စပါးစ်ကို အနိုင်ရတဲ့ပွဲတွင် ဟူဂိုလိုရစ်ရဲ့အမှားကနေ လှပတဲ့အဆုံးသတ်ဂိုးသွင်းခဲ့တဲ့ နယူးကာဆယ်ရဲ့ဝီလ်ဆင်

ကယ်လမ်ဝီလ်ဆင်ဟာမနေ့ညတုန်းကစပါးစ်ကိုနယူးကာဆယ်က၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ဟူဂိုလိုရစ်ရဲ့အမှားကနေလှပတဲ့အဆုံးသတ်ဂိုးတစ်ဂိုးသွင်းယူခဲ့ပါတယ်။

ကြားရက်တုန်းကယူနိုက်တက်ကိုရှုံးနိမ့်ခဲ့တဲ့စပါးစ်ဟာမနေ့ညတုန်းကနယူးကာဆယ်ကိုအိမ်ကွင်းမှာဧည့်ခံကစားခဲ့ရပြီးယခုရာသီပထမဆုံးအိမ်ကွင်းရှုံးပွဲကြုံတွေ့လာခဲ့ရတာလည်းဖြစ်ပါတယ်။

စပါးစ်ဟာဒီဂျန်ကူလိုဆီစကီး၊ရီချာလီဆင်တို့ဒဏ်ရာရရှိနေမှုနှင့်အတူ တိုက်စစ်တွင်ဆန်ဟောင်မင်းနှင့်ဟယ်ရီကိန်းအတွဲနှင့်ပဲဆက်လက်ပွဲထွက်လာခဲ့ပါတယ်။

စပါးစ်ဟာဆန်ဟောင်မင်သာအစောပိုင်းတွင်ရရှိတဲ့အခွင့်အရေးကိုအသုံးချနိုင်လျှင်ဦးဆောင်ဂိုးရနိုင်မဲ့အခွင့်အရေးကြုံခဲ့ပါတယ်။

ဒါပေမဲ့မြောက်လန်ဒန်ကလပ်ဟာအမှားသင့်တဲ့အမှားကနေ မထင်မှတ်ဘဲ နယူးကာဆယ်ကိုဦးဆောင်ဂိုးပေးလိုက်ရပါတယ်။

ဖေဘီယန်ရှားကနောက်တန်းကနေ စပါးစ်ခံစစ်လိုင်းသို့ကန်တင်လိုက်တဲ့ ဘောလုံးကနေဝီလ်ဆင်ကပြေးထွက်ကန်ရန်ကြိုးပမ်းခဲ့ပါတယ်။

လိုရစ်ကပင်နယ်တီဧရိယာအပြင်သို့ပြေးထွက်ကာဘောလုံးကိုရှင်းလင်းရန်ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့သူ့ကြိုးပမ်းမှုမအောင်မြင်ခဲ့ဘဲ နယူးကာဆယ်တိုက်စစ်မှူးဝီလ်ဆင်ကပဲရရှိသွားခဲ့ကာ အကာအကွယ်မဲ့နေတဲ့ဂိုးပေါက်ထဲသို့စပါးစ်နောက်တန်းလိုင်းကိုကျော်မပြီးလှပစွာသွင်းယူခဲ့ပါတယ်။

စပါးစ်ကစားသမားများကဝီလ်ဆင်မှာလိုရစ်ကိုပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီးဒိုင်လူကြီးကိုကန့်ကွက်ခဲ့ပါတယ်။VAR ကလည်းယင်းဖြစ်ရပ်ကိုစစ်ဆေးပြီးနောက် လိုရစ်မှာဝီလ်ဆင်ကိုပစ်မှတ်ထားခဲ့ခြင်း၊ဝီလ်ဆင်မှာလူကျွံခြင်းမရှိခြင်းတို့ကြောင့်ဂိုးကိုခွင့်ပြုလိုက်ပါတယ်။

ယင်းနောက်ပထမပိုင်းပြီးရန်၅မိနစ်အလိုတွင်မီဂွယ်အယ်မီရွန်ကနယူးကာဆယ်အတွက်ဒုတိယဂိုးသွင်းခဲ့လို့ ပထမပိုင်းမှာနယူးကာဆယ်တို့၂-၀ဖြင့်ဦးဆောင်နေခဲ့ပါတယ်။

စပါးစ်အတွက်ချေပဂိုးကိုပွဲချိန်၅၄မိနစ်မှာဟယ်ရီကိန်းကသွင်းယူခဲ့ပါတယ်။

နယူးကာဆယ်ဟာစပါးစ်နိုင်ပွဲကြောင့်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၄နေရာသို့တက်လှမ်းလာနိုင်ပါတယ်။

ZawGyi

စပါးစ္ကို အႏိုင္ရတဲ့ပြဲတြင္ ဟူဂိုလိုရစ္ရဲ႕အမွားကေန လွပတဲ့အဆုံးသတ္ဂိုးသြင္းခဲ့တဲ့ နယူးကာဆယ္ရဲ႕ဝီလ္ဆင္

ကယ္လမ္ဝီလ္ဆင္ဟာမေန႔ညတုန္းကစပါးစ္ကိုနယူးကာဆယ္က၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ဟူဂိုလိုရစ္ရဲ႕အမွားကေနလွပတဲ့အဆုံးသတ္ဂိုးတစ္ဂိုးသြင္းယူခဲ့ပါတယ္။

ၾကားရက္တုန္းကယူႏိုက္တက္ကိုရႈံးနိမ့္ခဲ့တဲ့စပါးစ္ဟာမေန႔ညတုန္းကနယူးကာဆယ္ကိုအိမ္ကြင္းမွာဧည့္ခံကစားခဲ့ရၿပီးယခုရာသီပထမဆုံးအိမ္ကြင္းရႈံးပြဲႀကဳံေတြ႕လာခဲ့ရတာလည္းျဖစ္ပါတယ္။

စပါးစ္ဟာဒီဂ်န္ကူလိုဆီစကီး၊ရီခ်ာလီဆင္တို႔ဒဏ္ရာရရွိေနမႈႏွင့္အတူ တိုက္စစ္တြင္ဆန္ေဟာင္မင္းႏွင့္ဟယ္ရီကိန္းအတြဲႏွင့္ပဲဆက္လက္ပြဲထြက္လာခဲ့ပါတယ္။

စပါးစ္ဟာဆန္ေဟာင္မင္သာအေစာပိုင္းတြင္ရရွိတဲ့အခြင့္အေရးကိုအသုံးခ်ႏိုင္လွ်င္ဦးေဆာင္ဂိုးရႏိုင္မဲ့အခြင့္အေရးႀကဳံခဲ့ပါတယ္။

ဒါေပမဲ့ေျမာက္လန္ဒန္ကလပ္ဟာအမွားသင့္တဲ့အမွားကေန မထင္မွတ္ဘဲ နယူးကာဆယ္ကိုဦးေဆာင္ဂိုးေပးလိုက္ရပါတယ္။

ေဖဘီယန္ရွားကေနာက္တန္းကေန စပါးစ္ခံစစ္လိုင္းသို႔ကန္တင္လိုက္တဲ့ ေဘာလုံးကေနဝီလ္ဆင္ကေျပးထြက္ကန္ရန္ႀကိဳးပမ္းခဲ့ပါတယ္။

လိုရစ္ကပင္နယ္တီဧရိယာအျပင္သို႔ေျပးထြက္ကာေဘာလုံးကိုရွင္းလင္းရန္ႀကိဳးပမ္းခဲ့ပါတယ္။ဒါေပမဲ့သူ႔ႀကိဳးပမ္းမႈမေအာင္ျမင္ခဲ့ဘဲ နယူးကာဆယ္တိုက္စစ္မႉးဝီလ္ဆင္ကပဲရရွိသြားခဲ့ကာ အကာအကြယ္မဲ့ေနတဲ့ဂိုးေပါက္ထဲသို႔စပါးစ္ေနာက္တန္းလိုင္းကိုေက်ာ္မၿပီးလွပစြာသြင္းယူခဲ့ပါတယ္။

စပါးစ္ကစားသမားမ်ားကဝီလ္ဆင္မွာလိုရစ္ကိုျပစ္ဒဏ္က်ဴးလြန္တယ္ဆိုၿပီးဒိုင္လူႀကီးကိုကန႔္ကြက္ခဲ့ပါတယ္။VAR ကလည္းယင္းျဖစ္ရပ္ကိုစစ္ေဆးၿပီးေနာက္ လိုရစ္မွာဝီလ္ဆင္ကိုပစ္မွတ္ထားခဲ့ျခင္း၊ဝီလ္ဆင္မွာလူကြၽံျခင္းမရွိျခင္းတို႔ေၾကာင့္ဂိုးကိုခြင့္ျပဳလိုက္ပါတယ္။

ယင္းေနာက္ပထမပိုင္းၿပီးရန္၅မိနစ္အလိုတြင္မီဂြယ္အယ္မီ႐ြန္ကနယူးကာဆယ္အတြက္ဒုတိယဂိုးသြင္းခဲ့လို႔ ပထမပိုင္းမွာနယူးကာဆယ္တို႔၂-၀ျဖင့္ဦးေဆာင္ေနခဲ့ပါတယ္။

စပါးစ္အတြက္ေခ်ပဂိုးကိုပြဲခ်ိန္၅၄မိနစ္မွာဟယ္ရီကိန္းကသြင္းယူခဲ့ပါတယ္။

နယူးကာဆယ္ဟာစပါးစ္ႏိုင္ပြဲေၾကာင့္ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၄ေနရာသို႔တက္လွမ္းလာႏိုင္ပါတယ္။