စပါးစ်ကို ၅-၀ ဖြင့် ရှုံးနိမ့်ပေမဲ့ အဲဗာတန် တန်းဆင်းရမည်မဟုတ်လို့ ဖရန့်လမ်းပတ်ယုံကြည်

ဖရန့်လမ်းပတ်ကစပါးစ်ကိုအရှက်တကွဲရှုံးနိမ့်ခဲ့ပေမဲ့အဲဗာတန်အသင်း ပရီးမီးယားလိဂ်မှတန်းမဆင်းရရေးအတွက်စိုးရိမ်ပူပန်စရာမရှိကြောင်းပြောကြားလိုက်ပါတယ်။

စပါးစ်ဟာဟယ်ရီကိန်းရဲ့သွင်းဂိုး၂ဂိုး၊ဆန်ဟောင်မင်၊ရီဂူလွန်တို့ရဲ့တစ်ဂိုးစီအပြင်မိုက်ကယ်ကိန်းရဲ့OG ဂိုးတို့ကြောင့် အဲဗာတန်ကို၅-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ယင်းရှုံးပွဲကြောင့်အဲဗာတန်ဟာဖရန့်လမ်းပတ်လက်ထက်ပရီးမီးယားလိဂ်၅ပွဲတွင်ရှုံးပွဲ၄ပွဲအထိကြုံတွေ့ထားရပါတယ်။အဲဗာတန်ဟာပရီးမီးယားလိဂ်ပွဲ၂၅ပွဲကစားပြီးချိန်တွင်၂၂မှတ်တည်းသာရရှိထားကာသမိုင်းတွင်အဆိုးရွားဆုံးအခြေအနေနှင့်ရင်ဆိုင်နေရပါတယ်။

အဲဗာတန်ဟာ၁၉၅၀-၅၁ရာသီနောက်ပိုင်းတွင်တန်းဆင်းခဲ့ရဖူးခြင်းမရှိသလို၁၉၅၄ခုနှစ်ကတည်းကအဆင့်မြင့်တန်းတွင်ကစားလာခဲ့တဲ့အသင်းဖြစ်ပါတယ်။

လမ်းပတ်က “ကျွန်တော့်မှာယုံကြည်မှုရှိတယ်။ယုံကြည်နေတာကဘာမှမဖြစ်လာဘူးဆိုတာသိပါတယ်။မှော်နှင်တံကိုင်ပြီးအဆောက်အဦထဲသို့ဝင်လာတာမဟုတ်ပါဘူး။ကျွန်တော့်မှာယုံကြည်မှုအပြည့်အဝရှိပါတယ်။ဒါကြောင့်လည်းဒီကိုရောက်လာတာပါ”လို့ပြောကြားသွားပါတယ်။

ပရီးမီးယားလိဂ်ပွဲကစားရန်၁၃ပွဲသာလိုတော့တဲ့အချိန်တွင်လမ်းပတ်ရဲ့အဲဗာတန်ဟာဘန်လေနှင့်ရမှတ်၁မှတ်သာကွာဟပါတယ်။

Zawgyi

စပါးစ္ကို ၅-၀ ျဖင့္ ရႈံးနိမ့္ေပမဲ့ အဲဗာတန္ တန္းဆင္းရမည္မဟုတ္လို႔ ဖရန႔္လမ္းပတ္ယုံၾကည္

ဖရန႔္လမ္းပတ္ကစပါးစ္ကိုအရွက္တကြဲရႈံးနိမ့္ခဲ့ေပမဲ့အဲဗာတန္အသင္း ပရီးမီးယားလိဂ္မွတန္းမဆင္းရေရးအတြက္စိုးရိမ္ပူပန္စရာမရွိေၾကာင္းေျပာၾကားလိုက္ပါတယ္။

စပါးစ္ဟာဟယ္ရီကိန္းရဲ႕သြင္းဂိုး၂ဂိုး၊ဆန္ေဟာင္မင္၊ရီဂူလြန္တို႔ရဲ႕တစ္ဂိုးစီအျပင္မိုက္ကယ္ကိန္းရဲ႕OG ဂိုးတို႔ေၾကာင့္ အဲဗာတန္ကို၅-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ယင္းရႈံးပြဲေၾကာင့္အဲဗာတန္ဟာဖရန႔္လမ္းပတ္လက္ထက္ပရီးမီးယားလိဂ္၅ပြဲတြင္ရႈံးပြဲ၄ပြဲအထိႀကဳံေတြ႕ထားရပါတယ္။အဲဗာတန္ဟာပရီးမီးယားလိဂ္ပြဲ၂၅ပြဲကစားၿပီးခ်ိန္တြင္၂၂မွတ္တည္းသာရရွိထားကာသမိုင္းတြင္အဆိုး႐ြားဆုံးအေျခအေနႏွင့္ရင္ဆိုင္ေနရပါတယ္။

အဲဗာတန္ဟာ၁၉၅၀-၅၁ရာသီေနာက္ပိုင္းတြင္တန္းဆင္းခဲ့ရဖူးျခင္းမရွိသလို၁၉၅၄ခုႏွစ္ကတည္းကအဆင့္ျမင့္တန္းတြင္ကစားလာခဲ့တဲ့အသင္းျဖစ္ပါတယ္။

လမ္းပတ္က “ကြၽန္ေတာ့္မွာယုံၾကည္မႈရွိတယ္။ယုံၾကည္ေနတာကဘာမွမျဖစ္လာဘူးဆိုတာသိပါတယ္။ေမွာ္ႏွင္တံကိုင္ၿပီးအေဆာက္အဦထဲသို႔ဝင္လာတာမဟုတ္ပါဘူး။ကြၽန္ေတာ့္မွာယုံၾကည္မႈအျပည့္အဝရွိပါတယ္။ဒါေၾကာင့္လည္းဒီကိုေရာက္လာတာပါ”လို႔ေျပာၾကားသြားပါတယ္။

ပရီးမီးယားလိဂ္ပြဲကစားရန္၁၃ပြဲသာလိုေတာ့တဲ့အခ်ိန္တြင္လမ္းပတ္ရဲ႕အဲဗာတန္ဟာဘန္ေလႏွင့္ရမွတ္၁မွတ္သာကြာဟပါတယ္။