခင္းမွာအနားေပးခဲ့တဲ့ရယ္စရာျဖစ္ပ်က္ခဲ့ပါတယ္။

ေျမာက္လန္ဒန္မွာကစားတဲ့ယင္းပြဲမွာမာဆယ္လိုဘီရယ္ဆာရဲ႕အသင္းဟာဒန္ဂ်ိမ္းစ္ရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးပြဲကအႀကိတ္အနယ္ျဖစ္ခဲ့ပါတယ္။

ဒါေပမယ့္အန္တိုနီယိုကြန္တီရဲ႕စပါးစ္ဟာပီယာရီအီမီလီဟိုဘတ္၊ဆာဂ်ီယိုရီဂူလြန္တို႔ရဲ႕သြင္းဂိုးကိုလိဒ္ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ကြန္တီဟာအဂၤလန္သို႔တေက်ာ့ျပန္ေရာက္လာၿပီးေနာက္ပထမဆုံးပရီးမီးယားလိဂ္ႏိုင္ပြဲရရွိခဲ့တာလည္းျဖစ္ပါတယ္။

အဆိုပါပြဲရဲ႕ပထမပိုင္းမွာဂိုးမရွိသေရက်ေနစဥ္လူေျပာမ်ားခဲ့တဲ့အျဖစ္အပ်က္တစ္ခုျဖစ္ခဲ့ပါတယ္။

ပထမပိုင္းမွာလိဒ္ဟာေဘာလုံးပိုင္ဆိုင္မႈအသာစီးျဖင့္စပါးစ္ကိုဖိအားေပးမႈျပဳလုပ္ခဲ့ပါတယ္။တစ္ႀကိမ္တြင္စပါးစ္ဟာေနာက္တန္းတြင္ေဘာလုံးအေပးအယူလုပ္ေနခဲ့ၿပီးတန္ဂန္ဂါကအလယ္တန္းမွဟိုဘတ္ထံသို႔ေဘာလုံးေပးပို႔လာပါတယ္။ဒိန္းမတ္ကြင္းလယ္ကစားသမားဟာေရွ႕သို႔ဆြဲေျပးရန္ႀကိဳးပမ္းခဲ့ၿပီးအဂၤလန္ကြင္းလယ္ကစားသမားကီဗင္ဖီးလစ္ကလည္းေဘာလုံးဖ်က္ႏိုင္ဖို႔ႀကိဳးပမ္းခဲ့ပါတယ္။

ဒါေပမယ့္ကြင္းလယ္ဒိုင္လူႀကီးမာရီနာကသူ႔လမ္းေၾကာင္းကိုပိတ္သလိုျဖစ္ေနခဲ့ပါတယ္။ဖီးလစ္ဟာဒိုင္လူႀကီးမာရီနာတြန္းလွဲၿပီးေဘာလုံးေနာက္သို႔လိုက္ခဲ့ပါတယ္။

ဒိုင္လူႀကီးလဲက်သြားခ်ိန္တြင္ပရိသတ္မ်ားေအာ္ဟစ္လက္ခုပ္တီးခဲ့ၾကပါတယ္။ဒိုင္လူႀကီးဟာခ်က္ခ်င္းထၿပီးဘာမွမျဖစ္ခဲ့သလိုသူ႔အလုပ္ဆက္လုပ္ေနခဲ့တာေတြ႕ရပါတယ္။