စပါးစ်နှင့်ပွဲမှာ စတားတစ်ဦးရဲ့ခြေစွမ်းအပေါ် ယူနိုက်တက်ပရိသတ်များ စိတ်ပျက်နေ

မန်ချက်စတာယူနိုက်တက်ပရိသတ်များဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်တွင်စပါးစ်အား၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှဂျာဒွန်ဆန်ချိုရဲ့ခြေစွမ်းအပေါ်အကြီးအကျယ်စိတ်ပျက်လျက်ရှိကြပါတယ်။

အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်ဟာပထမပိုင်းတွင်ဖရက်ရဲ့ဂိုးဖြင့်၁-၀ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပြီးဒုတိယပိုင်းတွင်ဘရူနိုဖာနန်ဒက်စ်က လှပတဲ့ဂိုးသွင်းယူခဲ့မှုကြောင့်၂-၀ဖြင့်အနိုင်ရခဲ့ပါတယ်။

ယူနိုက်တက်ဟာမနေ့ညကပွဲစဉ်တွင်စပါးစ်ကိုထိန်းချုပ်ကစားသွားခဲ့ပြီး အပိုင်အခွင့်အရေးများစွာရရှိခဲ့ကာစပါးစ်ဂိုးသမားဟူဂိုလိုရစ်လက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်။

ဒါပေမဲ့ယူနိုက်တက်ပရိသတ်များဟာစပါးစ်ကိုအနိုင်ရတဲ့ပွဲစဉ်မှဆန်ချိုရဲ့ခြေစွမ်းအပေါ်မှာတော့အားမလိုအားမရဖြစ်နေကြပါတယ်။

လွန်ခဲ့တဲ့တစ်နှစ်ကျော်တုန်းကဒေါ့မွန်မှပေါင်၇၃သန်းဖြင့်ရောက်လာတဲ့ဆန်ချိုဟာရှေ့တန်းတိုက်စစ်သမားသုံးဦးတွင်ဘယ်ခြမ်းမှပွဲထွက်ကစားခဲ့ပြီးဖရက်ဂိုးကိုဖန်တီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဆန်ချိုဟာတစ်ချိန်လုံးနီးပါးစိတ်ပျက်စရာခြေစွမ်းဖြင့်ကစားနေခဲ့ပါတယ်။

ဒါကြောင့်လည်းပရိသတ်တစ်ဦးက “ဆန်ချို ဘာလုပ်ဖို့ကြိုးစားနေတာလဲနားမလည်နိုင်အောင်ဖြစ်နေတယ်။ဒီညမှာသူကစားသလားဆိုတာကိုတောင်မေ့နေတယ်”လို့ပြောကြားသွားပါတယ်။

အခြားပရိသတ်တစ်ဦးကလည်း “ဒီပွဲခြေစွမ်းကယူနိုက်တက်ရဲ့အကောင်းဆုံးခြေစွမ်းပဲ။ဒါပေမဲ့ဆန်ချိုကတော့ ၂/၁၀ခြေစွမ်းပဲရှိတယ်”လို့ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း “ဆန်ချိုက အဆိုးရွားဆုံးခေါ်ယူမှုဆိုတာ ဝန်ခံရမယ့်အချိန်သို့ရောက်လာပြီ”လို့ဆိုသွားပါတယ်။

ZawGyi

စပါးစ္ႏွင့္ပြဲမွာ စတားတစ္ဦးရဲ႕ေျခစြမ္းအေပၚ ယူႏိုက္တက္ပရိသတ္မ်ား စိတ္ပ်က္ေန

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားဟာမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္တြင္စပါးစ္အား၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွဂ်ာဒြန္ဆန္ခ်ိဳရဲ႕ေျခစြမ္းအေပၚအႀကီးအက်ယ္စိတ္ပ်က္လ်က္ရွိၾကပါတယ္။

အဲရစ္တန္ဟက္ရဲ႕ယူႏိုက္တက္ဟာပထမပိုင္းတြင္ဖရက္ရဲ႕ဂိုးျဖင့္၁-၀ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ၿပီးဒုတိယပိုင္းတြင္ဘ႐ူႏိုဖာနန္ဒက္စ္က လွပတဲ့ဂိုးသြင္းယူခဲ့မႈေၾကာင့္၂-၀ျဖင့္အႏိုင္ရခဲ့ပါတယ္။

ယူႏိုက္တက္ဟာမေန႔ညကပြဲစဥ္တြင္စပါးစ္ကိုထိန္းခ်ဳပ္ကစားသြားခဲ့ၿပီး အပိုင္အခြင့္အေရးမ်ားစြာရရွိခဲ့ကာစပါးစ္ဂိုးသမားဟူဂိုလိုရစ္လက္စြမ္းျပကာကြယ္သြားခဲ့ပါတယ္။

ဒါေပမဲ့ယူႏိုက္တက္ပရိသတ္မ်ားဟာစပါးစ္ကိုအႏိုင္ရတဲ့ပြဲစဥ္မွဆန္ခ်ိဳရဲ႕ေျခစြမ္းအေပၚမွာေတာ့အားမလိုအားမရျဖစ္ေနၾကပါတယ္။

လြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္တုန္းကေဒါ့မြန္မွေပါင္၇၃သန္းျဖင့္ေရာက္လာတဲ့ဆန္ခ်ိဳဟာေရွ႕တန္းတိုက္စစ္သမားသုံးဦးတြင္ဘယ္ျခမ္းမွပြဲထြက္ကစားခဲ့ၿပီးဖရက္ဂိုးကိုဖန္တီးႏိုင္ခဲ့ပါတယ္။ဒါေပမဲ့ဆန္ခ်ိဳဟာတစ္ခ်ိန္လုံးနီးပါးစိတ္ပ်က္စရာေျခစြမ္းျဖင့္ကစားေနခဲ့ပါတယ္။

ဒါေၾကာင့္လည္းပရိသတ္တစ္ဦးက “ဆန္ခ်ိဳ ဘာလုပ္ဖို႔ႀကိဳးစားေနတာလဲနားမလည္ႏိုင္ေအာင္ျဖစ္ေနတယ္။ဒီညမွာသူကစားသလားဆိုတာကိုေတာင္ေမ့ေနတယ္”လို႔ေျပာၾကားသြားပါတယ္။

အျခားပရိသတ္တစ္ဦးကလည္း “ဒီပြဲေျခစြမ္းကယူႏိုက္တက္ရဲ႕အေကာင္းဆုံးေျခစြမ္းပဲ။ဒါေပမဲ့ဆန္ခ်ိဳကေတာ့ ၂/၁၀ေျခစြမ္းပဲရွိတယ္”လို႔ဆိုသြားပါတယ္။

အျခားတစ္ဦးကလည္း “ဆန္ခ်ိဳက အဆိုး႐ြားဆုံးေခၚယူမႈဆိုတာ ဝန္ခံရမယ့္အခ်ိန္သို႔ေရာက္လာၿပီ”လို႔ဆိုသြားပါတယ္။