
ဂရာနစ်ဇာခါဟာမနေ့ညတုန်းကခါးသီးတဲ့ပြိုင်ဘက်စပါးစ်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာအာဆင်နယ်မှာသူဘယ်လောက်အရေးပါတဲ့သူလဲဆိုတာပြသခဲ့ပါတယ်။
အာဆင်နယ်ဟာယခုရာသီပထမဆုံးမြောက်လန်ဒန်ဒါဘီပွဲစဉ်မှာအကောင်းဆုံးခြေစွမ်းဖြင့်အနိုင်ယူပြီးပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကိုဆက်လက်ရယူနိုင်ခဲ့ပါတယ်။
ဇာခါဟာလည်းယခုရာသီမှာအာတီတာရဲ့စနစ်တွင်အံဝင်လျက်ရှိပြီး ယခင်ကထက်ပိုပြီးတော့ Box-to-Box ကစားခွင့်ရလာပါတယ်။
တဖက်တွင်အာဆင်နယ်ဟာပရီးမီးယားလိဂ်ရဲ့ပျမ်းမျှအသက်အငယ်ဆုံးအသင်းဖြစ်နေရာအတွေ့အကြုံရင့်ကျက်တဲ့ဇာခါကတာဝန်ယူမှုပိုင်းပိုမိုများပြားနေပါတယ်။
စပါးစ်နှင့်ပွဲတွင်ပွဲချိန်မိနစ်၂၀မှာသောမတ်စ်ပါတေးကဧရိယာအပြင်ကနေ လှပတဲ့ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။
ပါတေးကယင်းဂိုးကိုအောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့ဇာခါဟာချက်ချင်းဆိုသလိုကစားဖော်များကိုစုရုံးပြီးအစီအစဉ်အတိုင်းဆက်ကစားဖို့နှိုးဆော်ခဲ့ပါတယ်။
ဇာခါဟာကစားဖော်များကိုတစ်ဦးနှင့်တစ်ဦးဖက်ထားစေပြီးကွင်းအတွင်းမှာပင်မိန့်ခွန်းချွေခဲ့ပါတယ်။
အာဆင်နယ်ပရိသတ်များဟာဇာခါရဲ့ကွင်းအတွင်းခေါင်းဆောင်မှုစွမ်းရည်အပေါ်တွင်ချီးကျူးလျက်ရှိကြပါတယ်။
အာဆင်နယ်ပရိသတ်တစ်ဦးက “မာတင်အိုဒီဂတ်ကအသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ထားတယ်။ဒါပေမဲ့ဇာခါကမှတကယ့်အရေးပါတဲ့သူ”လို့ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “ဂိုးတစ်ဂိုးအောင်ပွဲခံချိန်မှာဇာခါက Team Talk လုပ်တာမြင်ကြလား။ဒါမှငါ့ရဲ့ကက်ပတိန်ကွ”လို့ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း “အသင်းခေါင်းဆောင်လက်ပတ်မဝတ်ဆင်ထားရပေမဲ့ဇာခါကအာဆင်နယ်ရဲ့တကယ့်စစ်မှန်တဲ့အသင်းခေါင်းဆောင်”လို့ဆိုသွားပါတယ်။
ပါတေးရဲ့ဂိုးကိုဟယ်ရီကိန်းကပင်နယ်တီမှတဆင့်ပြန်ချေပခဲ့ပါတယ်။ယင်းဂိုးကြောင့်ဟယ်ရီကိန်းဟာပရီးမီးယားလိဂ်အဝေးဂိုး၁၀၀ပြည့်သွင်းနိုင်သူဖြစ်လာသလိုမြောက်လန်ဒန်ဒါဘီပွဲများနှင့်လန်ဒန်ဒါဘီပွဲများတွင်ဂိုးအများဆုံးသွင်းယူသူလည်းဖြစ်လာပါတယ်။
ဒါပေမဲ့ဒုတိယပိုင်းအစ၄မိနစ်တွင်ဂါဘရီရယ်ဂျေဆူးကစပါးစ်ဂိုးသမားဟူဂိုလိုရစ်ရဲ့အမှားကနေဦးဆောင်ဂိုးသွင်းခဲ့ပြီးဇာခါက၆၇မိနစ်မှာအနိုင်သေချာစေမဲ့တတိယဂိုးကိုသွင်းယူခဲ့ပါတယ်။ဇာခါတတိယဂိုးမသွင်းမီ၅မိနစ်အလိုတွင်စပါးစ်နောက်ခံလူအီမာဆင်ရွိုင်ရယ်ဟာမာတင်နယ်တီကိုကြမ်းတမ်းစွာဖျက်ထုတ်ကစားလို့အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။
ZawGyi
စပါးစ္ႏိုင္ပြဲတြင္ အသင္းေခါင္းေဆာင္စြမ္းရည္ျပသခဲ့တဲ့ ဂရာနစ္ဇာခါ
ဂရာနစ္ဇာခါဟာမေန႔ညတုန္းကခါးသီးတဲ့ၿပိဳင္ဘက္စပါးစ္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာအာဆင္နယ္မွာသူဘယ္ေလာက္အေရးပါတဲ့သူလဲဆိုတာျပသခဲ့ပါတယ္။
အာဆင္နယ္ဟာယခုရာသီပထမဆုံးေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာအေကာင္းဆုံးေျခစြမ္းျဖင့္အႏိုင္ယူၿပီးပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာကိုဆက္လက္ရယူႏိုင္ခဲ့ပါတယ္။
ဇာခါဟာလည္းယခုရာသီမွာအာတီတာရဲ႕စနစ္တြင္အံဝင္လ်က္ရွိၿပီး ယခင္ကထက္ပိုၿပီးေတာ့ Box-to-Box ကစားခြင့္ရလာပါတယ္။
တဖက္တြင္အာဆင္နယ္ဟာပရီးမီးယားလိဂ္ရဲ႕ပ်မ္းမွ်အသက္အငယ္ဆုံးအသင္းျဖစ္ေနရာအေတြ႕အႀကဳံရင့္က်က္တဲ့ဇာခါကတာဝန္ယူမႈပိုင္းပိုမိုမ်ားျပားေနပါတယ္။
စပါးစ္ႏွင့္ပြဲတြင္ပြဲခ်ိန္မိနစ္၂၀မွာေသာမတ္စ္ပါေတးကဧရိယာအျပင္ကေန လွပတဲ့ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။
ပါေတးကယင္းဂိုးကိုေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။ဒါေပမဲ့ဇာခါဟာခ်က္ခ်င္းဆိုသလိုကစားေဖာ္မ်ားကိုစု႐ုံးၿပီးအစီအစဥ္အတိုင္းဆက္ကစားဖို႔ႏႈိးေဆာ္ခဲ့ပါတယ္။
ဇာခါဟာကစားေဖာ္မ်ားကိုတစ္ဦးႏွင့္တစ္ဦးဖက္ထားေစၿပီးကြင္းအတြင္းမွာပင္မိန႔္ခြန္းေခြၽခဲ့ပါတယ္။
အာဆင္နယ္ပရိသတ္မ်ားဟာဇာခါရဲ႕ကြင္းအတြင္းေခါင္းေဆာင္မႈစြမ္းရည္အေပၚတြင္ခ်ီးက်ဴးလ်က္ရွိၾကပါတယ္။
အာဆင္နယ္ပရိသတ္တစ္ဦးက “မာတင္အိုဒီဂတ္ကအသင္းေခါင္းေဆာင္လက္ပတ္ကိုဝတ္ဆင္ထားတယ္။ဒါေပမဲ့ဇာခါကမွတကယ့္အေရးပါတဲ့သူ”လို႔ဆိုသြားပါတယ္။
အျခားတစ္ဦးကလည္း “ဂိုးတစ္ဂိုးေအာင္ပြဲခံခ်ိန္မွာဇာခါက Team Talk လုပ္တာျမင္ၾကလား။ဒါမွငါ့ရဲ႕ကက္ပတိန္ကြ”လို႔ဆိုသြားပါတယ္။
အျခားတစ္ဦးကလည္း “အသင္းေခါင္းေဆာင္လက္ပတ္မဝတ္ဆင္ထားရေပမဲ့ဇာခါကအာဆင္နယ္ရဲ႕တကယ့္စစ္မွန္တဲ့အသင္းေခါင္းေဆာင္”လို႔ဆိုသြားပါတယ္။
ပါေတးရဲ႕ဂိုးကိုဟယ္ရီကိန္းကပင္နယ္တီမွတဆင့္ျပန္ေခ်ပခဲ့ပါတယ္။ယင္းဂိုးေၾကာင့္ဟယ္ရီကိန္းဟာပရီးမီးယားလိဂ္အေဝးဂိုး၁၀၀ျပည့္သြင္းႏိုင္သူျဖစ္လာသလိုေျမာက္လန္ဒန္ဒါဘီပြဲမ်ားႏွင့္လန္ဒန္ဒါဘီပြဲမ်ားတြင္ဂိုးအမ်ားဆုံးသြင္းယူသူလည္းျဖစ္လာပါတယ္။
ဒါေပမဲ့ဒုတိယပိုင္းအစ၄မိနစ္တြင္ဂါဘရီရယ္ေဂ်ဆူးကစပါးစ္ဂိုးသမားဟူဂိုလိုရစ္ရဲ႕အမွားကေနဦးေဆာင္ဂိုးသြင္းခဲ့ၿပီးဇာခါက၆၇မိနစ္မွာအႏိုင္ေသခ်ာေစမဲ့တတိယဂိုးကိုသြင္းယူခဲ့ပါတယ္။ဇာခါတတိယဂိုးမသြင္းမီ၅မိနစ္အလိုတြင္စပါးစ္ေနာက္ခံလူအီမာဆင္႐ြိဳင္ရယ္ဟာမာတင္နယ္တီကိုၾကမ္းတမ္းစြာဖ်က္ထုတ္ကစားလို႔အနီကတ္ျပထုတ္ပယ္ခံခဲ့ရပါတယ္။