စပါးစ်နှင့်ပွဲတွင် ဂိုးသွင်းပြီးနောက် ဂန္ထဝင်ကစားသမားဟင်နရီကဲ့သို့ အောင်ပွဲခံခဲ့တဲ့ အော်ဘာမီယန်

အာဆင်နယ်အသင်းခေါင်းဆောင်အော်ဘာမီယန်ဟာမနေ့ညတုန်းကလန်ဒန်မြို့ခံပြိုင်ဘက်စပါးစ်နှင့်ပွဲစဉ်မှာဂိုးသွင်းယူနိုင်ပြီးနောက် ဂန္ထဝင်ကစားသမားဟင်နရီရဲ့ရှေ့မှောက်မှာပင် ဟင်နရီကဲ့သို့အောင်ပွဲခံမှုပြုလုပ်ခဲ့ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင်ဟာတန်ပြန်တိုက်စစ်ကနေဘယ်ခြေနဲ့ထောင့်ကျဉ်းသို့ကန်ပြီးအာဆင်နယ်အတွက်ဒုတိယဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

အော်ဘာမီယန်ဟာဂိုးသွင်းယူနိုင်ပြီးနောက်အမ်းမရိတ်ကွင်းမြက်ခင်းပေါ်မှာဒူးထောက်ရင်းလက်သီးဆုပ်ကာဟင်နရီကဲ့သို့အောင်ပွဲခံမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

အာဆင်နယ်ဟာဟင်နရီအောင်ပွဲခံတဲ့ပုံကိုအမ်းမရိတ်ကွင်းအပြင်ဘက်မှာလည်းရုပ်ထုထုလုပ်ဂုဏ်ပြုထားပါတယ်။

အာဆင်နယ်နှင့်စပါးစ်ပွဲစဉ်ကိုဟင်နရီကိုယ်တိုင်လည်းလာရောက်ကြည့်နေခဲ့တာဖြစ်ပြီးအော်ဘာမီယန်ရဲ့အောင်ပွဲခံမှုအပေါ်ကျေနပ်အားရနေပါတယ်။

စပါးစ်နှင့်လန်ဒန်ဒါဘီပွဲစဉ်မှာအာဆင်နယ်ဟာ၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။အာဆင်နယ်ဟာစမတ်ရိုဝီရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပြီးအော်ဘာမီယန်နှင့်ဆာကာတို့ကဂိုးသွင်းခဲ့ကြကာစပါးစ်အတွက်နှစ်သိမ့်ဂိုးကိုဆန်ဟောင်မင်းကသွင်းယူခဲ့တာဖြစ်ပါတယ်။

ZawGyi

စပါးစ္ႏွင့္ပြဲတြင္ ဂိုးသြင္းၿပီးေနာက္ ဂႏၴဝင္ကစားသမားဟင္နရီကဲ့သို႔ ေအာင္ပြဲခံခဲ့တဲ့ ေအာ္ဘာမီယန္

အာဆင္နယ္အသင္းေခါင္းေဆာင္ေအာ္ဘာမီယန္ဟာမေန႔ညတုန္းကလန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္စပါးစ္ႏွင့္ပြဲစဥ္မွာဂိုးသြင္းယူႏိုင္ၿပီးေနာက္ ဂႏၴဝင္ကစားသမားဟင္နရီရဲ႕ေရွ႕ေမွာက္မွာပင္ ဟင္နရီကဲ့သို႔ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ပါတယ္။

အာဆင္နယ္အသင္းေခါင္းေဆာင္ဟာတန္ျပန္တိုက္စစ္ကေနဘယ္ေျခနဲ႔ေထာင့္က်ဥ္းသို႔ကန္ၿပီးအာဆင္နယ္အတြက္ဒုတိယဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

ေအာ္ဘာမီယန္ဟာဂိုးသြင္းယူႏိုင္ၿပီးေနာက္အမ္းမရိတ္ကြင္းျမက္ခင္းေပၚမွာဒူးေထာက္ရင္းလက္သီးဆုပ္ကာဟင္နရီကဲ့သို႔ေအာင္ပြဲခံမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။

အာဆင္နယ္ဟာဟင္နရီေအာင္ပြဲခံတဲ့ပုံကိုအမ္းမရိတ္ကြင္းအျပင္ဘက္မွာလည္း႐ုပ္ထုထုလုပ္ဂုဏ္ျပဳထားပါတယ္။

အာဆင္နယ္ႏွင့္စပါးစ္ပြဲစဥ္ကိုဟင္နရီကိုယ္တိုင္လည္းလာေရာက္ၾကည့္ေနခဲ့တာျဖစ္ၿပီးေအာ္ဘာမီယန္ရဲ႕ေအာင္ပြဲခံမႈအေပၚေက်နပ္အားရေနပါတယ္။

စပါးစ္ႏွင့္လန္ဒန္ဒါဘီပြဲစဥ္မွာအာဆင္နယ္ဟာ၃-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။အာဆင္နယ္ဟာစမတ္႐ိုဝီရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ၿပီးေအာ္ဘာမီယန္ႏွင့္ဆာကာတို႔ကဂိုးသြင္းခဲ့ၾကကာစပါးစ္အတြက္ႏွစ္သိမ့္ဂိုးကိုဆန္ေဟာင္မင္းကသြင္းယူခဲ့တာျဖစ္ပါတယ္။