စပါးစ်တွင် ပင်ဆက်ရှိနေတော့မှာဖြစ်ကြောင်း ဟယ်ရီကိန်း တရားဝင်ကြေညာ

ယခုနွေရာသီတွင်မန်စီးတီးသို့ပြောင်းမယ်လို့သတင်းများထွက်ပေါ်နေတဲ့စပါးစ်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကအသင်းပြောင်းတော့မည်မဟုတ်ဘဲစပါးစ်တွင်ဆက်နေမယ်လို့ကြေညာလာပါတယ်။

အသက်၂၈နှစ်ရှိစပါးစ်အသင်းခေါင်းဆောင်ဟာဆုဖလားဆွတ်ခူးနိုင်ရန်အတွက်အီတီဟတ်သို့ပြောင်းလိုနေခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်ယနေ့အစောပိုင်းမှာတော့ဟယ်ရီကိန်းကစပါးစ်တွင်ပင်ဆက်နေတော့မှာဖြစ်ကြောင်းတရားဝင်ကြေညာလာခဲ့ပါတယ်။

ဟယ်ရီကိန်းက “တနင်္ဂနွေနေ့တုန်းကစပါးစ်ပရိသတ်တွေရဲ့ဝမ်းသာတသာကြိုဆိုခံရလို့အရမ်းဝမ်းသာပါတယ်။ပြီးတော့ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာပို့ကြတဲ့မက်ဆေ့ချ်တွေဖတ်ရတာကျေနပ်ရပါတယ်။ဒီနွေမှာစပါးစ်မှာဘဲဆက်နေပါမယ်။အသင်းအောင်မြင်ရေးအတွက်ရာနှုန်းပြည့်အာရုံစိုက်သွားပါမယ်”လို့ကြေညာခဲ့ပါတယ်။

အသက်၂၈နှစ်ရှိဟယ်ရီကိန်းဟာယူရို၂၀၂၀ပြိုင်ပွဲကစားပြီးနောက်အသင်းရဲ့ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်သို့ပူးပေါင်းရန်နောက်ကျခဲ့သူဖြစ်ပါတယ်။

သူဟာယခုနွေတွင်အသင်းပြောင်းခွင့်ပေးရန်စပါးစ်ဥက္ကဌလီဗိုင်းနှင့်လူကြီးလူကောင်းဆန်ဆန်နှုတ်အားဖြင့်သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့ယူဆခဲ့ရပါတယ်။

ဒါပေမယ့်လီဗိုင်းဟာဟယ်ရီကိန်းအတွက်ပေါင်သန်း၁၅၀အထိရရှိလိုနေခဲ့ပြီးမန်စီးတီးကလည်းပေါင်သန်း၁၂၀ထက်ပိုပေးလိုခြင်းမရှိပါဘူး။

ZawGyi

စပါးစ္တြင္ ပင္ဆက္ရွိေနေတာ့မွာျဖစ္ေၾကာင္း ဟယ္ရီကိန္း တရားဝင္ေၾကညာ

ယခုေႏြရာသီတြင္မန္စီးတီးသို႔ေျပာင္းမယ္လို႔သတင္းမ်ားထြက္ေပၚေနတဲ့စပါးစ္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းကအသင္းေျပာင္းေတာ့မည္မဟုတ္ဘဲစပါးစ္တြင္ဆက္ေနမယ္လို႔ေၾကညာလာပါတယ္။

အသက္၂၈ႏွစ္ရွိစပါးစ္အသင္းေခါင္းေဆာင္ဟာဆုဖလားဆြတ္ခူးႏိုင္ရန္အတြက္အီတီဟတ္သို႔ေျပာင္းလိုေနခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္ယေန႔အေစာပိုင္းမွာေတာ့ဟယ္ရီကိန္းကစပါးစ္တြင္ပင္ဆက္ေနေတာ့မွာျဖစ္ေၾကာင္းတရားဝင္ေၾကညာလာခဲ့ပါတယ္။

ဟယ္ရီကိန္းက “တနဂၤေႏြေန႔တုန္းကစပါးစ္ပရိသတ္ေတြရဲ႕ဝမ္းသာတသာႀကိဳဆိုခံရလို႔အရမ္းဝမ္းသာပါတယ္။ၿပီးေတာ့ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာပို႔ၾကတဲ့မက္ေဆ့ခ်္ေတြဖတ္ရတာေက်နပ္ရပါတယ္။ဒီေႏြမွာစပါးစ္မွာဘဲဆက္ေနပါမယ္။အသင္းေအာင္ျမင္ေရးအတြက္ရာႏႈန္းျပည့္အာ႐ုံစိုက္သြားပါမယ္”လို႔ေၾကညာခဲ့ပါတယ္။

အသက္၂၈ႏွစ္ရွိဟယ္ရီကိန္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲကစားၿပီးေနာက္အသင္းရဲ႕ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္သို႔ပူးေပါင္းရန္ေနာက္က်ခဲ့သူျဖစ္ပါတယ္။

သူဟာယခုေႏြတြင္အသင္းေျပာင္းခြင့္ေပးရန္စပါးစ္ဥကၠဌလီဗိုင္းႏွင့္လူႀကီးလူေကာင္းဆန္ဆန္ႏႈတ္အားျဖင့္သေဘာတူညီမႈရရွိထားၿပီးျဖစ္တယ္လို႔ယူဆခဲ့ရပါတယ္။

ဒါေပမယ့္လီဗိုင္းဟာဟယ္ရီကိန္းအတြက္ေပါင္သန္း၁၅၀အထိရရွိလိုေနခဲ့ၿပီးမန္စီးတီးကလည္းေပါင္သန္း၁၂၀ထက္ပိုေပးလိုျခင္းမရွိပါဘူး။