
မန်စီးတီးဟာစပါးစ်ကိုရှုံးနိမ့်တဲ့ပွဲစဉ်မှာအာလင်းဟာလန်းအကောင်းဆုံးပုံစံပြသရန်ရုန်းကန်ရပြီးနောက် နော်ဝေတိုက်စစ်မှူးရဲ့အကောင်းဆုံးခြေစွမ်းကိုမဖော်ထုတ်နိုင်ဘူးလို့ဝေဖန်ခြင်းခံလာရပါတယ်။
အသက်၂၂နှစ်ရှိနော်ဝေတိုက်စစ်မှူးဟာစပါးစ်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာဂိုးပေါက်တည့်ကန်ချက်တစ်ကြိမ်မျှမပြုလုပ်နိုင်ခဲ့ပါဘူး။
အာလင်းဟာလန်းဟာနွေရာသီတွင်ဒေါ့မွန်မှပြောင်းရွှေ့ကြေးပေါင်၅၁သန်းဖြင့်မန်စီးတီးသို့ပြောင်းလာပြီးနောက်ပရီးမီးယားလိဂ်ပွဲ၂၀ကစားထားရာမှာဟက်ထရစ်လေးကြိမ်အထိရရှိကာ၂၅ဂိုးအထိသွင်းထားနိုင်ပါတယ်။
ဒါပေမဲ့အာလင်းဟာလန်းဟာစပါးစ်နှင့်ပွဲတွင်ခြေစွမ်းမပြနိုင်ပြီးနောက်ကလပ်ရွေးမှားခဲ့တယ်လို့လီဗာပူးဂန္ထဝင်ဂျင်မီကာရေဂါရဲ့ဝေဖန်ခြင်းခံလာရပါတယ်။
ကာရေဂါက “သူကဂိုးသွင်းဘုရင်အဖြစ်ရပ်တည်နေတုန်းပါ။ဒါပေမဲ့သူ့ရဲ့အကောင်းဆုံးခြေစွမ်း၆၀ရာခိုင်နှုန်းကိုပဲမြင်ရသေးတယ်လို့ထင်တယ်။ဒီရာသီပထမဆုံးပွဲဖြစ်တဲ့ဝက်စ်ဟမ်းနဲပွဲမှာသူသွင်းခဲ့တဲ့ဂိုးကိုတွေးကြည့်ပါ။နောက်မှနေရာလွတ်ရှိတယ်။အဲဒီကိုသူပြေးသွားခဲ့တာ။ဒါပေမဲ့အခုမန်စီးတီးရဲ့ကစားပုံကြောင့်အဲဒီလိုမျိုးမရှိလာတော့ဘူး။ဒါပေမဲ့သူကတန်ပြန်တိုက်စစ်ကစားတဲ့ဘွန်ဒက်စ်လီဂါကဒေါ့မွန်ကနေရောက်လာတာပါ။နောက်ဆုံးမှာတော့သူ့မှာရှိတဲ့အစွမ်းကိုမမြင်ရပါဘူး။သူကသူ့အကောင်းဆုံးခြေစွမ်းကိုမဖော်ထုတ်နိုင်တဲ့ကလပ်ကိုမှားရွေးခဲ့တာပါ။ကျွန်တော်ပြောချင်တာကတော့အာလင်းဟာလန်းရဲ့အကောင်းဆုံးခြေစွမ်းကိုမမြင်ရသေးတာပါ။ပြီးတော့မန်စီးတီး။အာလင်းဟာလန်းကြောင့်မန်စီးတီးမဟုတ်တော့ဘူး။အခုသူတို့ကကွဲပြားတဲ့အသင်းဖြစ်နေပါတယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
စပါးစ္ႏွင့္ပြဲတြင္ ႐ုန္းကန္ရၿပီးေနာက္ ကလပ္ေ႐ြးမွားတယ္လို႔ ေဝဖန္ခံေနရတဲ့ အာလင္းဟာလန္း
မန္စီးတီးဟာစပါးစ္ကိုရႈံးနိမ့္တဲ့ပြဲစဥ္မွာအာလင္းဟာလန္းအေကာင္းဆုံးပုံစံျပသရန္႐ုန္းကန္ရၿပီးေနာက္ ေနာ္ေဝတိုက္စစ္မႉးရဲ႕အေကာင္းဆုံးေျခစြမ္းကိုမေဖာ္ထုတ္ႏိုင္ဘူးလို႔ေဝဖန္ျခင္းခံလာရပါတယ္။
အသက္၂၂ႏွစ္ရွိေနာ္ေဝတိုက္စစ္မႉးဟာစပါးစ္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွာဂိုးေပါက္တည့္ကန္ခ်က္တစ္ႀကိမ္မွ်မျပဳလုပ္ႏိုင္ခဲ့ပါဘူး။
အာလင္းဟာလန္းဟာေႏြရာသီတြင္ေဒါ့မြန္မွေျပာင္းေ႐ႊ႕ေၾကးေပါင္၅၁သန္းျဖင့္မန္စီးတီးသို႔ေျပာင္းလာၿပီးေနာက္ပရီးမီးယားလိဂ္ပြဲ၂၀ကစားထားရာမွာဟက္ထရစ္ေလးႀကိမ္အထိရရွိကာ၂၅ဂိုးအထိသြင္းထားႏိုင္ပါတယ္။
ဒါေပမဲ့အာလင္းဟာလန္းဟာစပါးစ္ႏွင့္ပြဲတြင္ေျခစြမ္းမျပႏိုင္ၿပီးေနာက္ကလပ္ေ႐ြးမွားခဲ့တယ္လို႔လီဗာပူးဂႏၴဝင္ဂ်င္မီကာေရဂါရဲ႕ေဝဖန္ျခင္းခံလာရပါတယ္။
ကာေရဂါက “သူကဂိုးသြင္းဘုရင္အျဖစ္ရပ္တည္ေနတုန္းပါ။ဒါေပမဲ့သူ႔ရဲ႕အေကာင္းဆုံးေျခစြမ္း၆၀ရာခိုင္ႏႈန္းကိုပဲျမင္ရေသးတယ္လို႔ထင္တယ္။ဒီရာသီပထမဆုံးပြဲျဖစ္တဲ့ဝက္စ္ဟမ္းနဲပြဲမွာသူသြင္းခဲ့တဲ့ဂိုးကိုေတြးၾကည့္ပါ။ေနာက္မွေနရာလြတ္ရွိတယ္။အဲဒီကိုသူေျပးသြားခဲ့တာ။ဒါေပမဲ့အခုမန္စီးတီးရဲ႕ကစားပုံေၾကာင့္အဲဒီလိုမ်ိဳးမရွိလာေတာ့ဘူး။ဒါေပမဲ့သူကတန္ျပန္တိုက္စစ္ကစားတဲ့ဘြန္ဒက္စ္လီဂါကေဒါ့မြန္ကေနေရာက္လာတာပါ။ေနာက္ဆုံးမွာေတာ့သူ႔မွာရွိတဲ့အစြမ္းကိုမျမင္ရပါဘူး။သူကသူ႔အေကာင္းဆုံးေျခစြမ္းကိုမေဖာ္ထုတ္ႏိုင္တဲ့ကလပ္ကိုမွားေ႐ြးခဲ့တာပါ။ကြၽန္ေတာ္ေျပာခ်င္တာကေတာ့အာလင္းဟာလန္းရဲ႕အေကာင္းဆုံးေျခစြမ္းကိုမျမင္ရေသးတာပါ။ၿပီးေတာ့မန္စီးတီး။အာလင္းဟာလန္းေၾကာင့္မန္စီးတီးမဟုတ္ေတာ့ဘူး။အခုသူတို႔ကကြဲျပားတဲ့အသင္းျဖစ္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။