စပါးစ်နှင့်ဝက်စ်ဟမ်း၊ လီဗာပူးနှင့်လက်စတာထိပ်တိုက်တွေ့နေတဲ့ ခါရာဘောင်ဖလားကွာတားဖိုင်နယ်

ခါရာဘောင်ဖလားကွာတားဖိုင်နယ်မဲခွဲမှုပြုလုပ်ခဲ့ရာအာဆင်နယ်ဟာဆန်းဒါးလန်းကိုအိမ်ကွင်းတွင်ဧည့်ခံကစားရမှာဖြစ်ပြီးဆီမီးဖိုင်နယ်သို့တက်ရောက်ရန်အခြေအနေကောင်းနေပါတယ်။

လိဂ်၁ကလပ်ဆန်းဒါးလန်းဟာခါရာဘောင်းဖလားကွာတားဖိုင်နယ်ရောက်အသင်းများတွင်အင်အားအနည်းဆုံးအသင်းဖြစ်ပြီးတစ်သင်းတည်းသောပရီးမီးယားလိဂ်ကလပ်မဟုတ်တဲ့ကလပ်လည်းဖြစ်ပါတယ်။

ခါရာဘောင်းဖလားကွာတားဖိုင်နယ်တွင်လန်ဒန်မြို့ခံပြိုင်ဘက်များဖြစ်ကြတဲ့စပါးစ်နှင့်ဝက်စ်ဟမ်းတို့ထိပ်တိုက်တွေ့နေသလိုလီဗာပူးမှာလည်းလက်စတာကိုဧည့်ခံကစားရပါမယ်။ချဲလ်ဆီးမှာလည်းပရီးမီးယားလိဂ်သို့တန်းတက်လာပြီးနောက်အကောင်းဆုံးပုံစံပြသနေတဲ့ဘရန့်ဖို့ဒ်ကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ကစားရပါမယ်။

ခါရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်များကိုလာမယ့်ဒီဇင်ဘာလ၂၀တွင်ကစားသွားပါမယ်။

ZawGyi

စပါးစ္ႏွင့္ဝက္စ္ဟမ္း၊ လီဗာပူးႏွင့္လက္စတာထိပ္တိုက္ေတြ႕ေနတဲ့ ခါရာေဘာင္ဖလားကြာတားဖိုင္နယ္

ခါရာေဘာင္ဖလားကြာတားဖိုင္နယ္မဲခြဲမႈျပဳလုပ္ခဲ့ရာအာဆင္နယ္ဟာဆန္းဒါးလန္းကိုအိမ္ကြင္းတြင္ဧည့္ခံကစားရမွာျဖစ္ၿပီးဆီမီးဖိုင္နယ္သို႔တက္ေရာက္ရန္အေျခအေနေကာင္းေနပါတယ္။

လိဂ္၁ကလပ္ဆန္းဒါးလန္းဟာခါရာေဘာင္းဖလားကြာတားဖိုင္နယ္ေရာက္အသင္းမ်ားတြင္အင္အားအနည္းဆုံးအသင္းျဖစ္ၿပီးတစ္သင္းတည္းေသာပရီးမီးယားလိဂ္ကလပ္မဟုတ္တဲ့ကလပ္လည္းျဖစ္ပါတယ္။

ခါရာေဘာင္းဖလားကြာတားဖိုင္နယ္တြင္လန္ဒန္ၿမိဳ႕ခံၿပိဳင္ဘက္မ်ားျဖစ္ၾကတဲ့စပါးစ္ႏွင့္ဝက္စ္ဟမ္းတို႔ထိပ္တိုက္ေတြ႕ေနသလိုလီဗာပူးမွာလည္းလက္စတာကိုဧည့္ခံကစားရပါမယ္။ခ်ဲလ္ဆီးမွာလည္းပရီးမီးယားလိဂ္သို႔တန္းတက္လာၿပီးေနာက္အေကာင္းဆုံးပုံစံျပသေနတဲ့ဘရန႔္ဖို႔ဒ္ကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ကစားရပါမယ္။

ခါရာေဘာင္ဖလားကြာတားဖိုင္နယ္ပြဲစဥ္မ်ားကိုလာမယ့္ဒီဇင္ဘာလ၂၀တြင္ကစားသြားပါမယ္။