စပါးစ်နှင့်ပွဲမတိုင်မီ စတိဗ်ဘရုစ်ကို နယူးကာဆယ်ရဲ့ ဆော်ဒီပိုင်ဆိုင်ရှင်သစ်များ ထုတ်ပယ်မည်မဟုတ်

နယူးကာဆယ်ရဲ့ဆော်ဒီပိုင်ရှင်သစ်များဟာယခုအပတ်တွင်ကစားရမယ့်စပါးစ်နှင့်ပရီးမီးယားလိဂ်ပွဲမတိုင်မီနည်းပြစတိဗ်ဘရုစ်အားထုတ်ပယ်သွားမည်မဟုတ်ကြောင်းသိရပါတယ်။

ဆော်ဒီပိုင်ရှင်သစ်များဟာပြီးခဲ့တဲ့အပတ်တုန်းကနယူးကာဆယ်အသင်းကိုမိုက်အက်ရှ်လေထံမှပေါင်၃၀၅သန်းဖြင့်ဝယ်ယူခဲ့ပါတယ်။

နယူးကာဆယ်ပရိသတ်များဟာအသက်၆၀နှစ်ရှိစတိဗ်ဘရုစ်လက်အောက်တွင်ရလဒ်ပိုင်းတင်မကခြေစွမ်းပိုင်းပါစိတ်ပျက်စရာကောင်းနေမှုကြောင့်ရာထူးမှထုတ်ပယ်စေလိုလျက်ရှိနေပါတယ်။

နယူးကာဆယ်ပိုင်ရှင်သစ်များဟာလည်းစတိဗ်ဘရုစ်ကိုနစ်နာကြေးပေါင်၈သန်းပေးကာထုတ်ပယ်မယ်လို့သတင်းထွက်နေပါသေးတယ်။

ဒါပေမယ့်နယူးကာဆယ်ပိုင်ရှင်သစ်များဟာနည်းပြသစ်ရှာဖွေတွေ့ရှိမှသာလျှင်စတိဗ်ဘရုစ်အားထုတ်ပယ်ရန်စီစဉ်လိုက်မှုနဲ့အတူစပါးစ်နှင့်ပွဲအားကိုင်တွယ်ရန်စတိဗ်ဘရုစ်အား ဆက်လက်ခန့်အပ်သွားဦးမှာဖြစ်ပါတယ်။

လက်ရှိအချိန်တွင်နယူးကာဆယ်နည်းပြရာထူးအတွက်ဖရန့်လမ်းပတ်၊လူစီယန်ဖာဗရီ၊အန်တိုနီယိုကွန်တီနှင့်ဘရန်ဒန်ရော်ဂျာတို့ကထိပ်ဆုံးကရေပန်းစားနေပါတယ်။

ZawGyi






