စပါးစ်နှင့်ပွဲစဉ်မှ ဒဏ်ရာကြောင့် သုံးလအထိ နားရတော့မယ့် ဇာခါ

ဂရာနစ်ဇာခါဟာဒူးအရွတ်ဒဏ်ရာကြောင့်သုံးလကြာအနားယူရတော့မှာဖြစ်ကြောင်းသိရပါတယ်။အသက်၂၉နှစ်ရှိအာဆင်နယ်အလယ်တန်းကစားသမားဟာတနင်္ဂနွေနေ့တုန်းကအမ်းမရိတ်ကွင်းမှာစပါးစ်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်ဒဏ်ရာရှိခဲ့တာပါ။

သူဟာဒဏ်ရာရရှိပြီးနောက်မကြာသေးမီတုန်းကခြေထောက်ကိုအထိန်းဖြင့်စွပ်ထားတဲ့ဓာတ်ပုံကိုတင်ခဲ့ပါတယ်။

ယခုအခါမှာတော့အာဆင်နယ်ကဆွစ်ဇာလန်လက်ရွေးစင်ကစားသမားမှာနှစ်သစ်အထိအနားယူရတော့မှာဖြစ်ကြောင်းကြေညာလာပါတယ်။

ဇာခါဟာစပါးစ်စတားလူးကပ်စ်မော်ရာနှင့်မတော်တဆထိမိကာဒူးဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။သူဟာပွဲပယ်ပြစ်ဒဏ်ကြောင့်ကစားခွင့်မရရှိပြီးနောက်လေးပတ်အတွင်းပထမဆုံးဝင်ရောက်ကစားတဲ့ပွဲမှာဒဏ်ရာရခဲ့တာပါ။

သူဟာမန်စီးတီးအား၅-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာမန်စီးတီးနောက်တန်းအစွန်လူကန်စီလိုအားကြမ်းတမ်းစွာဖျက်ထုတ်မှုကြောင့်သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ZawGyi

စပါးစ္ႏွင့္ပြဲစဥ္မွ ဒဏ္ရာေၾကာင့္ သုံးလအထိ နားရေတာ့မယ့္ ဇာခါ

ဂရာနစ္ဇာခါဟာဒူးအ႐ြတ္ဒဏ္ရာေၾကာင့္သုံးလၾကာအနားယူရေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။အသက္၂၉ႏွစ္ရွိအာဆင္နယ္အလယ္တန္းကစားသမားဟာတနဂၤေႏြေန႔တုန္းကအမ္းမရိတ္ကြင္းမွာစပါးစ္ကို၃-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္ဒဏ္ရာရွိခဲ့တာပါ။

သူဟာဒဏ္ရာရရွိၿပီးေနာက္မၾကာေသးမီတုန္းကေျခေထာက္ကိုအထိန္းျဖင့္စြပ္ထားတဲ့ဓာတ္ပုံကိုတင္ခဲ့ပါတယ္။

ယခုအခါမွာေတာ့အာဆင္နယ္ကဆြစ္ဇာလန္လက္ေ႐ြးစင္ကစားသမားမွာႏွစ္သစ္အထိအနားယူရေတာ့မွာျဖစ္ေၾကာင္းေၾကညာလာပါတယ္။

ဇာခါဟာစပါးစ္စတားလူးကပ္စ္ေမာ္ရာႏွင့္မေတာ္တဆထိမိကာဒူးဒဏ္ရာရရွိခဲ့တာလည္းျဖစ္ပါတယ္။သူဟာပြဲပယ္ျပစ္ဒဏ္ေၾကာင့္ကစားခြင့္မရရွိၿပီးေနာက္ေလးပတ္အတြင္းပထမဆုံးဝင္ေရာက္ကစားတဲ့ပြဲမွာဒဏ္ရာရခဲ့တာပါ။

သူဟာမန္စီးတီးအား၅-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမွာမန္စီးတီးေနာက္တန္းအစြန္လူကန္စီလိုအားၾကမ္းတမ္းစြာဖ်က္ထုတ္မႈေၾကာင့္သုံးပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရသူျဖစ္ပါတယ္။