စပါးစ်နိုင်ပွဲအား ချန်ပီယံလိဂ်ဖလားရသကဲ့သို့ အောင်ပွဲခံနေတယ်လို့ အာဆင်နယ် ဝေဖန်ခံရ

talkSPORT မှဝေဖန်သုံးသပ်သူဂျေမီအိုဟားရားကအာဆင်နယ်ပရိသတ်များအားမြောက်လန်ဒန်ဒါဘီနိုင်ပွဲကိုချန်ပီယံလိဂ်ဖလားရသကဲ့သို့အကြီးအကျယ်အောင်ပွဲခံနေတယ်ဆိုပြီးအပြင်းအထန်ဝေဖန်လိုက်ပါတယ်။

အာဆင်နယ်ဟာတနင်္ဂနွေနေ့တုန်းကအမ်းမရိတ်ကွင်းတွင်စပါးစ်ကိုအီမီလီစမစ်ရိုဝီ၊အော်ဘာမီယန်၊ဆာကာတို့ရဲ့သွင်းဂိုးများဖြင့်၃-၁ဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ရာသီအစရလဒ်ဆိုးများနှင့်ကြုံခဲ့ရတဲ့အာဆင်နယ်ဟာအမ်းမရိတ်ကွင်းပွဲစဉ်တွင်ခြေစွမ်းပိုင်းကောင်းမွန်ခဲ့ပြီးလေးပွဲဆက်နိုင်ပွဲရရှိခဲ့ကာနည်းပြအာတီတာအပေါ်တွင်ဖိအားများလည်းလျှော့ကျသွားခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်များဟာပွဲအပြီးတွင်အူဘာမီယန်ရဲ့ကားရှေ့တွင်အကြီးအကျယ် အောင်ပွဲခံခဲ့ကြသလိုအာဆင်နယ်ကွင်းလယ်ကစားသမားရိုဝီကလည်းသူ့ဘဝတွင်အကောင်းဆုံးနေ့ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါ့အပြင်ထောင်ပေါင်းများစွာသောအာဆင်နယ်ပရိသတ်များဟာအမ်းမရိတ်ကွင်းအပြင်ဘက်တွင်မီးရှူးများဖောက်ကာအောင်ပွဲခံခဲ့ကြပါတယ်။

စပါးစ်ကစားသမားဟောင်းအိုဟားရားက “ရမှတ်၉မှတ်ရသွားတာကိုအမှတ်ပေးဖလားရသွားလိုမျိုးခင်ဗျားတို့အောင်ပွဲခံနေကြတယ်။သာမန်နည်းပြကိုင်တွယ်နေတဲ့သာမန်စပါးစ်အသင်းကိုအနိုင်ရလိုက်တာကိုအမှတ်ပေးဖလားရသလိုအောင်ပွဲခံနေတာစိတ်ပျက်ဖို့ကောင်းလိုက်တာ။တကယ်တော့ခင်ဗျားတို့ဟာပရီးမီးယားလိဂ်မှာအကြီးကျယ်ဆုံးကျရှုံးမှုနဲ့ကြုံခဲ့ရတဲ့အသင်းပါ။ခင်ဗျားတို့ဟာအရင်တုန်းကဆုဖလားအတွက်မန်ယူနဲ့ယှဉ်ခဲ့တဲ့အသင်းပါ။အခုအသုံးအကျတဲ့စပါးစ်ကိုအနိုင်ရလိုက်တာဥရောပဖလားရသလိုမျိုးလာလုပ်နေတယ်။ကိုယ့်ကိုကိုယ်ပြုတ်မကျအောင်ကြိုးစားကြပါ”လို့ပြောကြားသွားပါတယ်။

အာဆင်နယ်ဟာရမှတ်၉မှတ်ရရှိထားပြီးအမှတ်ပေးဇယားတွင်ဂိုးကွာခြားချက်ဖြင့်စပါးစ်ရဲ့အပေါ်တွင်ရပ်တည်နေပါတယ်။စပါးစ်ဟာအာဆင်နယ်ရှုံးပွဲကြောင့်လန်ဒန်ဒါဘီပွဲသုံးပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi

စပါးစ္ႏိုင္ပြဲအား ခ်န္ပီယံလိဂ္ဖလားရသကဲ့သို႔ ေအာင္ပြဲခံေနတယ္လို႔ အာဆင္နယ္ ေဝဖန္ခံရ

talkSPORT မွေဝဖန္သုံးသပ္သူေဂ်မီအိုဟားရားကအာဆင္နယ္ပရိသတ္မ်ားအားေျမာက္လန္ဒန္ဒါဘီႏိုင္ပြဲကိုခ်န္ပီယံလိဂ္ဖလားရသကဲ့သို႔အႀကီးအက်ယ္ေအာင္ပြဲခံေနတယ္ဆိုၿပီးအျပင္းအထန္ေဝဖန္လိုက္ပါတယ္။

အာဆင္နယ္ဟာတနဂၤေႏြေန႔တုန္းကအမ္းမရိတ္ကြင္းတြင္စပါးစ္ကိုအီမီလီစမစ္႐ိုဝီ၊ေအာ္ဘာမီယန္၊ဆာကာတို႔ရဲ႕သြင္းဂိုးမ်ားျဖင့္၃-၁ျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ရာသီအစရလဒ္ဆိုးမ်ားႏွင့္ႀကဳံခဲ့ရတဲ့အာဆင္နယ္ဟာအမ္းမရိတ္ကြင္းပြဲစဥ္တြင္ေျခစြမ္းပိုင္းေကာင္းမြန္ခဲ့ၿပီးေလးပြဲဆက္ႏိုင္ပြဲရရွိခဲ့ကာနည္းျပအာတီတာအေပၚတြင္ဖိအားမ်ားလည္းေလွ်ာ့က်သြားခဲ့ပါတယ္။

အာဆင္နယ္ပရိသတ္မ်ားဟာပြဲအၿပီးတြင္အူဘာမီယန္ရဲ႕ကားေရွ႕တြင္အႀကီးအက်ယ္ ေအာင္ပြဲခံခဲ့ၾကသလိုအာဆင္နယ္ကြင္းလယ္ကစားသမား႐ိုဝီကလည္းသူ႔ဘဝတြင္အေကာင္းဆုံးေန႔ျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။ဒါ့အျပင္ေထာင္ေပါင္းမ်ားစြာေသာအာဆင္နယ္ပရိသတ္မ်ားဟာအမ္းမရိတ္ကြင္းအျပင္ဘက္တြင္မီးရႉးမ်ားေဖာက္ကာေအာင္ပြဲခံခဲ့ၾကပါတယ္။

စပါးစ္ကစားသမားေဟာင္းအိုဟားရားက “ရမွတ္၉မွတ္ရသြားတာကိုအမွတ္ေပးဖလားရသြားလိုမ်ိဳးခင္ဗ်ားတို႔ေအာင္ပြဲခံေနၾကတယ္။သာမန္နည္းျပကိုင္တြယ္ေနတဲ့သာမန္စပါးစ္အသင္းကိုအႏိုင္ရလိုက္တာကိုအမွတ္ေပးဖလားရသလိုေအာင္ပြဲခံေနတာစိတ္ပ်က္ဖို႔ေကာင္းလိုက္တာ။တကယ္ေတာ့ခင္ဗ်ားတို႔ဟာပရီးမီးယားလိဂ္မွာအႀကီးက်ယ္ဆုံးက်ရႈံးမႈနဲ႔ႀကဳံခဲ့ရတဲ့အသင္းပါ။ခင္ဗ်ားတို႔ဟာအရင္တုန္းကဆုဖလားအတြက္မန္ယူနဲ႔ယွဥ္ခဲ့တဲ့အသင္းပါ။အခုအသုံးအက်တဲ့စပါးစ္ကိုအႏိုင္ရလိုက္တာဥေရာပဖလားရသလိုမ်ိဳးလာလုပ္ေနတယ္။ကိုယ့္ကိုကိုယ္ျပဳတ္မက်ေအာင္ႀကိဳးစားၾကပါ”လို႔ေျပာၾကားသြားပါတယ္။

အာဆင္နယ္ဟာရမွတ္၉မွတ္ရရွိထားၿပီးအမွတ္ေပးဇယားတြင္ဂိုးကြာျခားခ်က္ျဖင့္စပါးစ္ရဲ႕အေပၚတြင္ရပ္တည္ေနပါတယ္။စပါးစ္ဟာအာဆင္နယ္ရႈံးပြဲေၾကာင့္လန္ဒန္ဒါဘီပြဲသုံးပြဲဆက္တိုက္ရႈံးနိမ့္ခဲ့ပါတယ္။