စပါးစ်မှာ ပရီးမီးယားလိဂ်ရဲ့ဒုတိယလုပ်ခအများဆုံးရတဲ့နည်းပြဖြစ်လာမယ့် ကွန်တီ

အန်တိုနီယိုကွန်တီဟာစပါးစ်သို့ပရီးမီးယားလိဂ်ရဲ့ဒုတိယလုပ်ခအများဆုံးလုပ်ခအဖြစ် ရောက်ရှိလာမှာဖြစ်ကြောင်းသိရပါတယ်။

ချဲလ်ဆီးနည်းပြဟောင်းဟာအင်တာမီလန်ကိုစကူဒက်တိုဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်နိုင်ပြီးနောက်ရက်အနည်းငယ်အကြာတွင်ရာထူးမှနုတ်ထွက်လာခဲ့တာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အားကိုင်တွယ်ရန်ဆွေးနွေးနေပါတယ်။

အန်တိုနီကွန်တီဟာလက်ရှိစပါးစ်အသင်းရဲ့စုဖွဲ့မှုအားချန်ပီယံဆုအတွက်မစိန်ခေါ်နိုင်မှာစိုးရိမ်နေပါတယ်။

ဒါပေမယ့်အီတလီလူမျိုးနည်းပြဟာစပါးစ်အသင်းကိုကိုင်တွယ်ပါကပရီးမီးယားလိဂ်မှာဒုတိယလုပ်ခအများဆုံးနည်းပြဖြစ်လာဖို့သေချာနေပါတယ်။

The Mirror ရဲ့ဖော်ပြချက်အရစပါးစ်ဥက္ကဌလီဗိုင်းဟာကွန်တီအားတစ်နှစ်လုပ်ခပေါင်၁၅သန်းဖြင့်ကမ်းလှမ်းမှုပြုလုပ်ထားပြီးကစားသမားများခေါ်ယူအားဖြည့်ပေးမယ်လို့ကတိပြုထားပါတယ်။

ဒါကြောင့်ကွန်တီဟာစပါးစ်အသင်းနည်းပြရာထူးကိုလက်ခံလိုက်ပါကလီဗာပူးရဲ့ဂျာမန်လူမျိုးနည်းပြကလော့ပ်နဲ့တစ်နှစ်လုပ်ခပေါင်၁၅သန်းဖြင့်ပရီးမီးယားလိဂ်ရဲ့ဒုတိယလုပ်ခအများဆုံးရရှိတဲ့နည်းပြဖြစ်လာပါမယ်။

လက်ရှိအချိန်မှာပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးနည်းပြအဖြစ်မန်စီးတီးနည်းပြဂွါဒီယိုလာကတစ်နှစ်လုပ်ခပေါင်သန်း၂၀ဖြင့်ရပ်တည်နေပါတယ်။

တတိယနေရာမှာလက်စတာနည်းပြဘရန်ဒန်ရော်ဂျာကတစ်နှစ်လုပ်ခပေါင်၁၀သန်းဖြင့်ရပ်တည်နေပါတယ်။အဆင့်၄နေရာမှာလိဒ်နည်းပြမာဆယ်လိုဘီရဲလ်ဆာကပေါင်၈သန်းဖြင့်ရပ်တည်နေပါတယ်။မန်ယူနည်းပြဆိုးလ်ရှားကတစ်နှစ်လုပ်ခပေါင်၇.၅သန်းဖြင့်အဆင့်၅နေရာမှာရပ်တည်နေပါတယ်။ချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ကတစ်နှစ်လုပ်ခပေါင်၇သန်းရရှိနေပါတယ်။

ZawGyi

စပါးစ္မွာ ပရီးမီးယားလိဂ္ရဲ႕ဒုတိယလုပ္ခအမ်ားဆုံးရတဲ့နည္းျပျဖစ္လာမယ့္ ကြန္တီ

အန္တိုနီယိုကြန္တီဟာစပါးစ္သို႔ပရီးမီးယားလိဂ္ရဲ႕ဒုတိယလုပ္ခအမ်ားဆုံးလုပ္ခအျဖစ္ ေရာက္ရွိလာမွာျဖစ္ေၾကာင္းသိရပါတယ္။

ခ်ဲလ္ဆီးနည္းျပေဟာင္းဟာအင္တာမီလန္ကိုစကူဒက္တိုဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ႏိုင္ၿပီးေနာက္ရက္အနည္းငယ္အၾကာတြင္ရာထူးမွႏုတ္ထြက္လာခဲ့တာျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္အားကိုင္တြယ္ရန္ေဆြးေႏြးေနပါတယ္။

အန္တိုနီကြန္တီဟာလက္ရွိစပါးစ္အသင္းရဲ႕စုဖြဲ႕မႈအားခ်န္ပီယံဆုအတြက္မစိန္ေခၚႏိုင္မွာစိုးရိမ္ေနပါတယ္။

ဒါေပမယ့္အီတလီလူမ်ိဳးနည္းျပဟာစပါးစ္အသင္းကိုကိုင္တြယ္ပါကပရီးမီးယားလိဂ္မွာဒုတိယလုပ္ခအမ်ားဆုံးနည္းျပျဖစ္လာဖို႔ေသခ်ာေနပါတယ္။

The Mirror ရဲ႕ေဖာ္ျပခ်က္အရစပါးစ္ဥကၠဌလီဗိုင္းဟာကြန္တီအားတစ္ႏွစ္လုပ္ခေပါင္၁၅သန္းျဖင့္ကမ္းလွမ္းမႈျပဳလုပ္ထားၿပီးကစားသမားမ်ားေခၚယူအားျဖည့္ေပးမယ္လို႔ကတိျပဳထားပါတယ္။

ဒါေၾကာင့္ကြန္တီဟာစပါးစ္အသင္းနည္းျပရာထူးကိုလက္ခံလိုက္ပါကလီဗာပူးရဲ႕ဂ်ာမန္လူမ်ိဳးနည္းျပကေလာ့ပ္နဲ႔တစ္ႏွစ္လုပ္ခေပါင္၁၅သန္းျဖင့္ပရီးမီးယားလိဂ္ရဲ႕ဒုတိယလုပ္ခအမ်ားဆုံးရရွိတဲ့နည္းျပျဖစ္လာပါမယ္။

လက္ရွိအခ်ိန္မွာပရီးမီးယားလိဂ္ရဲ႕လုပ္ခအမ်ားဆုံးနည္းျပအျဖစ္မန္စီးတီးနည္းျပဂြါဒီယိုလာကတစ္ႏွစ္လုပ္ခေပါင္သန္း၂၀ျဖင့္ရပ္တည္ေနပါတယ္။

တတိယေနရာမွာလက္စတာနည္းျပဘရန္ဒန္ေရာ္ဂ်ာကတစ္ႏွစ္လုပ္ခေပါင္၁၀သန္းျဖင့္ရပ္တည္ေနပါတယ္။အဆင့္၄ေနရာမွာလိဒ္နည္းျပမာဆယ္လိုဘီရဲလ္ဆာကေပါင္၈သန္းျဖင့္ရပ္တည္ေနပါတယ္။မန္ယူနည္းျပဆိုးလ္ရွားကတစ္ႏွစ္လုပ္ခေပါင္၇.၅သန္းျဖင့္အဆင့္၅ေနရာမွာရပ္တည္ေနပါတယ္။ခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ကတစ္ႏွစ္လုပ္ခေပါင္၇သန္းရရွိေနပါတယ္။