စပါးစ်စတားဟယ်ရီဝင့်အား ပေါင် ၂၅ သန်းဖြင့် ခေါ်ယူရန် မန်ယူဆက်သွယ်

မန်ယူဟာဟယ်ရီဝင့်အားပြောင်းရွှေ့ကြေးပေါင်၂၅သန်းဖြင့်ခေါ်ယူရန်စပါးစ်အားဆက်သွယ်မှုပြုလုပ်ထားကြောင်းသိရပါတယ်။

စပါးစ်ဟာ၂၀၂၀-၂၁ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်တွင်အဆင့်၂နေရာမှာရပ်တည်နိုင်ခဲ့ပြီးနောက်ယခုနွေတွင်အလယ်တန်းကစားသမားသစ်ခေါ်ယူအားဖြည့်ရန်စီစဉ်ထားပါတယ်။

Stretty News ကမန်ယူဟာစပါးစ်နှင့်အင်္ဂလန်အလယ်တန်းကစားသမားဟယ်ရီဝင့်ကိုပစ်မှတ်ထားလာကြောင်းဖော်ပြလာပါတယ်။

အသက်၂၅နှစ်ရှိဟယ်ရီဝင့်ဟာစပါးစ်တွင်ပုံမှန်ပွဲကစားခွင့်ရရှိရန်ရုန်းကန်ရပြီးနောက်အနာဂတ်မရေမရာဖြစ်နေသူလည်းဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့နှစ်နွေတုန်းကဟိုဘတ်ရောက်လာပြီးနောက်ပရီးမီးယားလိဂ်တွင်၉ပွဲတည်းသာကစားခွင့်ရခဲ့ပါတယ်။

ယင်း၉ပွဲမှာ၇ပွဲကိုနည်းပြဟောင်းမော်ရင်ဟိုလက်အောက်တွင်ကစားခဲ့ရတာဖြစ်ပြီးကျန်၂ပွဲမှာရာသီသိမ်းခါနီးတွင်ယာယီနည်းပြရိုင်ယန်မေဆင်လက်အောက်တွင်ကစားခဲ့ရပါတယ်။

သူဟာစပါးစ်တွင်နေရာရရှိရန်ရုန်းကန်ရမှုနဲ့အတူအင်္ဂလန်အသင်းရဲ့ယူရို၂၀၂၀လူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

သူဟာနိုဝင်ဘာလတုန်းကအိုက်စလန်အား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်လူစားဝင်ရောက်ကစားပြီးကတည်းကအင်္ဂလန်တွင်နေရာပျောက်လာခဲ့တာလည်းဖြစ်ပါတယ်။

တစ်ဖက်တွင်မန်ယူပရိသတ်များကယခုနွေတွင်ထိပ်တန်းကစားသမားခေါ်ယူအားဖြည့်ရန်တောင်းဆိုနေကြသော်လည်းဟယ်ရီဝင့်ကိုခေါ်ယူရေးလုပ်ဆောင်နေမှုအပေါ်အားမလိုအားမရဖြစ်နေပါတယ်။

ZawGyi

စပါးစ္စတားဟယ္ရီဝင့္အား ေပါင္ ၂၅ သန္းျဖင့္ ေခၚယူရန္ မန္ယူဆက္သြယ္

မန္ယူဟာဟယ္ရီဝင့္အားေျပာင္းေ႐ႊ႕ေၾကးေပါင္၂၅သန္းျဖင့္ေခၚယူရန္စပါးစ္အားဆက္သြယ္မႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။

စပါးစ္ဟာ၂၀၂၀-၂၁ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္တြင္အဆင့္၂ေနရာမွာရပ္တည္ႏိုင္ခဲ့ၿပီးေနာက္ယခုေႏြတြင္အလယ္တန္းကစားသမားသစ္ေခၚယူအားျဖည့္ရန္စီစဥ္ထားပါတယ္။

Stretty News ကမန္ယူဟာစပါးစ္ႏွင့္အဂၤလန္အလယ္တန္းကစားသမားဟယ္ရီဝင့္ကိုပစ္မွတ္ထားလာေၾကာင္းေဖာ္ျပလာပါတယ္။

အသက္၂၅ႏွစ္ရွိဟယ္ရီဝင့္ဟာစပါးစ္တြင္ပုံမွန္ပြဲကစားခြင့္ရရွိရန္႐ုန္းကန္ရၿပီးေနာက္အနာဂတ္မေရမရာျဖစ္ေနသူလည္းျဖစ္ပါတယ္။သူဟာၿပီးခဲ့တဲ့ႏွစ္ေႏြတုန္းကဟိုဘတ္ေရာက္လာၿပီးေနာက္ပရီးမီးယားလိဂ္တြင္၉ပြဲတည္းသာကစားခြင့္ရခဲ့ပါတယ္။

ယင္း၉ပြဲမွာ၇ပြဲကိုနည္းျပေဟာင္းေမာ္ရင္ဟိုလက္ေအာက္တြင္ကစားခဲ့ရတာျဖစ္ၿပီးက်န္၂ပြဲမွာရာသီသိမ္းခါနီးတြင္ယာယီနည္းျပ႐ိုင္ယန္ေမဆင္လက္ေအာက္တြင္ကစားခဲ့ရပါတယ္။

သူဟာစပါးစ္တြင္ေနရာရရွိရန္႐ုန္းကန္ရမႈနဲ႔အတူအဂၤလန္အသင္းရဲ႕ယူ႐ို၂၀၂၀လူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

သူဟာႏိုဝင္ဘာလတုန္းကအိုက္စလန္အား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္လူစားဝင္ေရာက္ကစားၿပီးကတည္းကအဂၤလန္တြင္ေနရာေပ်ာက္လာခဲ့တာလည္းျဖစ္ပါတယ္။

တစ္ဖက္တြင္မန္ယူပရိသတ္မ်ားကယခုေႏြတြင္ထိပ္တန္းကစားသမားေခၚယူအားျဖည့္ရန္ေတာင္းဆိုေနၾကေသာ္လည္းဟယ္ရီဝင့္ကိုေခၚယူေရးလုပ္ေဆာင္ေနမႈအေပၚအားမလိုအားမရျဖစ္ေနပါတယ္။