
ဘရန့်ဖို့ဒ်စတားဘရိုင်ယန်အမ်ဘူမိုဟာစပါးစ်နှင့်ပွဲတွင်ပင်နယ်တီရရှိရန်အတွက်ဆိုးဆိုးရွားရွားဟန်ဆောင်ဒိုင်ဗင်ထိုးမှုအတွက်ပရိသတ်များရဲ့အပြင်းအထန်ဝေဖန်ခြင်းခံနေရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးပထမဆုံးကစားတဲ့ပရီးမီးယားလိဂ်ပွဲဖြစ်တဲ့စပါးစ်နှင့်ဘရန့်ဖို့ဒ်တို့ပွဲမှာနှစ်ဂိုးစီသရေဖြင့်ပြီးဆုံးသွားခဲ့ပါတယ်။
ဗီလာတီဂျေနက်ကပွဲချိန်၁၅မိနစ်တွင်ပင်ဘရန့်ဖို့ဒ်အတွက်ဦးဆောင်ဂိုးသွင်းခဲ့ပြီး၅၄မိနစ်မှာအိုင်ဗန်တိုနေးကဒုတိယဂိုးထပ်မံသွင်းယူခဲ့ပါတယ်။
ဒါပေမဲ့စပါးစ်ဟာဒုတိယပိုင်းတွင်ဟယ်ရီကိန်းနဲ့ဟိုဘတ်တို့ရဲ့ဂိုးများကြောင့်ချေပဂိုးများရရှိခဲ့ပါတယ်။
ဒါပေမဲ့ပွဲချိန်၇၆မိနစ်မှာတော့အမ်ဘူမိုဟာပင်နယ်တီရရှိရေးအတွက်စပါးစ်ပင်နယ်တီဧရိယာမှာဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့ပါတယ်။
ကင်မရွန်းတိုက်စစ်မှူးဟာစပါးစ်ဂိုးသမားဖော်စတာနှင့်ဘောလုံးအပြိုင်ရယူရန်ကြိုးပမ်းစဉ်တစုံတရာထိခြင်းမရှိဘဲဟန်ဆောင်ဒိုင်ဗင်ထိုးခဲ့တာလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်းပရိသတ်တစ်ဦးက “ပင်နယ်တီရဖို့ဟန်ဆောင်ဒိုင်ဗင်ထိုးရင်အနီကတ်ပြသင့်တယ်။အမ်ဘူမိုကြောင့်အံ့ဩရတယ်”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “သူဟာဂိုးထက်ဦးပြီးဘောလုံးရယူဂိုးသွင်းနိုင်ခဲ့သင့်တယ်။ဒါပေမဲ့ဒိုင်ဗင်ထိုးပဲထိုးခဲ့တယ်”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း”မြင်ဖူးသမျှဟန်ဆောင်ဒိုင်ဗင်ထဲမှာမဆိုးဆုံးပဲ”လို့ဆိုသွားပါတယ်။
ZawGyi
စပါးစ္ႏွင့္ပြဲတြင္ ပင္နယ္တီရရွိရန္ ဆိုးဆိုး႐ြား႐ြားဒိုင္ဗင္ထိုးမႈေၾကာင့္ အမ္ဘူမို အျပင္းအထန္ေဝဖန္ခံေနရ
ဘရန႔္ဖို႔ဒ္စတားဘ႐ိုင္ယန္အမ္ဘူမိုဟာစပါးစ္ႏွင့္ပြဲတြင္ပင္နယ္တီရရွိရန္အတြက္ဆိုးဆိုး႐ြား႐ြားဟန္ေဆာင္ဒိုင္ဗင္ထိုးမႈအတြက္ပရိသတ္မ်ားရဲ႕အျပင္းအထန္ေဝဖန္ျခင္းခံေနရပါတယ္။
ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးပထမဆုံးကစားတဲ့ပရီးမီးယားလိဂ္ပြဲျဖစ္တဲ့စပါးစ္ႏွင့္ဘရန႔္ဖို႔ဒ္တို႔ပြဲမွာႏွစ္ဂိုးစီသေရျဖင့္ၿပီးဆုံးသြားခဲ့ပါတယ္။
ဗီလာတီေဂ်နက္ကပြဲခ်ိန္၁၅မိနစ္တြင္ပင္ဘရန႔္ဖို႔ဒ္အတြက္ဦးေဆာင္ဂိုးသြင္းခဲ့ၿပီး၅၄မိနစ္မွာအိုင္ဗန္တိုေနးကဒုတိယဂိုးထပ္မံသြင္းယူခဲ့ပါတယ္။
ဒါေပမဲ့စပါးစ္ဟာဒုတိယပိုင္းတြင္ဟယ္ရီကိန္းနဲ႔ဟိုဘတ္တို႔ရဲ႕ဂိုးမ်ားေၾကာင့္ေခ်ပဂိုးမ်ားရရွိခဲ့ပါတယ္။
ဒါေပမဲ့ပြဲခ်ိန္၇၆မိနစ္မွာေတာ့အမ္ဘူမိုဟာပင္နယ္တီရရွိေရးအတြက္စပါးစ္ပင္နယ္တီဧရိယာမွာဟန္ေဆာင္ဒိုင္ဗင္ထိုးခဲ့ပါတယ္။
ကင္မ႐ြန္းတိုက္စစ္မႉးဟာစပါးစ္ဂိုးသမားေဖာ္စတာႏွင့္ေဘာလုံးအၿပိဳင္ရယူရန္ႀကိဳးပမ္းစဥ္တစုံတရာထိျခင္းမရွိဘဲဟန္ေဆာင္ဒိုင္ဗင္ထိုးခဲ့တာလည္းျဖစ္ပါတယ္။
ဒါေၾကာင့္လည္းပရိသတ္တစ္ဦးက “ပင္နယ္တီရဖို႔ဟန္ေဆာင္ဒိုင္ဗင္ထိုးရင္အနီကတ္ျပသင့္တယ္။အမ္ဘူမိုေၾကာင့္အံ့ဩရတယ္”လို႔ဆိုသြားပါတယ္။အျခားတစ္ဦးကလည္း “သူဟာဂိုးထက္ဦးၿပီးေဘာလုံးရယူဂိုးသြင္းႏိုင္ခဲ့သင့္တယ္။ဒါေပမဲ့ဒိုင္ဗင္ထိုးပဲထိုးခဲ့တယ္”လို႔ဆိုသြားပါတယ္။အျခားတစ္ဦးကလည္း”ျမင္ဖူးသမွ်ဟန္ေဆာင္ဒိုင္ဗင္ထဲမွာမဆိုးဆုံးပဲ”လို႔ဆိုသြားပါတယ္။