စပါးစ်ကို အနိုင်ရပြီးနောက် သရဲနီအတွက် အလှည့်အပြောင်းဖြစ်လာဖို့ ရော်နယ်ဒိုမျှော်လင့်နေ

ခရစ္စတီယာနိုရော်နယ်ဒိုဟာရလဒ်နှင့်ခြေစွမ်းဆက်တိုက်ဆိုးရွားမှုအား စပါးစ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိကာရပ်တန့်လိုက်နိုင်ပြီးနောက်အသင်းအတွက်အလှည့်အပြောင်းတစ်ခုဖြစ်လာဖို့မျှော်လင့်နေပါတယ်။

မန်ယူဟာလီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်မနေ့ညတုန်းကလန်ဒန်သို့သွားရောက်ကာစပါးစ်နှင့်ရင်ဆိုင်ခဲ့ရပါတယ်။မန်ယူဟာလီဗာပူးနှင့်ပွဲမတိုင်မီလက်စတာကိုလည်း၄-၂ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရာနည်းပြဆိုးလ်ရှားမှာစပါးစ်ကိုရှုံးနိမ့်လျှင်ထုတ်ပယ်ခံရမယ့်အရေးနှင့်ရင်ဆိုင်နေရပါတယ်။

ဒါပေမယ့်စပါးစ်နှင့်ပွဲတွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာဦးဆောင်ဂိုးအားလှပစွာသွင်းယူပေးခဲ့တဲ့အပြင်အက်ဒီဆင်ကာဗာနီဒုတိယဂိုးသွင်းယူနိုင်အောင်လည်းဖန်တီးပေးခဲ့ပြီး၃-၀ဂိုးဖြင့်အနိုင်ရအောင်ကူညီနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုက “အရမ်းခက်ခဲခဲ့တယ်။ပရီးမီးယားလိဂ်နောက်ဆုံးနှစ်ပွဲရလဒ်မျိုးရဖို့မမျှော်လင့်ခဲ့ပါဘူး။ဒါပေမယ့်ဒီတစ်ကြိမ်မှာတော့အပြောင်းအလဲဖြစ်ပြီလို့မျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

မန်ယူဟာလာမယ့်အင်္ဂါနေ့မှာချန်ပီယံလိဂ်အုပ်စုအဆင့်မှရှုံးထွက်အဆင့်သို့တက်ရောက်ရေးအရေးပါတဲ့ပွဲအဖြစ်အတ္တလန္တာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးစနေနေ့မှာမြို့ခံပြိုင်ဘက်မန်စီးတီးကိုဧည့်ခံကစားရပါဦးမယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာနည်းပြအိုလီဂန်းနားဆိုးလ်ရှားတစ်ဦးတည်းသာ ဖိအားများနှင့်ရင်ဆိုင်နေရခြင်းမဟုတ်ဘဲကစားသမားများလည်းရင်ဆိုင်နေရကြောင်းဆိုသွားပါတယ်။

ရော်နယ်ဒိုက “အသင်းမှာသူ့တာဝန်ဘာလဲဆိုတာလူတိုင်းလည်းသိထားပြီးသားပါ။နည်းပြတစ်ဦးတည်းကိုပဲထောက်ပြနေကြတာမဟုတ်ပါဘူး။ကစားသမားတွေလည်းထောက်ပြခံနေရတာပါ။အကြောင်းပြချက်တစ်ခုကြောင့်ဖြစ်လာတာပါ။ဒီအံ့ဩစရာကောင်းတဲ့နေ့လည်ခင်းအတွက်ကျွန်တော်တို့ပျော်နေရပါမယ်။ကျွန်တော်တို့ဟာအဝေးကွင်းမှာခက်ခဲတဲ့ပြိုင်ဘက်ကို၃-၀ဂိုးနဲ့အနိုင်ရခဲ့တယ်။ဒီအတွက်ကျေနပ်ပျော်ရွှင်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

စပါးစ္ကို အႏိုင္ရၿပီးေနာက္ သရဲနီအတြက္ အလွည့္အေျပာင္းျဖစ္လာဖို႔ ေရာ္နယ္ဒိုေမွ်ာ္လင့္ေန

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာရလဒ္ႏွင့္ေျခစြမ္းဆက္တိုက္ဆိုး႐ြားမႈအား စပါးစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိကာရပ္တန႔္လိုက္ႏိုင္ၿပီးေနာက္အသင္းအတြက္အလွည့္အေျပာင္းတစ္ခုျဖစ္လာဖို႔ေမွ်ာ္လင့္ေနပါတယ္။

မန္ယူဟာလီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္မေန႔ညတုန္းကလန္ဒန္သို႔သြားေရာက္ကာစပါးစ္ႏွင့္ရင္ဆိုင္ခဲ့ရပါတယ္။မန္ယူဟာလီဗာပူးႏွင့္ပြဲမတိုင္မီလက္စတာကိုလည္း၄-၂ဂိုးျဖင့္ရႈံးနိမ့္ခဲ့ရာနည္းျပဆိုးလ္ရွားမွာစပါးစ္ကိုရႈံးနိမ့္လွ်င္ထုတ္ပယ္ခံရမယ့္အေရးႏွင့္ရင္ဆိုင္ေနရပါတယ္။

ဒါေပမယ့္စပါးစ္ႏွင့္ပြဲတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဦးေဆာင္ဂိုးအားလွပစြာသြင္းယူေပးခဲ့တဲ့အျပင္အက္ဒီဆင္ကာဗာနီဒုတိယဂိုးသြင္းယူႏိုင္ေအာင္လည္းဖန္တီးေပးခဲ့ၿပီး၃-၀ဂိုးျဖင့္အႏိုင္ရေအာင္ကူညီႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုက “အရမ္းခက္ခဲခဲ့တယ္။ပရီးမီးယားလိဂ္ေနာက္ဆုံးႏွစ္ပြဲရလဒ္မ်ိဳးရဖို႔မေမွ်ာ္လင့္ခဲ့ပါဘူး။ဒါေပမယ့္ဒီတစ္ႀကိမ္မွာေတာ့အေျပာင္းအလဲျဖစ္ၿပီလို႔ေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာလာမယ့္အဂၤါေန႔မွာခ်န္ပီယံလိဂ္အုပ္စုအဆင့္မွရႈံးထြက္အဆင့္သို႔တက္ေရာက္ေရးအေရးပါတဲ့ပြဲအျဖစ္အတၱလႏၲာကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီးစေနေန႔မွာၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးကိုဧည့္ခံကစားရပါဦးမယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာနည္းျပအိုလီဂန္းနားဆိုးလ္ရွားတစ္ဦးတည္းသာ ဖိအားမ်ားႏွင့္ရင္ဆိုင္ေနရျခင္းမဟုတ္ဘဲကစားသမားမ်ားလည္းရင္ဆိုင္ေနရေၾကာင္းဆိုသြားပါတယ္။

ေရာ္နယ္ဒိုက “အသင္းမွာသူ႔တာဝန္ဘာလဲဆိုတာလူတိုင္းလည္းသိထားၿပီးသားပါ။နည္းျပတစ္ဦးတည္းကိုပဲေထာက္ျပေနၾကတာမဟုတ္ပါဘူး။ကစားသမားေတြလည္းေထာက္ျပခံေနရတာပါ။အေၾကာင္းျပခ်က္တစ္ခုေၾကာင့္ျဖစ္လာတာပါ။ဒီအံ့ဩစရာေကာင္းတဲ့ေန႔လည္ခင္းအတြက္ကြၽန္ေတာ္တို႔ေပ်ာ္ေနရပါမယ္။ကြၽန္ေတာ္တို႔ဟာအေဝးကြင္းမွာခက္ခဲတဲ့ၿပိဳင္ဘက္ကို၃-၀ဂိုးနဲ႔အႏိုင္ရခဲ့တယ္။ဒီအတြက္ေက်နပ္ေပ်ာ္႐ႊင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။