စပါးစ်နည်းပြရာထူးအတွက် ကွန်တီအခြေအနေအကောင်းဆုံးဖြစ်လာ

အန်တိုနီယိုကွန်တီဟာစပါးစ်နည်းပြရာထူးအတွက်ဆွေးနွေးမှုအဆင်ပြေတိုးတက်လျက်ရှိနေကြောင်းသိရပါတယ်။

စပါးစ်ဟာဧပြီလတုန်းကမန်စီးတီးနှင့်ကာရာဘောင်းဖလားဗိုလ်လုပွဲမတိုင်မီသုံးရက်အလိုတွင်နည်းပြမော်ရင်ဟိုကိုထုတ်ပယ်ခဲ့ပြီးနောက်ရိုင်ယန်မာဆင်အားရာသီအကုန်အထိယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။

စပါးစ်ဥက္ကဌလီဗိုင်းဟာပီအက်စ်ဂျီနည်းပြမော်ရီစီယိုပိုချက်တီနိုအားအသင်းသို့ပြန်လည်ခေါ်ဆောင်လိုသော်လည်းပီအက်စ်ဂျီကလက်မလွှတ်မှုကြောင့်ခက်ခဲနေပါတယ်။

ဒါကြောင့်လည်းစပါးစ်ဥက္ကဌလီဗိုင်းဟာချဲလ်ဆီးနည်းပြဟောင်းအန်တိုနီယိုကွန်တီအားခန့်အပ်ရန်ကြိုးပမ်းလာခြင်းဖြစ်ပါတယ်။

အသက်၅၁နှစ်ရှိအန်တိုနီယိုကွန်တီဟာအင်တာမီလန်အသင်းကို၁၁နှစ်အတွင်းပထမဆုံးစကူဒက်တိုဖလားဆွတ်ခူးပေးပြီးနောက်ရက်အနည်းငယ်အကြာတွင်ကလပ်နှင့်အဆင်မပြေဖြစ်ကာနုတ်ထွက်လာခဲ့ပါတယ်။

အစောပိုင်းတုန်းကသူဟာဂျူဗင်တပ်၊ရီးရဲလ်မက်ဒရစ်နည်းပြရာထူးတို့အတွက်ရေပန်းစားခဲ့ပေမယ့်အယ်လ်လီဂရီနှင့်အန်ဆယ်လော့တီတို့အားအသီးသီးခန့်အပ်လိုက်ကြပြီးဖြစ်ပါတယ်။

အန်တိုနီယိုကွန်တီအနေဖြင့်စပါးစ်နည်းပြရာထူးကိုလိုက်ခံလိုက်ပါကလည်းကစားသမားခေါ်ယူရေးအတွက်ကစားသမားများကိုရောင်းချရဖို့ရှိပါတယ်။ကွန်တီဟာသူ့ကစားကွက်တွင်အသုံးပြုဖို့နောက်တန်းအစွန်နှင့်အလယ်တန်းကစားသမားများစွာခေါ်ယူလေ့ရှိတဲ့သူတစ်ဦးဖြစ်ပါတယ်။

ဒါ့အပြင်မီဒီယာများရဲ့ဖော်ပြချက်အရကွန်တီသာစပါးစ်သို့ရောက်လာမည်ဆိုပါကဂျူဗင်တပ်အားကစားဒါရိုက်တာဟောင်းဖာဘီယိုပါရာတီကာမှာလည်းစပါးစ်သို့ရောက်လာနိုင်ပါတယ်။

ZawGyi








