စပါးစ်ဂိုးရအောင် အမှားလုပ်ခဲ့တဲ့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ကို ချဲလ်ဆီးပရိသတ်များ ပေါက်ကွဲ

ချဲလ်ဆီးပရိသတ်များဟာစပါးစ်ကို၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင်ကလပ်ရဲ့ပေါင်၁၀၇သန်းတန်ကစားသမားအန်ဇိုဖာနန်ဒက်ဇ်ရဲ့အမှားကြောင့်ဂိုးပေးလိုက်မှုကြောင့်ဒေါသထွက်နေကြပါတယ်။

ဂရေဟမ်ပေါ်တာရဲ့ချဲလ်ဆီးဟာမနေ့ညကစပါးစ်ကိုရှုံးနိမ့်ပြီးနောက်နောက်ဆုံးပရီးမီးယားလိဂ်၁၅ပွဲတွင်၂ပွဲတည်းသာအနိုင်ရရှိမှတ်တမ်းဆိုးဆက်လက်ကိုင်သွားခဲ့ရပါတယ်။

မနေ့ညကပွဲတွင်စပါးစ်အတွက်အနိုင်ဂိုးများကိုအိုလီဗာစကစ်ပ်နှင့်ဟယ်ရီကိန်းတို့ကသွင်းယူသွားခဲ့ကြတာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်တွင်ဟာကမ်ဇီယက်ချ်မှာအနီကတ်ပြသခြင်းခံခဲ့ရပေမဲ့လည်းVAR ကစစ်ဆေးပြီးနောက်အနီကတ်ပယ်ဖျက်ပြီးအဝါကတ်သာပြသခြင်းခံခဲ့ရပါတယ်။

ယင်းပွဲရဲ့ပွဲချိန်၄၆မိနစ်တွင်စကစ်ပ်ဟာစပါးစ်အတွက်ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။ယင်းဂိုးမှာဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အန်ဇိုဖာနန်ဒက်ဇ်အမှားကြောင့်ဆိုရင်လည်းမမှားပါဘူး။

ဒုတိယပိုင်းအစတွင်အီမာဆင်ရွိင်ရယ်ကချဲလ်ဆီးဂိုးသမားကီပါကိုကန်ချက်ဖြင့်ခြိမ်းခြောက်ခဲ့ပါတယ်။ကီပါပုတ်ထုတ်လိုက်တဲ့ဘောလုံးကအန်ဇိုဖာနန်ဒက်ဇ်ရဲ့လမ်းကြောင်းပေါ်သို့ကျသွားပါတယ်။အာဂျင်တီးနားစတားကယင်းကိုရှေ့သို့ကန်တင်ကာဖျက်ထုတ်ခဲ့ပါတယ်။

ဒါပေမဲ့သူ့ရဲ့ဘောလုံးရှင်းထုတ်မှုကမကောင်းမွန်မှုနဲ့အတူဧရိယာထိပ်ရှိစကစ်ပ်ကရရှိသွားပြီးကန်သွင်းခဲ့ပါတယ်။ယင်းဂိုးကစကစ်ပ်ရဲ့စပါးစ်စီနီယာကစားသမားအဖြစ်၅နှစ်ကစားတဲ့ကာလအတွင်းပထမဆုံးသွင်းတဲ့ဂိုးလည်းဖြစ်ပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ဟာစကစ်ပ်ဂိုးသွင်းနိုင်အောင်ဖန်တီးမှုပြုလုပ်ခဲ့မှုအတွက်ချဲလ်ဆီးပရိသတ်များရဲ့ဝေဖန်မှုရင်ဆိုင်နေရပါတယ်။

ZawGyi

စပါးစ္ဂိုးရေအာင္ အမွားလုပ္ခဲ့တဲ့ ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ကို ခ်ဲလ္ဆီးပရိသတ္မ်ား ေပါက္ကြဲ

ခ်ဲလ္ဆီးပရိသတ္မ်ားဟာစပါးစ္ကို၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္ကလပ္ရဲ႕ေပါင္၁၀၇သန္းတန္ကစားသမားအန္ဇိုဖာနန္ဒက္ဇ္ရဲ႕အမွားေၾကာင့္ဂိုးေပးလိုက္မႈေၾကာင့္ေဒါသထြက္ေနၾကပါတယ္။

ဂေရဟမ္ေပၚတာရဲ႕ခ်ဲလ္ဆီးဟာမေန႔ညကစပါးစ္ကိုရႈံးနိမ့္ၿပီးေနာက္ေနာက္ဆုံးပရီးမီးယားလိဂ္၁၅ပြဲတြင္၂ပြဲတည္းသာအႏိုင္ရရွိမွတ္တမ္းဆိုးဆက္လက္ကိုင္သြားခဲ့ရပါတယ္။

မေန႔ညကပြဲတြင္စပါးစ္အတြက္အႏိုင္ဂိုးမ်ားကိုအိုလီဗာစကစ္ပ္ႏွင့္ဟယ္ရီကိန္းတို႔ကသြင္းယူသြားခဲ့ၾကတာျဖစ္ပါတယ္။

အဆိုပါပြဲစဥ္တြင္ဟာကမ္ဇီယက္ခ်္မွာအနီကတ္ျပသျခင္းခံခဲ့ရေပမဲ့လည္းVAR ကစစ္ေဆးၿပီးေနာက္အနီကတ္ပယ္ဖ်က္ၿပီးအဝါကတ္သာျပသျခင္းခံခဲ့ရပါတယ္။

ယင္းပြဲရဲ႕ပြဲခ်ိန္၄၆မိနစ္တြင္စကစ္ပ္ဟာစပါးစ္အတြက္ပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။ယင္းဂိုးမွာၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္အန္ဇိုဖာနန္ဒက္ဇ္အမွားေၾကာင့္ဆိုရင္လည္းမမွားပါဘူး။

ဒုတိယပိုင္းအစတြင္အီမာဆင္႐ြိင္ရယ္ကခ်ဲလ္ဆီးဂိုးသမားကီပါကိုကန္ခ်က္ျဖင့္ၿခိမ္းေျခာက္ခဲ့ပါတယ္။ကီပါပုတ္ထုတ္လိုက္တဲ့ေဘာလုံးကအန္ဇိုဖာနန္ဒက္ဇ္ရဲ႕လမ္းေၾကာင္းေပၚသို႔က်သြားပါတယ္။အာဂ်င္တီးနားစတားကယင္းကိုေရွ႕သို႔ကန္တင္ကာဖ်က္ထုတ္ခဲ့ပါတယ္။

ဒါေပမဲ့သူ႔ရဲ႕ေဘာလုံးရွင္းထုတ္မႈကမေကာင္းမြန္မႈနဲ႔အတူဧရိယာထိပ္ရွိစကစ္ပ္ကရရွိသြားၿပီးကန္သြင္းခဲ့ပါတယ္။ယင္းဂိုးကစကစ္ပ္ရဲ႕စပါးစ္စီနီယာကစားသမားအျဖစ္၅ႏွစ္ကစားတဲ့ကာလအတြင္းပထမဆုံးသြင္းတဲ့ဂိုးလည္းျဖစ္ပါတယ္။

အန္ဇိုဖာနန္ဒက္ဇ္ဟာစကစ္ပ္ဂိုးသြင္းႏိုင္ေအာင္ဖန္တီးမႈျပဳလုပ္ခဲ့မႈအတြက္ခ်ဲလ္ဆီးပရိသတ္မ်ားရဲ႕ေဝဖန္မႈရင္ဆိုင္ေနရပါတယ္။