စပါးစ်နှင့်ပွဲမှာ ယခုရာသီ အကောင်းဆုံးကာကွယ်မှုဖြစ်လာဖို့ရှိတဲ့ ကာကွယ်မှုတစ်ခု ပြုလုပ်ခဲ့တဲ့ ရမ်ဒဲလ်

အေရွန်ရမ်ဒဲလ်ဟာမနေ့ညတုန်းကစပါးစ်နှင့်မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာယခုနှစ်ပရီးမီးယားလိဂ်ရာသီရဲ့အကောင်းဆုံးကာကွယ်မှုဖြစ်လာဖို့ရှိနေတဲ့အကောင်းဆုံးကာကွယ်မှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

အာဆင်နယ်ဂိုးသမားဟာပွဲပြီးခါနီး၉၁မိနစ်မှာလူးကပ်စ်မော်ရာရဲ့ကန်ချက်ကိုလေထဲမှာခုန်ပျံကာကာကွယ်သွားခဲ့တာလည်းဖြစ်ပါတယ်။လူးကပ်စ်မော်ရာရဲ့ကန်ချက်မှာပြင်းထန်လွန်းမှုကြောင့်ရမ်ဒဲလ်ကထိကာနောက်သို့ပုတ်ထုတ်မှုပြုလုပ်ခဲ့ပေမယ့်အပေါ်ဘားကိုထိသွားခဲ့ပါသေးတယ်။

စပါးစ်က၃-၁ဂိုးဖြင့်ရှုံးနိမ့်နေချိန်မှာလူးကပ်စ်မော်ရာဟာဧရိယာထိပ်ကနေကန်ခဲ့တာဖြစ်ပြီးအိန်စလေမိုင်လန်းနေးလ်နဲ့ထိပြီးလမ်းကြောင်းပြောင်းသွားခဲ့တာဖြစ်ပါတယ်။ရမ်ဒဲလ်ကကာကွယ်လိုက်တာတောင် ဘားထိသွားပြီးဧရိယာအတွင်းပြန်ကျခဲ့ပေမယ့်ညာနောက်ခံလူတိုမီယာဆုကချက်ချင်းအလျှင်အမြန်ထောင့်ကန်ဘောလုပ်ကာရှင်းထုတ်နိုင်ခဲ့ပါတယ်။

နွေရာသီတွင်ပေါင်သန်း၃၀ဖြင့်ရောက်လာခဲ့တဲ့ရမ်ဒဲလ်ဟာယင်းကာကွယ်မှုအတွက်ပရိသတ်များရဲ့ချီးကျူးခြင်းခံနေရပါတယ်။သူဟာလာမယ့်ပွဲစဉ်များမှာလည်းအာဆင်နယ်ရဲ့နံပါတ်တစ်ဂိုးသမားအဖြစ်ဆက်လက်ကစားခွင့်ရလာဖို့ရှိနေပါတယ်။

ZawGyi

စပါးစ္ႏွင့္ပြဲမွာ ယခုရာသီ အေကာင္းဆုံးကာကြယ္မႈျဖစ္လာဖို႔ရွိတဲ့ ကာကြယ္မႈတစ္ခု ျပဳလုပ္ခဲ့တဲ့ ရမ္ဒဲလ္

ေအ႐ြန္ရမ္ဒဲလ္ဟာမေန႔ညတုန္းကစပါးစ္ႏွင့္ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာယခုႏွစ္ပရီးမီးယားလိဂ္ရာသီရဲ႕အေကာင္းဆုံးကာကြယ္မႈျဖစ္လာဖို႔ရွိေနတဲ့အေကာင္းဆုံးကာကြယ္မႈတစ္ခုကိုျပဳလုပ္ခဲ့ပါတယ္။

အာဆင္နယ္ဂိုးသမားဟာပြဲၿပီးခါနီး၉၁မိနစ္မွာလူးကပ္စ္ေမာ္ရာရဲ႕ကန္ခ်က္ကိုေလထဲမွာခုန္ပ်ံကာကာကြယ္သြားခဲ့တာလည္းျဖစ္ပါတယ္။လူးကပ္စ္ေမာ္ရာရဲ႕ကန္ခ်က္မွာျပင္းထန္လြန္းမႈေၾကာင့္ရမ္ဒဲလ္ကထိကာေနာက္သို႔ပုတ္ထုတ္မႈျပဳလုပ္ခဲ့ေပမယ့္အေပၚဘားကိုထိသြားခဲ့ပါေသးတယ္။

စပါးစ္က၃-၁ဂိုးျဖင့္ရႈံးနိမ့္ေနခ်ိန္မွာလူးကပ္စ္ေမာ္ရာဟာဧရိယာထိပ္ကေနကန္ခဲ့တာျဖစ္ၿပီးအိန္စေလမိုင္လန္းေနးလ္နဲ႔ထိၿပီးလမ္းေၾကာင္းေျပာင္းသြားခဲ့တာျဖစ္ပါတယ္။ရမ္ဒဲလ္ကကာကြယ္လိုက္တာေတာင္ ဘားထိသြားၿပီးဧရိယာအတြင္းျပန္က်ခဲ့ေပမယ့္ညာေနာက္ခံလူတိုမီယာဆုကခ်က္ခ်င္းအလွ်င္အျမန္ေထာင့္ကန္ေဘာလုပ္ကာရွင္းထုတ္ႏိုင္ခဲ့ပါတယ္။

ေႏြရာသီတြင္ေပါင္သန္း၃၀ျဖင့္ေရာက္လာခဲ့တဲ့ရမ္ဒဲလ္ဟာယင္းကာကြယ္မႈအတြက္ပရိသတ္မ်ားရဲ႕ခ်ီးက်ဴးျခင္းခံေနရပါတယ္။သူဟာလာမယ့္ပြဲစဥ္မ်ားမွာလည္းအာဆင္နယ္ရဲ႕နံပါတ္တစ္ဂိုးသမားအျဖစ္ဆက္လက္ကစားခြင့္ရလာဖို႔ရွိေနပါတယ္။