စပါးစ်နှင့်ပွဲတွင် အနိုင်ရရှိရေးအတွက် အားလုံးပုံအောသွားမယ့် အိုလီဂန်းနားဆိုးလ်ရှား

ဖိအားများနှင့်ကြုံနေတဲ့အိုလီဂန်းနားဆိုးလ်ရှားကစပါးစ်နှင့်ပွဲစဉ်တွင်အနိုင်ရရှိရေးအတွက်အားလုံးပုံအောလုပ်ဆောင်သွားမှာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

အိုလီဂန်းနားဆိုးလ်ရှားဟာပြီးခဲ့တဲ့အပတ်တုန်းကအိုးထရက်ဖို့ဒ်တွင်လီဗာပူးကို၅-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဖိအားများနှင့်ကြုံနေရသူဖြစ်ပါတယ်။

ဆိုးလ်ရှားက၎င်းမှာဘုတ်အဖွဲ့ထံမှအနာဂတ်နှင့်ပတ်သက်ပြီးအာမခံချက်တစ်စုံတစ်ရာရရှိထားခြင်းမရှိကြောင်းဆိုသွားပါတယ်။ဒါပေမယ့်နော်ဝေလူမျိုးနည်းပြကရာထူးမှနုတ်ထွက်သွားမှာမဟုတ်ကြောင်းလည်းဆိုသွားပါတယ်။

ဆိုးလ်ရှားက “စနေပွဲမှာရလဒ်တစ်ခုရရှိလာအောင်အားလုံးပုံအောသွားပါမယ်။ဒါကကျွန်တော်တို့လုပ်နိုင်တဲ့တစ်ခုတည်းသောအရာပါ။တုံ့ပြန်မှုရှိရပါမယ်။ရလဒ်တစ်ခုရအောင်လုပ်ရပါမယ်။ဘယ်တော့လက်မြှောက်အရှုံးပေးမှာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

မန်ယူဟာနောက်ဆုံးကစားတဲ့ပရီးမီးယားလိဂ်လေးပွဲတွင်ရမှတ်တစ်မှတ်တည်းသာရယူထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင်ဆိုးလ်ရှားကမာဆေးလ်ဆိုက်ကလပ်အားရှုံးနိမ့်ပြီးနောက်မန်ယူဘုတ်အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းအတည်ပြုသွားပါတယ်။ဒါပေမယ့်ဆိုးလ်ရှားကဘုတ်အဖွဲ့ထံမှအနာဂတ်နှင့်ပတ်သက်ပြီးအာမခံချက်တစ်စုံတစ်ရာမရရှိခဲ့ကြောင်းဆိုသွားပါတယ်။

ဆိုးလ်ရှားက “ဘုတ်အဖွဲ့နဲ့ဆက်သွယ်မှုရှိပါတယ်။ဘာအာမခံချက်ပေးဖို့လည်းမမျှော်လင့်ပါဘူး။ဆိုးရွားတဲ့ရလဒ်နဲ့ခြေစွမ်းရှိထားတဲ့အချိန်မှာကျွန်တော့်ဘက်ကလုပ်နိုင်တဲ့အရာမဟုတ်ပါဘူး။ကျွန်တော်တို့ခြေစွမ်းညံ့နေပါတယ်။ကျွန်တော့်အလုပ်ကမှန်မှန်ကန်ကန်ဖြစ်လာအောင်လုပ်ဖို့ပါ။ဒီအတွက်ဘဲအလုပ်လုပ်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ဆိုးလ်ရှားဟာလီဗာပူးကိုရှုံးနိမ့်ပြီးနောက်ယခုအပတ်အစောပိုင်းတုန်းကလေ့ကျင့်ရေးကွင်းသို့ဆာအဲလက်စ်ဖာဂူဆန် လာရောက်အားပေးစကားပြောမှုရရှိခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

စပါးစ္ႏွင့္ပြဲတြင္ အႏိုင္ရရွိေရးအတြက္ အားလုံးပုံေအာသြားမယ့္ အိုလီဂန္းနားဆိုးလ္ရွား

ဖိအားမ်ားႏွင့္ႀကဳံေနတဲ့အိုလီဂန္းနားဆိုးလ္ရွားကစပါးစ္ႏွင့္ပြဲစဥ္တြင္အႏိုင္ရရွိေရးအတြက္အားလုံးပုံေအာလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အိုလီဂန္းနားဆိုးလ္ရွားဟာၿပီးခဲ့တဲ့အပတ္တုန္းကအိုးထရက္ဖို႔ဒ္တြင္လီဗာပူးကို၅-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ဖိအားမ်ားႏွင့္ႀကဳံေနရသူျဖစ္ပါတယ္။

ဆိုးလ္ရွားက၎မွာဘုတ္အဖြဲ႕ထံမွအနာဂတ္ႏွင့္ပတ္သက္ၿပီးအာမခံခ်က္တစ္စုံတစ္ရာရရွိထားျခင္းမရွိေၾကာင္းဆိုသြားပါတယ္။ဒါေပမယ့္ေနာ္ေဝလူမ်ိဳးနည္းျပကရာထူးမွႏုတ္ထြက္သြားမွာမဟုတ္ေၾကာင္းလည္းဆိုသြားပါတယ္။

ဆိုးလ္ရွားက “စေနပြဲမွာရလဒ္တစ္ခုရရွိလာေအာင္အားလုံးပုံေအာသြားပါမယ္။ဒါကကြၽန္ေတာ္တို႔လုပ္ႏိုင္တဲ့တစ္ခုတည္းေသာအရာပါ။တုံ႔ျပန္မႈရွိရပါမယ္။ရလဒ္တစ္ခုရေအာင္လုပ္ရပါမယ္။ဘယ္ေတာ့လက္ေျမႇာက္အရႈံးေပးမွာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

မန္ယူဟာေနာက္ဆုံးကစားတဲ့ပရီးမီးယားလိဂ္ေလးပြဲတြင္ရမွတ္တစ္မွတ္တည္းသာရယူထားႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ဆိုးလ္ရွားကမာေဆးလ္ဆိုက္ကလပ္အားရႈံးနိမ့္ၿပီးေနာက္မန္ယူဘုတ္အဖြဲ႕ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ခဲ့ေၾကာင္းအတည္ျပဳသြားပါတယ္။ဒါေပမယ့္ဆိုးလ္ရွားကဘုတ္အဖြဲ႕ထံမွအနာဂတ္ႏွင့္ပတ္သက္ၿပီးအာမခံခ်က္တစ္စုံတစ္ရာမရရွိခဲ့ေၾကာင္းဆိုသြားပါတယ္။

ဆိုးလ္ရွားက “ဘုတ္အဖြဲ႕နဲ႔ဆက္သြယ္မႈရွိပါတယ္။ဘာအာမခံခ်က္ေပးဖို႔လည္းမေမွ်ာ္လင့္ပါဘူး။ဆိုး႐ြားတဲ့ရလဒ္နဲ႔ေျခစြမ္းရွိထားတဲ့အခ်ိန္မွာကြၽန္ေတာ့္ဘက္ကလုပ္ႏိုင္တဲ့အရာမဟုတ္ပါဘူး။ကြၽန္ေတာ္တို႔ေျခစြမ္းညံ့ေနပါတယ္။ကြၽန္ေတာ့္အလုပ္ကမွန္မွန္ကန္ကန္ျဖစ္လာေအာင္လုပ္ဖို႔ပါ။ဒီအတြက္ဘဲအလုပ္လုပ္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဆိုးလ္ရွားဟာလီဗာပူးကိုရႈံးနိမ့္ၿပီးေနာက္ယခုအပတ္အေစာပိုင္းတုန္းကေလ့က်င့္ေရးကြင္းသို႔ဆာအဲလက္စ္ဖာဂူဆန္ လာေရာက္အားေပးစကားေျပာမႈရရွိခဲ့သူလည္းျဖစ္ပါတယ္။