
မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာစပါးစ်နှင့်ပွဲစဉ်တွင်နောက်ကျအရန်အဖြစ်ဝင်ရောက်ကစားရန်ငြင်းဆိုခဲ့မှုအတွက်ခရစ္စတီယာနိုရော်နယ်ဒိုဘက်ကတောင်းပန်ခဲ့သလားဆိုတာအတည်ပြုရန်ငြင်းဆိုသွားခဲ့ပါတယ်။
အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာစပါးစ်ကို၂-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်နောက်ကျအရန်အဖြစ်ဝင်ရောက်ကစားလိုခြင်းမရှိမှုနှင့်အတူ ပွဲပြီးရန်၄မိနစ်အလိုတွင်အရန်ခုံမှထကာဥမင်လှိုဏ်ခေါင်းအတွင်းသို့ဝင်ရောက်သွားခဲ့ပါတယ်။
ယင်းဖြစ်ရပ်ကြောင့်အသက်၅၂နှစ်ရှိအဲရစ်တန်ဟက်ဟာအကြီးအကျယ်ဒေါသထွက်ခဲ့ပြီး ခရစ္စတီယာနိုရော်နယ်ဒိုကိုပထမအသင်းမှဖယ်ရှားကာယူ-၂၁အသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းစေခဲ့ပါတယ်။ဒါ့အပြင်အဲရစ်တန်ဟက်ဟာခရစ္စတီယာနိုရော်နယ်ဒိုကိုချဲလ်ဆီးနှင့်ပွဲလူစာရင်းမှချန်လှပ်ထားခဲ့ပါတယ်။
ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာကြားရက်တုန်းကရှရစ်ကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ပွဲထွက်လူစာရင်းတွင်ပြန်လည်ပါဝင်လာတဲ့အပြင်ဂိုးလည်းသွင်းနိုင်ခဲ့ပါတယ်။
ဒါ့အပြင်သူဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်ဝက်စ်ဟမ်းကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာလည်းပွဲထွက်လူစာရင်းမှာပါဝင်ခဲ့ပါတယ်။
အဲရစ်တန်ဟက်က “ခရစ္စတီယာနိုရော်နယ်ဒိုတောင်းပန်ခဲ့သလား?။ဒါနဲ့ပတ်သက်ပြီးပြောကြတာတော်ပါတော့။ကျုပ်လည်းတော်တော်လေးရှင်းလင်းထားပြီးပါပြီ။သူရှိနေလို့ပျော်တယ်။သူကအရမ်းပါတဲ့ကစားသမားတစ်ဦးပါ။ကြာသပတေးနေ့တုန်းကသူဂိုးသွင်းနိုင်ခဲ့တယ်။နောက်ဆိုပိုပြီးတော့တောင်အရေးပါလာနိုင်သေးတယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
စပါးစ္ႏွင့္ပြဲမွ ျဖစ္ရပ္အတြက္ ေရာ္နယ္ဒို ေတာင္းပန္ခဲ့သလား အတည္ျပဳရန္ အဲရစ္တန္ဟက္ျငင္းဆို
မန္ခ်က္စတာယူႏိုက္တက္နည္းျပအဲရစ္တန္ဟက္ဟာစပါးစ္ႏွင့္ပြဲစဥ္တြင္ေနာက္က်အရန္အျဖစ္ဝင္ေရာက္ကစားရန္ျငင္းဆိုခဲ့မႈအတြက္ခရစၥတီယာႏိုေရာ္နယ္ဒိုဘက္ကေတာင္းပန္ခဲ့သလားဆိုတာအတည္ျပဳရန္ျငင္းဆိုသြားခဲ့ပါတယ္။
အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာစပါးစ္ကို၂-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ေနာက္က်အရန္အျဖစ္ဝင္ေရာက္ကစားလိုျခင္းမရွိမႈႏွင့္အတူ ပြဲၿပီးရန္၄မိနစ္အလိုတြင္အရန္ခုံမွထကာဥမင္လႈိဏ္ေခါင္းအတြင္းသို႔ဝင္ေရာက္သြားခဲ့ပါတယ္။
ယင္းျဖစ္ရပ္ေၾကာင့္အသက္၅၂ႏွစ္ရွိအဲရစ္တန္ဟက္ဟာအႀကီးအက်ယ္ေဒါသထြက္ခဲ့ၿပီး ခရစၥတီယာႏိုေရာ္နယ္ဒိုကိုပထမအသင္းမွဖယ္ရွားကာယူ-၂၁အသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းေစခဲ့ပါတယ္။ဒါ့အျပင္အဲရစ္တန္ဟက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုကိုခ်ဲလ္ဆီးႏွင့္ပြဲလူစာရင္းမွခ်န္လွပ္ထားခဲ့ပါတယ္။
ဒါေပမဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၾကားရက္တုန္းကရွရစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ပြဲထြက္လူစာရင္းတြင္ျပန္လည္ပါဝင္လာတဲ့အျပင္ဂိုးလည္းသြင္းႏိုင္ခဲ့ပါတယ္။
ဒါ့အျပင္သူဟာမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္ဝက္စ္ဟမ္းကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာလည္းပြဲထြက္လူစာရင္းမွာပါဝင္ခဲ့ပါတယ္။
အဲရစ္တန္ဟက္က “ခရစၥတီယာႏိုေရာ္နယ္ဒိုေတာင္းပန္ခဲ့သလား?။ဒါနဲ႔ပတ္သက္ၿပီးေျပာၾကတာေတာ္ပါေတာ့။က်ဳပ္လည္းေတာ္ေတာ္ေလးရွင္းလင္းထားၿပီးပါၿပီ။သူရွိေနလို႔ေပ်ာ္တယ္။သူကအရမ္းပါတဲ့ကစားသမားတစ္ဦးပါ။ၾကာသပေတးေန႔တုန္းကသူဂိုးသြင္းႏိုင္ခဲ့တယ္။ေနာက္ဆိုပိုၿပီးေတာ့ေတာင္အေရးပါလာႏိုင္ေသးတယ္”လို႔ေျပာၾကားသြားပါတယ္။