စပါးစ်မှထွက်ခွာရပြီးနောက် နူနိုကို ဘောလုံးနဲ့ တည်ကန်ခဲ့တဲ့ ဆစ်စကို

မူဆာဆစ်စကိုဟာတနင်္ဂနွေနေ့တုန်းကအသင်းဟောင်းစပါးစ်နှင့်ပွဲစဉ်တွင်စပါးစ်နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုအားတမင်ရည်ရွယ်ကာဘောလုံးဖြင့်တည်ကန်သကဲ့သို့ဖြစ်ခဲ့ပါတယ်။

စပါးစ်နည်းပြနူနိုဟာအသက်၃၂နှစ်ရှိပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားအားအသင်းမှထွက်ခွာစေပြီးဝက်ဖို့ဒ်သို့ပြောင်းရွှေ့ခဲ့ရပါတယ်။

ယင်းနောက်ဆစ်စကိုဟာသူ့ရဲ့ဝက်ဖို့ဒ်အတွက်ပထမဆုံးပွဲအားအသင်းဟောင်းစပါးစ်နှင့်ပွဲစဉ်မှာကစားခဲ့ရပါတယ်။

ယင်းပွဲရဲ့ပထမပိုင်းမှာဆစ်စကိုနှင့်အလယ်တန်းတွင်ဒီလီအလီနှင့်ဘောလုံးယှဉ်လုစဉ်ကွင်းဘေးစည်းကိုကျော်လွန်သွားခဲ့ပြီးဖြစ်ပေမယ့်ဘောလုံးကိုတမင်ရည်ရွယ်ကန်ခဲ့ပြီးစပါးစ်နည်းပြနူနိုကိုထိခဲ့ပါတယ်။

ဆစ်စကိုဟာသူ့လုပ်ရပ်အတွက်နူနိုအားချက်ချင်းပင်တောင်းပန်မှုပြုလုပ်ခဲ့ပြီးနှစ်ဖက်လုံးလည်းချက်ချင်းပြေလည်မှုရရှိသွားခဲ့တာတွေ့ရပါတယ်။

အဆိုပါပွဲစဉ်တွင်စပါးစ်ဟာတောင်ကိုရီးယားစတားဆန်ဟောင်မင်းရဲ့ပထမပိုင်းဖရီးကစ်ဂိုးဖြင့်၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ZawGyi






