စပါးစ်နှင့်ပွဲတွင် ပဲလေ့စ်ရဲ့ဇာဟာပါဝင်လာမည်

ဝီလ်ဖရိုင်းဇာဟာဒဏ်ရာမှပြန်လည်ကောင်းမွန်လာပြီဖြစ်လို့တနင်္ဂနွေနေ့တွင်စပါးစ်နှင့်ရင်ဆိုင်ကစားရမယ့်ပွဲစဉ်မှာ ပြန်လည်ပါဝင်လာတော့မှာဖြစ်ကြောင်းသိရပါတယ်။ဇာဟာဟာဖေဖော်ဝါရီလ၂ရက်နေ့တုန်းကနယူးကာဆယ်အား ၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဒဏ်ရာရရှိပြီးနောက်အနားယူလာခဲ့ရသူလည်းဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာဇာဟာမပါဝင်ဘဲငါးပွဲရင်ဆိုင်ကစားခဲ့ရာမှာတစ်ပွဲတည်းသာအနိုင်ရယူထားနိုင်တဲ့အပြင်တစ်ဂိုးတည်းသာသွင်းယူထားနိုင်ပါတယ်။ဒါပေမယ့်၎င်းတို့ဟာကြားရက်တုန်းကအိမ်ကွင်းမှာမန်ယူကိုသရေကစားနိုင်ခဲ့ ပါတယ်။

ပဲလေ့စ်နည်းပြရွိုင်းဟော့ဆန်က “သူ့ဒဏ်ရာကဆေးဘက်ဆိုင်ရာဝန်ထမ်းတွေထင်မှတ်ထားတာထက်မြန်မြန်ဆန် ဆန်ပျောက်သွားပါတယ်။သူဟာဒီအပတ်မှာကောင်းကောင်းလေ့ကျင့်နိုင်တာကြောင့်သူ့ကိုမသုံးမစဉ်းစားပါဘူး”လို့ ပြောကြားသွားပါတယ်။

ဇာဟာဟာယခုရာသီတွင်ခရစ္စတယ်ပဲလေ့စ်အတွက်၉ဂိုးသွင်းယူပြီးကလပ်ရဲ့ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသူဖြစ်ပါတယ်။

ပဲလေ့စ်ဟာစပါးစ်ကိုအနိုင်ရရှိလျှင်အမှတ်ပေးဇယားအဆင့်၁၀နေရာမှအာဆင်နယ်နှင့်ရမှတ်တူဖြစ်လာပါမယ်။အခြားတစ်ဖက်တွင်စပါးစ်မှာထိပ်သီးလေးသင်းစာရင်းဝင်ရေးတိုက်ပွဲဝင်နေပါတယ်။စပါးစ်ဟာခရစ္စတယ်ပဲလေ့စ်ကို နောက်ဆုံး၁၁ပွဲဆက်တိုက်ရှုံးနိမ့်ထားခြင်းမရှိပါဘူး။

ZawGyi

စပါးစ္ႏွင့္ပြဲတြင္ ပဲေလ့စ္ရဲ႕ဇာဟာပါဝင္လာမည္

ဝီလ္ဖ႐ိုင္းဇာဟာဒဏ္ရာမွျပန္လည္ေကာင္းမြန္လာၿပီျဖစ္လို႔တနဂၤေႏြေန႔တြင္စပါးစ္ႏွင့္ရင္ဆိုင္ကစားရမယ့္ပြဲစဥ္မွာ ျပန္လည္ပါဝင္လာေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။ဇာဟာဟာေဖေဖာ္ဝါရီလ၂ရက္ေန႔တုန္းကနယူးကာဆယ္အား ၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဒဏ္ရာရရွိၿပီးေနာက္အနားယူလာခဲ့ရသူလည္းျဖစ္ပါတယ္။

ခရစၥတယ္ပဲေလ့စ္ဟာဇာဟာမပါဝင္ဘဲငါးပြဲရင္ဆိုင္ကစားခဲ့ရာမွာတစ္ပြဲတည္းသာအႏိုင္ရယူထားႏိုင္တဲ့အျပင္တစ္ဂိုးတည္းသာသြင္းယူထားႏိုင္ပါတယ္။ဒါေပမယ့္၎တို႔ဟာၾကားရက္တုန္းကအိမ္ကြင္းမွာမန္ယူကိုသေရကစားႏိုင္ခဲ့ ပါတယ္။

ပဲေလ့စ္နည္းျပ႐ြိဳင္းေဟာ့ဆန္က “သူ႔ဒဏ္ရာကေဆးဘက္ဆိုင္ရာဝန္ထမ္းေတြထင္မွတ္ထားတာထက္ျမန္ျမန္ဆန္ ဆန္ေပ်ာက္သြားပါတယ္။သူဟာဒီအပတ္မွာေကာင္းေကာင္းေလ့က်င့္ႏိုင္တာေၾကာင့္သူ႔ကိုမသုံးမစဥ္းစားပါဘူး”လို႔ ေျပာၾကားသြားပါတယ္။

ဇာဟာဟာယခုရာသီတြင္ခရစၥတယ္ပဲေလ့စ္အတြက္၉ဂိုးသြင္းယူၿပီးကလပ္ရဲ႕ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနသူျဖစ္ပါတယ္။

ပဲေလ့စ္ဟာစပါးစ္ကိုအႏိုင္ရရွိလွ်င္အမွတ္ေပးဇယားအဆင့္၁၀ေနရာမွအာဆင္နယ္ႏွင့္ရမွတ္တူျဖစ္လာပါမယ္။အျခားတစ္ဖက္တြင္စပါးစ္မွာထိပ္သီးေလးသင္းစာရင္းဝင္ေရးတိုက္ပြဲဝင္ေနပါတယ္။စပါးစ္ဟာခရစၥတယ္ပဲေလ့စ္ကို ေနာက္ဆုံး၁၁ပြဲဆက္တိုက္ရႈံးနိမ့္ထားျခင္းမရွိပါဘူး။