စပါးစ်နည်းပြဖြစ်လာပြီးနောက် ကမ္ဘာ့ဒုတိယလုပ်ခအများဆုံးနည်းပြဖြစ်လာတဲ့ အန်တိုနီယိုကွန်တီ

အန်တိုနီယိုကွန်တီဟာစပါးစ်နည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံရပြီးနောက်ကမ္ဘာ့လုပ်ခအများဆုံးရရှိတဲ့နည်းပြ၁၀ဦးစာရင်းမှာထိပ်ပိုင်းမှပါဝင်လာပါတယ်။

အသက်၅၂နှစ်ရှိအီတလီလူမျိုးနည်းပြဟာပြီးခဲ့တဲ့ရာသီတုန်းကအင်တာမီလန်ကိုစကူဒက်တိုဖလားရရှိအောင်ဦးဆောင်နိုင်ခဲ့ပြီးနောက်အပြောင်းအရွှေ့ဗျူဟာနှင့်သဘောထားကွဲလွဲမှုဖြစ်ကာမေလတွင်ရာထူးမှထွက်ခွာခဲ့သူဖြစ်ပါတယ်။

ကွန်တီဟာနွေရာသီတုန်းကစပါးစ်နည်းပြဖြစ်လာရန်ရေပန်းစားခဲ့ပေမယ့်လည်းမြင့်မားတဲ့လုပ်ခနှင့်အပြောင်းအရွှေ့အသုံးစရိတ်တောင်းဆိုမှုမြင့်မားမှုတို့ကြောင့်စပါးစ်တို့မခန့်အပ်ခဲ့ပါတယ်။

ဒါပေမယ့်စပါးစ်ဟာစနေနေ့တုန်းကမန်ယူကိုအိမ်ကွင်းမှာ၃-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်အန်တိုနီယိုကွန်တီကိုနည်းပြသစ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။

ကွန်တီဟာအင်္ဂါနေ့တုန်းကစပါးစ်နည်းပြသစ်အဖြစ် ၂၀၂၃ခုနှစ်နွေရာသီအထိစာချုပ်ဖြင့်ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ယင်းစာချုပ်အတွင်းမှာတစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်လည်းပါဝင်ပါတယ်။

ကွန်တီဟာစပါးစ်နည်းပြအဖြစ်လက်ခံလိုက်မှုနှင့်အတူတစ်နှစ်လုပ်ခပေါင်၁၃သန်းအထိရရှိလာကာကမ္ဘာ့ဘောလုံးလောကတွင်ဒုတိယလုပ်ခအများဆုံးနည်းပြဖြစ်လာပါတယ်။

ကမ္ဘာ့ဘောလုံးလောကတွင်လုပ်ခအများဆုံးရရှိတဲ့နည်းပြအဖြစ်မန်စီးတီးနည်းပြပက်ဂွါဒီယိုလာကတစ်နှစ်လုပ်ခပေါင်၁၉.၅သန်းဖြင့်ရပ်တည်နေပါတယ်။တတိယလုပ်ခအများဆုံးနည်းပြအဖြစ်အက်သလက်တီမက်ဒရစ်နည်းပြဒီယေဂိုဆီမြွန်နီကတစ်နှစ်လုပ်ခပေါင်၁၂.၅သန်းဖြင့်ရပ်တည်နေပါတယ်။

စတုတ္ထနေရာတွင်ရိုးမားနည်းပြမော်ရင်ဟိုကပေါင်၁၁သန်းဖြင့်လည်းကောင်း၊ပဥ္စမနေရာတွင်လီဗာပူးနည်းပြကလော့ပ်ကပေါင်၉သန်းဖြင့်ရပ်တည်နေပါတယ်။

ကမ္ဘာ့လုပ်ခအများဆုံးနည်းပြ၁၀ဦးစာရင်းရဲ့ကျန်၅ဦးစာရင်းတွင်ဂျူဗင်တပ်နည်းပြအယ်လီဂရီ(ပေါင်၇.၅သန်း)၊ဘိုင်ယန်မြူးနစ်နည်းပြဂျူလီယန်နာဂယ်မန်း(ပေါင်၇သန်း)၊ပီအက်စ်ဂျီနည်းပြပိုချက်တီနို(ပေါင်၆သန်း)၊ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်(ပေါင်၅.၅သန်း)၊ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီ(ပေါင်၅သန်း)တို့ပါဝင်ခဲ့ပါတယ်။

ကွန်တီဟာအင်္ဂါနေ့မှာပင်စပါးစ်အသင်းကိုစတင်လေ့ကျင့်ပေးမှုပြုလုပ်ခဲ့ပြီးယနေ့ညယူရိုပါကွန်ဖရင့်လိဂ်ပွဲစဉ်တွင်စပါးစ်ကိုစတင်ဦးဆောင်သွားပါမယ်။အင်တာမီလန်နည်းပြဟောင်းကစပါးစ်ကိုတည်ငြိမ်တဲ့အသင်းအဖြစ်လည်းကောင်း၊ပရိသတ်အကြိုက်ဆွဲဆောင်မှုရှိတဲ့ကစားဟန်ဖြင့်ကစားတဲ့အသင်းအဖြစ်တည်ဆောက်ပေးသွားမယ်လို့ပရိသတ်များကိုကတိပြုထားပါတယ်။

ZawGyi

စပါးစ္နည္းျပျဖစ္လာၿပီးေနာက္ ကမာၻ႔ဒုတိယလုပ္ခအမ်ားဆုံးနည္းျပျဖစ္လာတဲ့ အန္တိုနီယိုကြန္တီ

အန္တိုနီယိုကြန္တီဟာစပါးစ္နည္းျပသစ္အျဖစ္ခန႔္အပ္ျခင္းခံရၿပီးေနာက္ကမာၻ႔လုပ္ခအမ်ားဆုံးရရွိတဲ့နည္းျပ၁၀ဦးစာရင္းမွာထိပ္ပိုင္းမွပါဝင္လာပါတယ္။

အသက္၅၂ႏွစ္ရွိအီတလီလူမ်ိဳးနည္းျပဟာၿပီးခဲ့တဲ့ရာသီတုန္းကအင္တာမီလန္ကိုစကူဒက္တိုဖလားရရွိေအာင္ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္အေျပာင္းအေ႐ႊ႕ဗ်ဴဟာႏွင့္သေဘာထားကြဲလြဲမႈျဖစ္ကာေမလတြင္ရာထူးမွထြက္ခြာခဲ့သူျဖစ္ပါတယ္။

ကြန္တီဟာေႏြရာသီတုန္းကစပါးစ္နည္းျပျဖစ္လာရန္ေရပန္းစားခဲ့ေပမယ့္လည္းျမင့္မားတဲ့လုပ္ခႏွင့္အေျပာင္းအေ႐ႊ႕အသုံးစရိတ္ေတာင္းဆိုမႈျမင့္မားမႈတို႔ေၾကာင့္စပါးစ္တို႔မခန႔္အပ္ခဲ့ပါတယ္။

ဒါေပမယ့္စပါးစ္ဟာစေနေန႔တုန္းကမန္ယူကိုအိမ္ကြင္းမွာ၃-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္အန္တိုနီယိုကြန္တီကိုနည္းျပသစ္အျဖစ္ခန႔္အပ္ခဲ့ပါတယ္။

ကြန္တီဟာအဂၤါေန႔တုန္းကစပါးစ္နည္းျပသစ္အျဖစ္ ၂၀၂၃ခုႏွစ္ေႏြရာသီအထိစာခ်ဳပ္ျဖင့္ခန႔္အပ္ျခင္းခံခဲ့ရပါတယ္။ယင္းစာခ်ဳပ္အတြင္းမွာတစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္လည္းပါဝင္ပါတယ္။

ကြန္တီဟာစပါးစ္နည္းျပအျဖစ္လက္ခံလိုက္မႈႏွင့္အတူတစ္ႏွစ္လုပ္ခေပါင္၁၃သန္းအထိရရွိလာကာကမာၻ႔ေဘာလုံးေလာကတြင္ဒုတိယလုပ္ခအမ်ားဆုံးနည္းျပျဖစ္လာပါတယ္။

ကမာၻ႔ေဘာလုံးေလာကတြင္လုပ္ခအမ်ားဆုံးရရွိတဲ့နည္းျပအျဖစ္မန္စီးတီးနည္းျပပက္ဂြါဒီယိုလာကတစ္ႏွစ္လုပ္ခေပါင္၁၉.၅သန္းျဖင့္ရပ္တည္ေနပါတယ္။တတိယလုပ္ခအမ်ားဆုံးနည္းျပအျဖစ္အက္သလက္တီမက္ဒရစ္နည္းျပဒီေယဂိုဆီႁမြန္နီကတစ္ႏွစ္လုပ္ခေပါင္၁၂.၅သန္းျဖင့္ရပ္တည္ေနပါတယ္။

စတုတၳေနရာတြင္႐ိုးမားနည္းျပေမာ္ရင္ဟိုကေပါင္၁၁သန္းျဖင့္လည္းေကာင္း၊ပၪၥမေနရာတြင္လီဗာပူးနည္းျပကေလာ့ပ္ကေပါင္၉သန္းျဖင့္ရပ္တည္ေနပါတယ္။

ကမာၻ႔လုပ္ခအမ်ားဆုံးနည္းျပ၁၀ဦးစာရင္းရဲ႕က်န္၅ဦးစာရင္းတြင္ဂ်ဴဗင္တပ္နည္းျပအယ္လီဂရီ(ေပါင္၇.၅သန္း)၊ဘိုင္ယန္ျမဴးနစ္နည္းျပဂ်ဴလီယန္နာဂယ္မန္း(ေပါင္၇သန္း)၊ပီအက္စ္ဂ်ီနည္းျပပိုခ်က္တီႏို(ေပါင္၆သန္း)၊ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္(ေပါင္၅.၅သန္း)၊ရီးရဲလ္မက္ဒရစ္နည္းျပအန္ဆယ္ေလာ့တီ(ေပါင္၅သန္း)တို႔ပါဝင္ခဲ့ပါတယ္။

ကြန္တီဟာအဂၤါေန႔မွာပင္စပါးစ္အသင္းကိုစတင္ေလ့က်င့္ေပးမႈျပဳလုပ္ခဲ့ၿပီးယေန႔ညယူ႐ိုပါကြန္ဖရင့္လိဂ္ပြဲစဥ္တြင္စပါးစ္ကိုစတင္ဦးေဆာင္သြားပါမယ္။အင္တာမီလန္နည္းျပေဟာင္းကစပါးစ္ကိုတည္ၿငိမ္တဲ့အသင္းအျဖစ္လည္းေကာင္း၊ပရိသတ္အႀကိဳက္ဆြဲေဆာင္မႈရွိတဲ့ကစားဟန္ျဖင့္ကစားတဲ့အသင္းအျဖစ္တည္ေဆာက္ေပးသြားမယ္လို႔ပရိသတ္မ်ားကိုကတိျပဳထားပါတယ္။