စပါးစ်နှင့်ပွဲတွင် ခြေစွမ်းပြခဲ့တဲ့ လင်ဒီလော့ဖ် အတ္တလန္တာပွဲကိုလွဲမည်

ဗစ်တာလင်ဒီလော့ဖ်ဟာယနေ့ညတွင်အတ္တလန္တာကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမယ့်မန်ချက်စတာယူနိုက်တက်ရဲ့ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကိုလွဲချော်မည်ဖြစ်ကြောင်းသိရပါတယ်။

ဆွီဒင်လက်ရွေးစင်နောက်ခံလူဟာလေ့ကျင့်ခန်းအစီအစဉ်တွင်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးကစားဖော်များနှင့်အတူချန်ပီယံလိဂ်ပွဲကစားရန်အီတလီသို့လိုက်ပါနိုင်ခဲ့ခြင်းမရှိပါဘူး။

အသက်၂၆နှစ်ရှိလင်ဒီလော့ဖ်ဟာယခုရာသီတွင်မန်ယူရဲ့ပရီးမီးယားလိဂ်ပွဲ၁၀ပွဲတွင်၆ပွဲပွဲထွက်ခွင့်ရထားသူဖြစ်ပြီးချန်ပီယံလိဂ်ပွဲ၃ပွဲလုံးပွဲထွက်ကစားထားသူလည်းဖြစ်ပါတယ်။

သူဟာလီဗာပူးကို၅-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်မက်ဂွိုင်းယားနှင့်တွဲကစားခဲ့ရာတွင်ခြေစွမ်းမပြနိုင်ခဲ့သော်လည်းတနင်္ဂနွေနေ့တုန်းကစပါးစ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်မက်ဂွိုင်းယား၊ဗာရိန်းတို့နှင့်တွဲကာသုံးယောက်တန်းနောက်တန်းတွင်အကောင်းဆုံးခြေစွမ်းပြကစားခဲ့ပါတယ်။

သူမပါဝင်လာနိုင်မှုနဲ့အတူယခုရာသီတွင်တစ်ပွဲတည်းသာကစားခွင့်ရထားတဲ့အိုင်ဗရီကို့စ်အသင်းခေါင်းဆောင်အဲရစ်ဘိုင်လီအတွက်ပွဲကစားခွင့်ရရှိရန်အခွင့်အရေးရရှိလာပါတယ်။ဒါ့အပြင်ဆိုးလ်ရှားဟာယခင်တုန်းကသုံးယောက်တန်းနောက်တန်းတွင်အသုံးပြုခဲ့ဖူးတဲ့ဘယ်နောက်ခံလူလုခ်ရှောကိုလည်းအသုံးပြုလာနိုင်ပါတယ်။လုခ်ရှောဟာ၂၀၁၉-၂၀၀၀ရာသီတုန်းကချဲလ်ဆီး၊မန်စီးတီးတို့အားအနိုင်ရတဲ့ပွဲများတွင်သုံးယောက်တန်းခံစစ်တွင်ကစားခဲ့ဖူးပါတယ်။

ZawGyi

စပါးစ္ႏွင့္ပြဲတြင္ ေျခစြမ္းျပခဲ့တဲ့ လင္ဒီေလာ့ဖ္ အတၱလႏၲာပြဲကိုလြဲမည္

ဗစ္တာလင္ဒီေလာ့ဖ္ဟာယေန႔ညတြင္အတၱလႏၲာကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမယ့္မန္ခ်က္စတာယူႏိုက္တက္ရဲ႕ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ကိုလြဲေခ်ာ္မည္ျဖစ္ေၾကာင္းသိရပါတယ္။

ဆြီဒင္လက္ေ႐ြးစင္ေနာက္ခံလူဟာေလ့က်င့္ခန္းအစီအစဥ္တြင္ဒဏ္ရာရရွိခဲ့တာျဖစ္ၿပီးကစားေဖာ္မ်ားႏွင့္အတူခ်န္ပီယံလိဂ္ပြဲကစားရန္အီတလီသို႔လိုက္ပါႏိုင္ခဲ့ျခင္းမရွိပါဘူး။

အသက္၂၆ႏွစ္ရွိလင္ဒီေလာ့ဖ္ဟာယခုရာသီတြင္မန္ယူရဲ႕ပရီးမီးယားလိဂ္ပြဲ၁၀ပြဲတြင္၆ပြဲပြဲထြက္ခြင့္ရထားသူျဖစ္ၿပီးခ်န္ပီယံလိဂ္ပြဲ၃ပြဲလုံးပြဲထြက္ကစားထားသူလည္းျဖစ္ပါတယ္။

သူဟာလီဗာပူးကို၅-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္မက္ဂြိဳင္းယားႏွင့္တြဲကစားခဲ့ရာတြင္ေျခစြမ္းမျပႏိုင္ခဲ့ေသာ္လည္းတနဂၤေႏြေန႔တုန္းကစပါးစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္မက္ဂြိဳင္းယား၊ဗာရိန္းတို႔ႏွင့္တြဲကာသုံးေယာက္တန္းေနာက္တန္းတြင္အေကာင္းဆုံးေျခစြမ္းျပကစားခဲ့ပါတယ္။

သူမပါဝင္လာႏိုင္မႈနဲ႔အတူယခုရာသီတြင္တစ္ပြဲတည္းသာကစားခြင့္ရထားတဲ့အိုင္ဗရီကို႔စ္အသင္းေခါင္းေဆာင္အဲရစ္ဘိုင္လီအတြက္ပြဲကစားခြင့္ရရွိရန္အခြင့္အေရးရရွိလာပါတယ္။ဒါ့အျပင္ဆိုးလ္ရွားဟာယခင္တုန္းကသုံးေယာက္တန္းေနာက္တန္းတြင္အသုံးျပဳခဲ့ဖူးတဲ့ဘယ္ေနာက္ခံလူလုခ္ေရွာကိုလည္းအသုံးျပဳလာႏိုင္ပါတယ္။လုခ္ေရွာဟာ၂၀၁၉-၂၀၀၀ရာသီတုန္းကခ်ဲလ္ဆီး၊မန္စီးတီးတို႔အားအႏိုင္ရတဲ့ပြဲမ်ားတြင္သုံးေယာက္တန္းခံစစ္တြင္ကစားခဲ့ဖူးပါတယ္။