စပါးစ်တောင်ပံတိုက်စစ်သမားကူလူဆီစကီး ကမ္ဘာ့ဖလားအပြီးအထိ အနားယူရနိုင်

ဒီဂျန်ကူလူဆီစကီးမှာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးဒီဇင်ဘာလအထိစပါးစ်အတွက်ကစားလာနိုင်ဖို့မရှိကြောင်း စပါးစ်နည်းပြအန်တိုနီယိုကွန်တီကအတည်ပြုပြောကြားလာပါတယ်။

အသက်၂၃နှစ်ရှိဆွီဒင်စတားဟာစက်တင်ဘာလတုန်းကလက်စတာကိုအနိုင်ရတဲ့ပွဲကတည်းကစပါးစ်အတွက်မကစားနိုင်လာခဲ့ပါဘူး။သူဟာဆွီဒင်အတွက်သွားရောက်ကစားစဉ်တံကောက်ကြောဒဏ်ရာရရှိပြီးစပါးစ်သို့ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။

ကွန်တီက “သူ့ကိုကျွန်တော်တို့နဲ့အတူပြန်မြင်တွေ့ရဖို့အချိန်အနည်းငယ်စောင့်ရမယ်လို့ထင်ပါတယ်။သူ့ဒဏ်ရာပြန်လည်ကောင်းမွန်လာပေမဲ့နောက်တစ်နေ့ကျတော့ပြန်ဆိုးနေတော့စိုးရိမ်ခဲ့ရတယ်။ဒီတော့ ပြန်လည်စတင်ရတယ်။အချိန်ပေးရပါမယ်။ဒါပေမဲ့ကျွန်တော်တို့မှာဒီလိုအခြေအနေကိုဖြေရှင်းကိုဆေးဌာနရှိပြီးသားပါ။သူတို့ကကာလတိုအတွင်းပြန်ကောင်းလာအောင်သူတို့လုပ်ကြပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

ကူလူဆီစကီးရဲ့ဆွီဒင်ဟာကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ထားခြင်းမရှိပါဘူး။ဆွီဒင်ဟာပလေးအော့ဖ်တွင်ပိုလန်ကိုရှုံးနိမ့်ကာကမ္ဘာ့ဖလားခြေစစ်ပွဲကျခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်တွင်ရီချာလီဆင်မှာလည်းဒဏ်ရာကြောင့်အနားယူနေရရာကွန်တီအနေဖြင့်တိုက်စစ်အတွက်လူးကပ်စ်မော်ရာ၊ဟယ်ရီကိန်းနှင့်ဆန်ဟောင်မင်းတို့ကိုသာအားကိုးလာရတော့မှာဖြစ်ပါတယ်။

ZawGyi

စပါးစ္ေတာင္ပံတိုက္စစ္သမားကူလူဆီစကီး ကမာၻ႔ဖလားအၿပီးအထိ အနားယူရႏိုင္

ဒီဂ်န္ကူလူဆီစကီးမွာ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးဒီဇင္ဘာလအထိစပါးစ္အတြက္ကစားလာႏိုင္ဖို႔မရွိေၾကာင္း စပါးစ္နည္းျပအန္တိုနီယိုကြန္တီကအတည္ျပဳေျပာၾကားလာပါတယ္။

အသက္၂၃ႏွစ္ရွိဆြီဒင္စတားဟာစက္တင္ဘာလတုန္းကလက္စတာကိုအႏိုင္ရတဲ့ပြဲကတည္းကစပါးစ္အတြက္မကစားႏိုင္လာခဲ့ပါဘူး။သူဟာဆြီဒင္အတြက္သြားေရာက္ကစားစဥ္တံေကာက္ေၾကာဒဏ္ရာရရွိၿပီးစပါးစ္သို႔ျပန္ေရာက္လာခဲ့တာျဖစ္ပါတယ္။

ကြန္တီက “သူ႔ကိုကြၽန္ေတာ္တို႔နဲ႔အတူျပန္ျမင္ေတြ႕ရဖို႔အခ်ိန္အနည္းငယ္ေစာင့္ရမယ္လို႔ထင္ပါတယ္။သူ႔ဒဏ္ရာျပန္လည္ေကာင္းမြန္လာေပမဲ့ေနာက္တစ္ေန႔က်ေတာ့ျပန္ဆိုးေနေတာ့စိုးရိမ္ခဲ့ရတယ္။ဒီေတာ့ ျပန္လည္စတင္ရတယ္။အခ်ိန္ေပးရပါမယ္။ဒါေပမဲ့ကြၽန္ေတာ္တို႔မွာဒီလိုအေျခအေနကိုေျဖရွင္းကိုေဆးဌာနရွိၿပီးသားပါ။သူတို႔ကကာလတိုအတြင္းျပန္ေကာင္းလာေအာင္သူတို႔လုပ္ၾကပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

ကူလူဆီစကီးရဲ႕ဆြီဒင္ဟာကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ထားျခင္းမရွိပါဘူး။ဆြီဒင္ဟာပေလးေအာ့ဖ္တြင္ပိုလန္ကိုရႈံးနိမ့္ကာကမာၻ႔ဖလားေျခစစ္ပြဲက်ခဲ့တာျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္ရီခ်ာလီဆင္မွာလည္းဒဏ္ရာေၾကာင့္အနားယူေနရရာကြန္တီအေနျဖင့္တိုက္စစ္အတြက္လူးကပ္စ္ေမာ္ရာ၊ဟယ္ရီကိန္းႏွင့္ဆန္ေဟာင္မင္းတို႔ကိုသာအားကိုးလာရေတာ့မွာျဖစ္ပါတယ္။