
အာနီဆလော့က စပါးစ်နည်းပြရာထူးကို ရယူလိုခြင်း မရှိဘဲ ဖီယင်နုအသင်းကိုပင် ဆက်လက် ကိုင်တွယ်သွားလိုကြောင်း လူသိရှင်ကြား ပြောကြားလာပါတယ်။
အသက် ၄၄ နှစ်ရှိ အာနီဆလော့ဟာ မတ်လတုန်းက အန်တိုနီယိုကွန်တီ ထုတ်ပယ်ခြင်းခံရပြီးနောက် လစ်လပ်နေတဲ့ စပါးစ်နည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားနေသူများထဲတွင် တစ်ဦးအပါအဝင် ဖြစ်ပါတယ်။
ဆလော့ဟာ ယခုရာသီတွင် ဖီယင်နုအသင်းကို ဒတ်ချ်အဆင့်မြင့်တန်းဖလား ရရှိအောင် စွမ်းဆောင်ထားနိုင်သူဖြစ်ပါတယ်။ သူဟာ ဖီယင်နုအသင်းနှင့် စာချုပ်သက်တမ်းတိုးရန်အတွက် ဗုဒ္ဓဟူးနေ့တုန်းက ဆွေးနွေးခဲ့ပါတယ်။
ဆလော့က “အခြားကလပ်တွေက ကျွန်တော့်ကို စိတ်ဝင်စားတဲ့အကြောင်းတွေ အများကြီး ကြားရပါတယ်။ ဒီအတွက်လည်း ကျေနပ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဖီယင်နုမှာပဲ ဆက်နေချင်တယ်။ ဗုဒ္ဓဟူးနေ့တုန်းက တွေ့ဆုံတာက အပြောင်းအရွှေ့ကိစ္စအတွက် မဟုတ်ပါဘူး။ သက်တမ်းတိုးရေးပါ။ ကလပ်နဲ့ ဆွေးနွေးတာအားလုံးက သက်တမ်းတိုးရေးပါ”လို့ ပြောကြားသွားပါတယ်။
စပါးစ်ဟာ ကွန်တီကို ထုတ်ပယ်ပြီးနောက် လက်ထောက်နည်းပြစတယ်လီနီကို ယာယီခန့်အပ်ခဲ့ပေမဲ့လည်း ၆ ပွဲတွင် ၄ မှတ်သာ ရရှိမှုကြောင့် ထုတ်ပယ်ကာ ရိုင်ယန်မေဆင်ကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားပါတယ်။